ရုပ်ရှင်သောတဆင်

ရုပ်ရှင်သောတဆင်

By Cinema BoulevardTV & Film
Download on the App Store

All ရုပ်ရှင်သောတဆင် episodes

  • NAZA: လူမျိုးတုံးသတ်ဖြတ်ရေးစနစ်ကို လှစ်ဟာပြတဲ့ ပြတင်းတစ်ချပ်

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၁၀) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ၂၀၂၆ ခုနှစ်အတွင်း လူပြောများနေတဲ့ မှတ်တမ်းရုပ်ရှင်သစ် NAZA ထဲက အစ္စရေးစစ်သား ၂၄ ဦးရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကနေတဆင့် ဂါဇာမှာ AI နဲ့ ပစ်မှတ်တွေ ရွေးချယ်ပုံ၊ အရပ်သားအသက်တွေကို ကိန်းဂဏန်းတစ်ခုအဖြစ် တွက်ချက်နေပုံနဲ့ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

    သတိပြုရန်: ဒီအပိုင်းမှာ စစ်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားသေဆုံးမှုအကြောင်း ဆွေးနွေးထားတာကြောင့် နားဆင်သူအချို့အတွက် စိတ်ထိခိုက်စရာ ဖြစ်နိုင်ပါတယ်။

    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org

    https://facebook.com/cinemaboulevardmm

    https://instagram.com/cinemaboulevardmm

    https://youtube.com/@cinemaboulevardmm


    (00:00) သတိပေးချက်

    (00:23) NAZA မှတ်တမ်းရုပ်ရှင် မိတ်ဆက်

    (03:29) "NAZA" စကားလုံးရဲ့ အဓိပ္ပာယ်

    (06:10) လူ့အသက်တွေကို ကိန်းဂဏန်းသဖွယ် သတ်မှတ်ပုံ

    (07:39) စစ်ဆင်ရေးအတွက် အသုံးပြုတဲ့ AI နည်းပညာအန္တရာယ်

    (10:30) AI က ခေတ်သစ် မန်ဟက်တန် ပရောဂျက်လား

    (14:03) သတင်းတွေအပေါ် လူတွေ ငြီးငွေ့လာမှုနဲ့ မှတ်တမ်းရုပ်ရှင်ရဲ့ အရေးပါမှု

    (17:37) မြန်မာနိုင်ငံ အခြေအနေနဲ့ နှိုင်းယှဉ်ချက်

    (18:36) နှုတ်ဆက်

    20 min
  • Possible Love: ချစ်ခြင်းမေတ္တာဟာ လူတန်းစားအလွှာကို ကျော်လွန်နိုင်ရဲ့လား

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၉) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ၂၀၂၆ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု အော်စကာဝင်ရောက်ယှဥ်ပြိုင်မယ့် Possible Love ရုပ်ရှင်ထဲက လူတန်းစားအလွှာမတူတဲ့ စုံတွဲနှစ်တွဲရဲ့ ဘဝတွေ ပွတ်တိုက်မိတဲ့အခါ မြင်သာတဲ့ ပဋိပက္ခတွေမပါဘဲ ကွာဟချက်တွေ ပေါ်ပေါက်လာပုံနဲ့ အလွှာမတူတဲ့သူတွေကြားမှာ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာဟာ ဘာကြောင့် ရှားပါးပြီး ပျက်စီးလွယ်သလဲဆိုတာကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org

    https://facebook.com/cinemaboulevardmm

    https://instagram.com/cinemaboulevardmm

    https://youtube.com/@cinemaboulevardmm


    (00:00) မိတ်ဆက်

    (01:26) ကြည့်ပြီးပြီးချင်းခံစားချက်နဲ့ လူတန်းစား သရုပ်ဖော်ပုံ

    (03:49) ဇာတ်ကောင်စုံတွဲ နှစ်တွဲ မိတ်ဆက်

    (05:32) နာရေးအခမ်းအနားကညွှန်ပြတဲ့ စုံတွဲနှစ်တွဲရဲ့ ကွာခြားတဲ့ဆက်ဆံရေး

    (08:48) အလုပ်သမား သပိတ်နဲ့ စိတ်ဒဏ်ရာ

    (12:02) မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရဲ့ လူမှုအဆင့်အတန်း

    (15:53) လက်တွေ့အလုပ်သမားဘဝ

    (20:11) မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှု စည်းဘောင်များနဲ့ အလွှာကွာဟချက်

    (24:50) မီအော့ရဲ့ အားကျမှုနဲ့ ဆန်းဝူအပေါ် အမြင်

    (28:45) လူတန်းစားအလွှာ ပွတ်တိုက်မှုနဲ့ သံသယများ

    (34:41) အပန်းဖြေအိမ်က ညွှန်ပြနေတဲ့ လူတန်းစားကွာဟချက်

    (38:46) စည်းကျော်လာတဲ့ မေးခွန်းများ

    (44:32) ဟိုဆော့ရဲ့ ပေါက်ကွဲသံနဲ့ ယယ်ဂျီရဲ့ ကင်မရာ

    (48:18) ငယ်ဘဝဇာတ်လမ်းများနှင့် အလွှာကွာခြားမှု အစစ်အမှန်

    (54:48) အလုပ်သမားသမဂ္ဂ မြင်ကွင်းနဲ့ အပေါ်ယံနားလည်မှုများ

    (59:45) ဝီစီ၊ ကိုယ်ပိုင်ကမ်းခြေနှင့် အာဏာအဆင့်အတန်း

    (01:06:05) တောထဲက မနက်ခင်းနဲ့ ပွင့်ထွက်သွားသော စိတ်ဒဏ်ရာ

    (01:09:53) ကမ်းခြေက ရေကူးခန်းနဲ့ မလွတ်လပ်သော အမှန်တရား

    (01:17:13) ဆန်းဝူရဲ့ မပြောင်းလဲတဲ့ စရိုက်နဲ့ အကျိုးဆက်

    (01:19:01) အိမ်ပြန်လမ်း၊ လမင်းကြီးနှင့် တည်ငြိမ်မှုရဲ့ အရေးပါပုံ

    (01:25:22) မေတ္တာတရားဟာ လူတန်းစားအလွှာကို ကျော်လွန်နိုင်သလား

    (01:33:01) နှုတ်ဆက်

    1 hr 34 min
  • The Odyssey ကို ဘာတွေက လက်ရာမြောက်စေခဲ့သလဲ

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၈) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ၂၀၂၆ ခုနှစ်အတွင်း လူပြောအများဆုံး ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Christopher Nolan ရဲ့ The Odyssey ကို ဘယ်အချက်တွေက လက်ရာမြောက်စေခဲ့သလဲဆိုတာ အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။

