ဒီနေ့အတွက်စကား

Really Useful People Are Honest People.


Listen Later

  လောကမှာဘယ်နေရာမှ အသုံးမဝင်တဲ့လူရယ်လို့ မရှိပါဘူး။ တစ်ဦးတစ်ယောက်အတွက်“သို့မဟုတ်” တစ်နေရာရာမှာတော့အသုံးဝင်စမြဲပါပဲ။  တချို့က ပညာတတ်လို့ ငွေကြေးချမ်းသာလို့  အသိုင်းအဝိုင်းကောင်းလို့ရုပ်ရည်လှပလို့ စကားပြောကြွယ်ဝလို့ ဆိုပြီး ဒီလို စသည် စသည့်အကြောင်းတွေကြောင့်အသုံးဝင်ကြ  နေရာတွေ ရတတ်ကြပါတယ်။ သေချာစဉ်းစားကြည့်တဲ့အခါ ကျတော့ ဒါတွေကအကန့်အသတ်တစ်ခုရဲ့ ဘောင်အတွင်းမှာပဲ အသုံးဝင်နိုင်တာပါ။ တကယ်တော့ လောကကြီးမှာဘယ်တော့ မှ  တန်ဖိုးကျမသွားတာက ရိုးသားမှုဆိုတဲ့ ဂုဏ်ဖြစ်ပြီးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်အသုံးဝင်တာက အမှန်တကယ် ရိုးသားတဲ့သူ တွေပါ။                                                             ကျွန်တော်တို့တွေ ဘယ်အခြေအနေရောက်ရောက် ရိုးသားကြမယ်။ဘယ်လိုအခက်အခဲမျိုးတွေ ကြုံကြုံ ရိုးသားမှုကို မစွန့်လွှတ်ဖို့ လိုတယ်။ ဆင်းရဲရဲချမ်းသာသာ  ဖြူဖြူ မည်းမည်း မဖြစ်မနေ ရိုးသားနေဖို့ လိုတယ်။ ချစ်တဲ့သူတွေကပျော်ရွှင်စရာတွေ ပေးမယ်။ မုန်းတဲ့သူတွေက  စိတ်ညစ်စရာတွေ ပေးမယ်။ဘာပဲဖြစ်ဖြစ် ကိုယ်က အမြဲ ရိုးသားနေရမယ်။ လိုတဲ့သူတွေက  လက်တွဲခေါ်မယ်။ မလိုတဲ့သူတွေကတွန်းချကြလိမ့်မယ်။ မိတ်ဆွေတွေက  အားပေးကြလိမ့်မယ်။ ရန်သူတွေကနှောက်ယှက်ကြလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် ရိုးသားမှုကို လက်ကိုင်ထားရမယ်။                                                                                                                     

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM