Podcast for Well Being

သိမ်မွေ့စွာနားထောင်နည်း


Listen Later

စိတ်ကျန်းမာရေး ထိခိုက်နေသူတစ်ယောက်ကို ဘယ်လိုပံ့ပိုးပေးမလဲ? ဒီအပိုင်းမှာတော့🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူတစ်ဦးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ?🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူပြောတဲ့ အကြောင်းအရာတွေကို ဘယ်လိုနားထောင်ပေးရမလဲ?🎙ကူညီပေးလိုသူတွေက ဘာတွေသတိပြုဖို့ လိုအပ်သလဲဆိုတာတွေကို Counselling Psychologist ဆရာမ Agnes က တင်ဆက်ထားပါတယ်။ နားဆင်သူမိတ်ဆွေတို့လည်း စိတ်ထိခိုက် နာကျင်နေရသူ မိသားစု/သူငယ်ချင်း တွေကို ဘယ်လိုကူညီ နားထောင်ပေးလေ့ရှိကြလဲဆိုတာကို Comment မှာ အတွေ့အကြုံမျှဝေပေးသွားလို့ရပါတယ်။ Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
...more
View all episodesView all episodes
Download on the App Store

Podcast for Well BeingBy Burma Podcast Network