    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org

    https://facebook.com/cinemaboulevardmm

    https://instagram.com/cinemaboulevardmm

    https://youtube.com/@cinemaboulevardmm


    (00:00) မိတ်ဆက်

    (01:08) ကြည့်ပြီးပြီးချင်းခံစားချက်

    (05:40) Matt Damon ပုံဖော်တဲ့ သူရဲကောင်းမဟုတ်သော Odysseus

    (08:50) Benny Safdie ရဲ့ Agamemnon

    (11:05) Travis Scott ရဲ့အခန်းကဏ္ဍနဲ့ ရုပ်ရှင်အဖွင့်

    (13:10) Ithaca၊ Penelope နဲ့ Telemachus(

    21:30) ရှုထောင့်သစ်တစ်ခုကနေ မြင်ရတဲ့ Helen

    (31:00) Zeus’s စည်းမျဥ်းနဲ့ အိမ်ပြန်ခရီး

    (33:45) Cyclops ကျွန်း

    (41:00) ဧရာမလူသား Laestrygonians များ

    (45:30) ကြောက်မက်စရာအကောင်းဆုံး Circe ကျွန်း

    (53:50) မရဏကျွန်းမှာ ရင်ဆိုင်ရတဲ့ အမှန်တရားများ

    (1:04:30) Sirens များ

    (1:06:55) နေနတ်ဘုရားရဲ့ နွားအုပ်

    (1:09:20) Calypso ကျွန်းပေါ်က ၇ နှစ်တာ

    (1:15:15) Ithaca ကို ပြန်ရောက်ချိန်

    (1:19:40) ထရိုဂျင်မြင်းက ပြောင်မြောက်တဲ့ဗျူဟာလား၊ အမှားလား

    (1:27:30) စစ်ပွဲအကျိုးဆက် လူ့အဖွဲ့အစည်းပြိုလဲခြင်း

    (1:32:35) အစွန်း ၂ ဖက်က Antinous နဲ့ Eumaeus

    (1:41:10) Odysseus ရဲ့ လေးကြိုးသံ

    (1:46:15) အသံနဲ့ ကိုယ်စားပြုတဲ့ ဂရိနတ်ဘုရားများ

    (1:49:15) The Odyssey ရုပ်ရှင်က ပြောပြနေတဲ့ စစ်ပွဲသံသရာ

    (1:58:30) The Odyssey ဟာ ဘာကြောင့်လက်ရာမြောက်သလဲ

    (2:06:30) နှုတ်ဆက်

    2 hr 8 min
  • Primetime: ဖျော်ဖြေရေးအသွင်ပြောင်း အရိပ်မည်းများ

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၇) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က Robert Pattinson အဓိကပါဝင်ထားတဲ့ Primetime (2026) ရုပ်ရှင်က အသက်မပြည့်သေးတဲ့ ကလေးတွေကို အမြတ်ထုတ်ဖို့ ကြိုးစားသူတွေကို ဖော်ထုတ်တဲ့ အစီအစဥ်တစ်ခုဟာ အောင်မြင်မှုနဲ့ ပရိသတ်လက်ခုပ်သံနောက် ဘယ်လိုလိုက်သွားခဲ့သလဲ၊ စိတ်ခံစားချက်အသားပေးတဲ့ sensationalism သတင်းတင်ဆက်ပုံက ဘယ်လိုဆိုးကျိုးတွေရှိနေသလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org

    https://facebook.com/cinemaboulevardmm

    https://instagram.com/cinemaboulevardmm

    https://youtube.com/@cinemaboulevardmm

    Ep. 7's 11 chapters are live on the website, and the play button still shows: https://cinemaboulevard.org/podcast/ep-7/

    You can paste these into the Spotify description:


    (00:00) မိတ်ဆက်

    (00:41) Primetime ရုပ်ရှင်နောက်ခံသမိုင်း(03:07) Robert Pattinson နဲ့ Oscar အလားအလာ(10:12) ထူးခြားတဲ့ တင်ဆက်ပုံနဲ့ အရောင်များ(14:17) Primetime နဲ့အတူ ပြောင်းလဲလာတဲ့ ဦးတည်ချက်(22:06) အစီအစဥ်နောက်ကွယ်က ကျင့်ဝတ်ဆိုင်ရာ မေးခွန်းများ(33:20) ဝေလငါးဖမ်းပွဲ(48:15) Sensationalism ရဲ့ သဘောသဘာဝ(56:33) အကျိုးစီးပွား၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ ဆိုရှယ်မီဒီယာ အလေ့အထ

    (01:13:32) သတိထားဆင်ခြင်စရာများ

    (01:18:19) နှုတ်ဆက်

    1 hr 21 min
  • ပုံမှန်မဟုတ်တဲ့ "နော်မန်"

    ရုပ်ရှင်သောတဆင် Podcast ရဲ့ Halloween အထူးအပိုင်း (၆) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က သရဲတစ္ဆေတွေကို မြင်နိုင်ပြီး စကားပြောနိုင်တဲ့ ထူးဆန်းကောင်လေး Norman အကြောင်းပြောပြထားတဲ့ Laika စတူဒီယိုရဲ့ stop-motion လက်ရာ ParaNorman (2012) ရုပ်ရှင်အကြောင်း အမှတ်တရတွေကို ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဆွေးနွေးခဲ့ကြပါတယ်။


