SBS Learn English Burmese

SBS Learn English Burmese

Download on the App Store

SBS Learn English Burmese episodes

  • #59 Talking about cooking (Med) - #၅၉ ချက်ပြုတ်တဲ့အကြောင်း ပြောဆိုခြင်း
    Learn how to talk about cooking and sharing recipes. - ဒီအစီအစဥ်မှာတော့ ချက်ပြုတ်တဲ့အကြောင်း ပြောဆိုခြင်းကို လေ့လာရမှာဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး ချက်နည်းပြုတ်နည်းတွေကို ဖလှယ်တဲ့အခါမှာ ပြောနိုင်တဲ့ အသုံးအနှုန်းတွေကို လေ့လာနိုင်ပါတယ်။
    13 min
  • #58 How to say 'no' at work (Adv) - #၅၈ အလုပ်မှာ ဘယ်လို ငြင်းဆန်မှု လုပ်နိုင်သလဲ
    Learn how to professionally and politely decline additional workload. - လူတစ်ဦးဦးက ဒါလေးလုပ်ပေးပါဦးလို့ ပြောလာရင် ငြင်းဆန်မှုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်၊ အထူးသဖြင့် အဲဒီလို ပြောလာတဲ့လူက ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် အလုပ်ရှင် ဖြစ်နေရင် ပိုပြီး ခက်ခဲနိုင်ပါတယ်။ အဲဒီတော့ ယဥ်ကျေးစွာ၊ ရှင်းလင်းစွာနဲ့ ဒေါသသံ မပါတဲ့နည်းနဲ့ ဘယ်လို ငြင်းဆန်မှု လုပ်နိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါပြီ။
    15 min
  • #72 Talking about which team sport to join (Med) - #၇၂ အဖွဲ့နဲ့ ဆော့ရတဲ့ အားကစားအကြောင်း ပြောဆိုခြင်း
    Learn how to describe social team sports and choose one that is right for you. - အသင်းနဲ့ ကစားရတဲ့ အားကစားအကြောင်းတွေကို ဘယ်လို ပြောဆိုနိုင်သလဲ၊ ဘယ်လို အားကစားမျိုးက သင်နဲ့ ကိုက်ညီသလဲ ဆိုတဲ့ အကြောင်း ပြောဆိုကြတာကို လေ့လာနိုင်ပါတယ်။
    14 min
  • #71 Talking about being scammed (Med) - #၇၁ လိမ်ညာခံရသည့်အကြောင်း ပြောဆိုခြင်း
    Learn how to communicate about suspicious messages and scams. - သံသယဖြစ်ဖွယ်ရာ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေနဲ့ တခြား လိမ်ညာခြင်းအကြောင်းတွေကို ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါပြီ။
    14 min
  • #57 Talking about ageing (Med) - #၅၇ အသက်အရွယ်အကြောင်း ပြောဆိုခြင်း
    Learn fun phrases you can use to describe the process of growing older. - အသက်ကြီးလာတဲ့ ဖြစ်စဥ်အကြောင်းနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ ရီစရာ ပြုံးစရာ အသုံးအနှုန်းတွေ သုံးပြီး ပြောဆိုနိုင်ပါတယ်။
    15 min
  • #56 Organising a party (Med) - #၅၆ ပါတီပွဲကျင်းပဖို့ စီစဥ်ခြင်း
    Learn how to talk about having a party. - ပါတီပွဲနဲ့ ပတ်သက်ပြီး အသုံးပြုတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို လေ့လာနိုင်ပါတယ်။ ပါတီပွဲမှာ အိမ်ရှင်အဖြစ် ကျင်းပနေတယ်ဆိုတာကို ပြောချင်ရင် I’m throwing/chucking/hosting a party ဆိုပြီး ပြောနိုင်ပါတယ်။
