Podcast For Change

သဘာဝဘေးနဲ့ လူလုပ်ဘေး


Listen Later

အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။ ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုက သဘာဝဘေးတွေ အဆင့်ဆင့်ဖြတ်သန်းလို့ လာခဲ့ရတဲ့ သမိုင်းနောက်ခံရှိကြောင်း ပညာရှင်တွေ သက်သေပြကြတယ်။ အခုဆို သဘာဝဘေးတွေက အကြိမ်ရေပိုစိပ်လာတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီကြားထဲ လူသားတွေဖန်တီးလို့ဖြစ်ရတဲ့ လူလုပ်ဘေးတွေက မြွေပူရာကင်းမှောင့်ဖြစ်စေပါတယ်။ သဘာဝကိုပိတ်ဆို့၊ တူးဖော်၊ ပြုပြင်၊ ဖျက်ဆီးကြတဲ့ လူလုပ်ဘေးတွေအပြင် နောက်ထပ်ဘေးတစ်ခုကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေရဲ့ဘေး ဖြစ်ပါတယ်။ အခုအပိုင်းမှာ လူလုပ်ဘေးနဲ့ သဘာဝဘေးတို့ ကြုံဆုံလာခဲ့ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို နားဆင်ကြရမှာပါ။ နဂိုကမှ ဘယ်မှာမြှုပ်ထားမှန်း ရေရေရာရာမသိနိုင်တဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ရေဘေး၊ ငလျင်ဘေးတွေကြုံရတဲ့အခါ ပဟေဠိအစစ်ဖြစ်သွားတတ်ပုံနဲ့...
...more
View all episodesView all episodes
Download on the App Store

Podcast For ChangeBy Burma Podcast Network