    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org

    https://facebook.com/cinemaboulevardmm

    https://instagram.com/cinemaboulevardmm

    https://youtube.com/@cinemaboulevardmm


    (00:00) မိတ်ဆက်

    (01:47) ParaNorman ကို စကြည့်ခဲ့တုန်းက အမှတ်တရများ

    (04:36) သရဲမြင်ရတဲ့ Norman ရဲ့ အထီးကျန်ဘဝနဲ့ မိသားစုဆက်ဆံရေး

    (09:03) အကောင်းဆုံးသူငယ်ချင်း Neil နဲ့ ဦးလေးရဲ့ သတိပေးချက်

    (12:18) နှစ် ၃၀၀ ကျိန်စာနဲ့ Norman ခေါင်းပေါ်ကျလာတဲ့တာဝန်

    (14:33) နိုးထလာတဲ့ Zombie တွေနဲ့ မြို့တော်ခန်းမက အလွဲများ

    (22:13) Aggie ရဲ့ ဝမ်းနည်းဖွယ် နောက်ခံသမိုင်း

    (28:17) နားမလည်နိုင်တဲ့အရာကို တိုက်ခိုက်တတ်တဲ့ လူတွေရဲ့သဘာဝ

    (40:42) LAIKA ရဲ့ Stop-Motion လက်မှုအနုပညာနဲ့ AI ခေတ်

    (50:52) LAIKA ရုပ်ရှင်သစ် Wildwood နဲ့ Stop-Motion အနာဂတ်

    (58:35) ParaNorman ရဲ့ သမိုင်းမှတ်တိုင်

    (01:00:29) နှုတ်ဆက်

    1 hr 2 min
  • လူသိပိုများသင့်တဲ့ Forgotten Island

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၅) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က DreamWorks Animation က အသစ်ထွက်ရှိလာတဲ့ Forgotten Island ရုပ်ရှင်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဖိလစ်ပိုင် ဒဏ္ဍာရီအငွေ့အသက်တွေနဲ့ Alice in Wonderland၊ The Hangover နဲ့ Eternal Sunshine of the Spotless Mind ရုပ်ရှင်တို့ကို ပေါင်းစပ်ထားသလို ခံစားရတဲ့ ဒီအန်နမေးရှင်းရုပ်ရှင်ဟာ ကြည့်ပျော်ရုံထက် အများကြီးပိုတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး လူသိပိုများဖို့ ဘာကြောင့်ထိုက်တန်တယ်ဆိုတဲ့အကြောင်းကို ဒီအပိုင်းမှာ နားဆင်ရမှာပါ။


    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။


    https://cinemaboulevard.org


    https://facebook.com/cinemaboulevardmm


    https://instagram.com/cinemaboulevardmm


    https://youtube.com/@cinemaboulevardmm


    (00:00) မိတ်ဆက်


    (01:10) ကြည့်ပြီးပြီးချင်းခံစားချက်


    (02:04) ရုပ်ရှင်ထဲက ဖိလစ်ပိုင်ယဥ်ကျေးမှုများ


    (07:11) Jo နဲ့ Raissa ရဲ့သူငယ်ချင်းဆက်ဆံရေး


    (12:15) အမေ့လျော့ခံကျွန်းကို အလည်တစ်ခေါက်


    (14:32) အထာကျတဲ့သမန်းခွေးအပေါ်အမြင်


    (17:23) ရုက္ခစိုး Batiba နဲ့ မှတ်ဉာဏ်အလဲအထပ်


    (24:40) အမြင်ဆန်းသစ်တဲ့ ဇာတ်ပို့များ


    (31:18) ဖိလစ်ပိုင်ဒဏ္ဍာရီထဲက Manang


    (40:25) တကျော့ပြန် Batiba နဲ့ မှတ်ဉာဏ်တွေအလုပ်လုပ်ပုံ


    (49:20) အသက်ကြီးလာတာနဲ့အမျှ ဝေးကွာလာတဲ့ သူငယ်ချင်းများ


    (56:30) အန်နမေးရှင်းရုပ်ရှင်တွေထဲက အရှေ့တောင်အာရှ


    (01:04:50) ဒီရုပ်ရှင်က လူသိမနည်းခဲ့သင့်ဘူး


    (01:08:26) နှုတ်ဆက်

    1 hr 10 min
  • The Invite: ထုတ်မပြောဖြစ်တဲ့ စကားများကို ဖိတ်ခေါ်ခြင်း

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၄) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က The Invite (2026) ရုပ်ရှင်ထဲက Joe နဲ့ Angela ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်စီရဲ့ ရှုထောင့်ကနေတဆင့် ဇာတ်ကွက်တစ်ခုချင်းစီ အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြပြီး ဒီနေ့ခေတ် ချစ်သူ၊ အိမ်ထောင်ဖက်တွေကြားက ထုတ်ဖော်မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ နားထောင်မပေးခံရတဲ့ ခံစားချက်တွေနဲ့ ဆေးမြီးတိုဆက်ဆံရေးတွေအကြောင်းကို ကိုယ်ပိုင်အတွေ့အကြုံ၊ အတွေးအမြင်တွေနဲ့ ဆက်စပ်ပြီး ပြောဆိုခဲ့ကြပါတယ်။