    12 min
  • #55 Describing personal relationships (Med) - #၅၅ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုခြင်း
    Learn how to describe different types of romantic relationships - အချစ်ရေးနဲ့ ပတ်သက်ပြီး မိမိရဲ့ အချစ်ရေးက ဘယ်လို အနေအထား ရှိသလဲ ဆိုတဲ့အကြောင်းတွေကို လေ့လာနိုင်ပါတယ်။ မိမိရဲ့ အချစ်ရေးက ခဏလေးပဲ တွေ့ကြရသေးတဲ့ အဆင့်လား၊ လူသိရှင်ကြား တွဲကြတဲ့အဆင့်လား၊ လက်ထပ်ဖို့ အသင့်ဖြစ်နေတဲ့ အဆင့်လား ဆိုတာနဲ့ ပတ်သက်ပြီး အချစ်ရေးအဆင့်ဆင့် အကြောင်းကို ဘယ်လို ပြောနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
    15 min
  • #54 How to talk about predictions (Med) - #၅၄ ခန့်မှန်းခြေ၊ ဟောကိန်းတွေအကြောင်း ပြောဆိုခြင်း
    Learn how to speculate and make predictions about the future. - အနာဂတ်အတွက် ခန်းမှန်းခြေတွေ၊ ဟောကိန်းတွေအကြောင်း ဘယ်လို ပြောနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ “အတိအကျတော့ ပြောဖို့ခက်တယ် ဒါပေမယ့်.....” ဆိုတာတွေ၊ “တစ်ခုဖြစ်နိုင်ခြေ ရှိတာက....” ဆိုတဲ့ အသုံးအနှုန်းနဲ့ “ငါတော့ အံ့သြမိမှာ မဟုတ်ဘူး အကယ်လို့......” စတဲ့ အသုံးအနှုန်းမျိုးကို သုံးနိုင်တဲ့အကြောင်းကို လေ့လာနိုင်ပါတယ်။
    14 min
  • #70 Talking over a BBQ (Med) - #၇၀ BBQ စကားဝိုင်း
    Learn how to describe cooking at a barbecue. - Barbecue (BBQ) မှာ အစားတွေကို ကင်စား ချက်ပြုတ်ကြတဲ့အကြောင်း ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ အဲဒီ ကြက်သား ကျက်လောက်ပြီ ထင်တယ်၊ အညပ်လေးကို ဒီဖက် ကမ်းပေးပါဦး၊ အဲဒါလေး တူးမသွားအောင် တဖက် လှန်ပေးပါဦး၊ ကြက်သွန်နီ ထည့်ဦးမလား စသည်ဖြင့် BBQ ဝိုင်းမှာ ပြောတတ်ကြတဲ့ အသုံးအနှုန်းတွေကို လေ့လာနိုင်ပါတယ်။
    11 min
  • #53 How to give encouragement (Med) - #၅၃ အားပေးစကား ဘယ်လို ပြောဆိုမလဲ
    Learn how to encourage someone and make them feel good and motivated. - လူတစ်ဦးဦးကို စိတ်ဓာတ်တက်ကြွလာအောင်၊ စိတ်ချမ်းသာအောင် ဘယ်လို ပြောဆိုနိုင်သလဲ။ “ဒါကို လုပ်ခြင်းအားဖြင့် ဘာနစ်နာဆုံးရှုံးမှာမို့လို့လဲ စမ်းကြည့်လိုက်ပါ”၊ “နင့်နောက်မှာ ငါရှိပါတယ်ကွာ”၊ “တစ်လှမ်းခြင်းလှမ်းရင် ပန်းတိုင်ရောက်မှာပါ” စတဲ့ အားပေးစကားတွေကို လေ့လာနိုင်ပါတယ်။
    13 min

About SBS Learn English Burmese

From the publisher's feed

အင်္ဂလိပ် စကားတိုးတက်အောင်လုပ်ဆောင်နိုင်သလို ဩစတြးလျံရဲ့ ရိုးရာယဥ်ကျေးမှုကိုလည်း တခါတည်း လေ့လာနိုင်ပါတယ်။ အင်္ဂလိပ်စကားကို ကြိုက်တဲ့အချိန်မှာ လေ့လာနိုင်အောင် လုပ်ဆောင်ပေးထားသလို…