Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

ရွှံ့နွံကြားမှ ပေါက်ဖွားလာသော သဇင်


Listen Later

သဇင်ဟု အမည်ကြားလျှင် မြန်မာအမျိုးသမီးတို့ အမြတ်တနိုးပန်ကြသော ပင်မြင့်စံ။ ကျတော်တို့၏ နွေဦးတော်လှန်ရေး သဇင်ကား ထို့သို့မဟုတ်။ အေးချမ်းသောဘ၀မှနေ၍ မတရားမှုကို ဆန့်ကျင်ရင်း စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများကြားမှ ပေါက်ဖွားလာသော သဇင်ပင်ဖြစ်ပါသည်။

တိုင်ပင်မကိုက်သော စစ်ဖိနပ်သံများကား စက်ရုံလိုင်းတန်းအတွင်း ခပ်သွက်သွက်ကြားနေရသည့်အချိန်တွင် မသဇင် ဟန်မပျက် အလုပ် ဆက်လုပ်နေသည်။ သို့သော် သူမ၏ အနီးဆုံးနေရာတွင် စစ်ဖိနပ်သံများငြိမ်သက်သွားပြီး ခက်အပ်အပ်အသံဖြင့် ခေါ်သံကို ကြားလိုက်ရသည်။ မသဇင် စက်ရုံရုံးခန်းကို ခဏခဲ့ပါဟူသောစကားဖြင့် သူမပင်မမှတ်မိလောက်သော ဆန္ဒပြဓာတ်ပုံများဖြင့် အသင့်စောင့်နေသော ရဲကားပေါ်တင်သွားတော့သည်။ ချွေးသိပ်ခဲ့သော စကားလုံးများကား ခေတ္တမေးမြန်းရန်ဟူသော ခေါင်းစဉ်ဖြင့်၊ လာခေါ်သည်ကား ရဲနှင့်စစ်သားများသာ။ အမျိုးသမီးတစ်ယောက်ကို လာဖမ်းချိန်တွင် ရဲမေ စစ်သမီးတို့၏ အရိပ်အယောင်ပင်မရှိပေ။

အတက်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်လုပ်ရင်း ရဲစခန်းတနေရာသို့ ပါသွားခဲ့သည်။ သို့သော် ထိုမျှနှင့်မပြီး၊ အခန်းကျဉ်းတခန်းအတွင်းရှိ ထိုင်ခုံတခု‌ပေါ် လက်နောက်ပြန်လက်ထိပ်ခက်ထားရင်း မေးခွန်းများထရပ်စပ်မေးတော့သည်။ နောက်ဆုံး လိုချင်သောအဖြေကားမရသည့်အချိန်တွင် စစ်သားတစ်ယောက်က အရှိန်ဖြင့် ပြေးကန်ချက်တွင် မသဇင်တစ်ယောက် သတိမေ့ သွားခဲ့တော့သည်။ ဝုန်းကနဲ အသံကြားရပြီး အေးခဲစပ်ဖျင်းမှုတို့ဖြင့် သတိရလာရင်း စစ်ကြောရေးပို့မယ်ဟူသောအသံကြားလိုက်ရသည်။ သူမ ဘာမှတွေးမနေတော့။ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းရင်း တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိတော့သည်။

သို့သော် သူမကံကောင်းသည်။ စစ်ကြောရေးစခန်းများ မအားလပ်၍ ထောင်ချဖို့ပြင်ဆင်တော့မည်ဟုကြားရသည်။ ဤသို့ဖြင့် နွေဦးသဇင်တစ်ယောက် အင်းစိန်အကျဉ်းထောင်ဆီသို့ ခြေလှမ်းစခဲ့ရတော့သည်။ အင်းစိန်ထောင်တွင် သူမ တန်းစီးဖြစ်ခဲ့သည်။ အကျဉ်းခန်းထဲက ဘ၀တွေကို ကြိုးစားဖေးမခဲ့သည်။ သူမကြိုးစားရုန်းကန်ခဲ့သမျှကို ကျနော်တို့ #တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်podcast တွင် ရင်ဖွင့်ပြောပြခဲ့ပါတယ်။ အောက်က link ကို နိုပ်ပြီး ၀င်ရောက်နားဆင်နိုင်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)By Insight Myanmar

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

View all
Insight Myanmar by Insight Myanmar Podcast

Insight Myanmar

51 Listeners