    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။


    https://cinemaboulevard.org
    https://facebook.com/cinemaboulevardmm
    https://instagram.com/cinemaboulevardmm
    https://youtube.com/@cinemaboulevardmm


    (00:00) မိတ်ဆက်


    (01:28) အဖွင့်စာသား အတွေးအမြင်


    (03:40) ရုပ်ရှင်အဖွင့်


    (09:34) သက်တမ်းရှည်စုံတွဲတွေ ဘာကြောင့်ကြည်နူးမှုပျောက်ဆုံး


    (13:05) ညစာအကြိုရန်ပွဲ


    (18:04) အပြင်လူတွေဆီက ရှာဖွေနေတဲ့ အသိအမှတ်ပြုမှု


    (24:56) ပြဿနာဖြေရှင်းပုံကွာတဲ့ အမျိုးသားနဲ့ အမျိုးသမီး


    (31:02) အလျှော့မပေးချင်ကြတဲ့ ဒီနေ့ခေတ်ဆက်ဆံရေးများ


    (38:28) အိမ်ရှင်နဲ့ ဧည့်သည်စုံတွဲ ကွာခြားချက်များ


    (44:53) အသက်အရွယ်အလိုက် ပြောင်းလဲမှုများ၊ ဖိအားများ၊ မျှော်လင့်ချက်များ


    (51:26) အိမ်နီးချင်းစုံတွဲရဲ့ လျှို့ဝှက်ချက်


    (55:40) စုံတွဲတွေကြားက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ


    (01:05:38) အိမ်နီးချင်းစုံတွဲက ကမ်းလှမ်းတဲ့ထွက်ပေါက်


    (01:10:51) ဆေးမြီးတိုဆက်ဆံရေးများ


    (01:26:42) အတိတ်နေ့ရက်များကို ပြန်တူးဆွတဲ့အခါ


    (01:32:08) ကိုယ့်မပျော်ရွှင်မှုတွေကို ဘာကြောင့်သူများလက်ညိုးထိုး


    (01:41:28) ဘယ်လိုပြန်စတင်ကြမလဲ


    (01:49:58) The Invite ရဲ့အဓိပ္ပါယ်


    (01:53:21) The Invite ကို ဘာကြောင့်ကြည့်သင့်သလဲ


    (01:57:10) နှုတ်ဆက်

    1 hr 58 min
  • မျှော်လင့်ချက်မဲ့ခဲ့တဲ့ Hope (2026)

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၃) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ဒါရိုက်တာ Na Hong-jin ရဲ့ ၁၀ နှစ်အကြာ တကျော့ပြန် Hope (2026) ရုပ်ရှင်အပေါ် စိတ်မကျေမနပ်ဖြစ်ရတဲ့အကြောင်းအရင်းတွေကို ဆွေးနွေးခဲ့ကြသလို ရုပ်ရှင်ထဲမှာ အဖြေမပေးဘဲ ချန်ထားခဲ့တဲ့ မေးခွန်းတွေကိုလည်း ကြိုးစားအဖြေရှာကြည့်ခဲ့ကြပါတယ်။


    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org


    https://facebook.com/cinemaboulevardmm


    https://instagram.com/cinemaboulevardmm


    https://youtube.com/@cinemaboulevardmm


    (00:00) မိတ်ဆက်

    (00:33) ကြည့်ပြီးပြီးချင်း ခံစားချက်

    (01:13) မြို့နာမည်ရဲ့ထူးခြားချက်

    (03:12) ရုပ်ရှင်ရဲ့ ပထမ ၁ နာရီအကြောင်း

    (09:05) ဂြိုလ်သား CGI အပေါ်အမြင်

    (14:35) ဂြိုလ်သားကလေးလေးမိတ်ဆက်

    (21:03) ဂြိုလ်သားတစ်ယောက်စီရဲ့ အခန်းကဏ္ဍ

    (29:54) အဖြေမရှိသွားတဲ့မေးခွန်းများ

    (37:41) လူတွေ၊ ဂြိုလ်သားတွေနဲ့ ဒါရိုက်တာအမြင်တွေ

    (50:48) ဇာတ်ကောင်ချဥ်းကပ်မှု

    (53:43) မတင်မကျအက်ရှင်ဇာတ်ဝင်ခန်းများ

    (01:03:19) ပျက်ကျလာတဲ့ ယာဥ်ပျံကြီးနဲ့ မေးခွန်းတွေ ပိုများလာတဲ့ ဇာတ်သိမ်း

    (01:13:14) အဆက်ထွက်မလား

    (01:22:38) ရှားရှားပါးပါး အားသာချက်များ

    (01:30:43) အဆုံးသတ်အတွေးနဲ့ မားကတ်တင်းအလံနီများ

    (01:36:50) နှုတ်ဆက်

    1 hr 38 min
  • စိတ်ကျေနပ်ရတဲ့ Spider-Man: Brand New Day

    ရုပ်ရှင်သောတဆင် ပေါ့ဒ်ကတ်စ်ရဲ့ အပိုင်း (၂) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က မကြာသေးခင်က ဒစ်ဂျစ်တယ်ထွက်ရှိလာခဲ့တဲ့ Spider-Man: Brand New Day ရုပ်ရှင်အပေါ် အတွေးအမြင်တွေနဲ့ အနာဂတ် Spider-Man ရုပ်ရှင်တွေအတွက် မျှော်လင့်ချက်တွေကို ဆွေးနွေးခဲ့ကြသလို နောက်ဆုံးမှာ ကိုယ်အကြိုက်ဆုံး Live-Action Spider-Man သရုပ်ဆောင်ကိုလည်း ကိုယ်စီရွေးချယ်ခဲ့ကြပါတယ်။


    Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။

    https://cinemaboulevard.org

    https://facebook.com/cinemaboulevardmm

    https://instagram.com/cinemaboulevardmm

    https://youtube.com/@cinemaboulevardmm


    (00:00) ကြည့်ပြီးပြီးချင်းခံစားချက်

    (01:28) Peter Parker ရဲ့ အထီးကျန်ဆန်မှု

    (05:25) Tom Holland ရဲ့ ရင့်ကျက်လာတဲ့ သရုပ်ဆောင်ပုံ

    (08:08) Peter နှင့် MJ တို့ရဲ့ ဆက်ဆံရေး

    (18:44) Ned နှင့် ပြန်လည်ဆုံတွေ့ခြင်း

    (21:44) Street-Level ရန်သူများ

    (23:33) Bruce Banner / The Hulk ရဲ့ အခန်းကဏ္ဍ

    (26:31) အမိုက်စား Action အခန်းများ

    (33:28) MCU ထဲက Jean Grey

    (35:06) Jean Grey ရဲ့ ရည်ရွယ်ချက်နှင့် လုပ်ရပ်များ

    (41:18) Spider-Man ရဲ့ ရန်သူများ

    (47:24) အထက်တန်းကျောင်းသားဘဝကို ကျော်လွန်ပြီး ရင့်ကျက်လာပုံ

    (51:41) New York မြို့ပြမြင်ကွင်းများနှင့် ဒါရိုက်တာရဲ့ ရိုက်ကူးတင်ဆက်မှု

    (57:24) Post-Credits Scene အပေါ်အမြင်

    (01:01:05) Spider-Man ရဲ့ အနာဂတ်နှင့် Miles Morales ပါဝင်လာနိုင်ခြေ

    (01:06:55) ဘယ်သူက အကောင်းဆုံး Live Action Spider-Man လဲ

    (01:13:26) နှုတ်ဆက်

    1 hr 15 min
  • ခင်ဗျားကြည့်နေတာ ရုပ်ရှင်မဟုတ်တော့ပါ

    ရုပ်ရှင်သောတဆင် Podcast ရဲ့ ပထမဆုံးအပိုင်းမှာ အခုနောက်ပိုင်း Facebook, YouTube နဲ့ TikTok တို့မှာ လူကြည့်များ ရေပန်းစားလာတဲ့ ရုပ်ရှင် Recap (Movie Recap) တွေအကြောင်း အတွေးအမြင်တွေ၊ ကောင်းကျိုး ဆိုးကျိုးတွေကို Cinema Boulevard က အလွတ်သဘော တင်ဆက်လိုက်ပါတယ်။


    Cinema Boulevard က ဒီနေရာတွေမှာ အမြဲရှိနေပါတယ်။

    https://linktr.ee/cinemaboulevardmm

    18 min