Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about Podcast for Well Being:How many episodes does Podcast for Well Being have?The podcast currently has 4 episodes available.
January 17, 2026ကြင်နာတဲ့အိပ်ဆေးပေးရပါရင်“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုလို့ရှိရင် လာဘ်ရဖို့အတွက် အဓိက မောင်းနှင်အားတစ်ခုက “အိပ်စက်ခြင်း” ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ။ မိတ်ပေါင်းဆွေသဟာတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ဆိုရင် အိပ်ပျော်ဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်ထွေးတွေ၊ မချစ်သူနဲ့ပေါင်း၊ ချစ်သူနဲ့ကွဲ၊ ချစ်သူကိုမရသေးသူအပေါင်းရဲ့ ဒုက္ခတွေကိုလည်း အိပ်စက်ခြင်းနဲ့ ခဏတဖြုတ် စိတ်ပြောင်းအားဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစိတ်တွေဖြစ်နေရင် ဘယ်အိပ်လို့ပျော်ပါ့မလဲ။ အဲ့တာဆို ဒီအပိုင်းကို နားထောင်လိုက်ပါ။ ဒီအပိုင်းမှာ အိပ်မပျော်တဲ့ကိစ္စကို ကျော်လွှားအောင်မြင်နည်းအမျိုးမျိုးကို နားထောင်ကြရမှာဖြစ်ပါတယ်။ ဆရာမ Agnes နဲ့ Serenity ရဲ့ စေတနာပါပါ လက်တွေ့ကျကျအကြံပြုချက်တွေ၊ ကိုယ်တိုင်အိပ်စက်ခြင်းကိစ္စကို ကျော်ဖြတ်ပုံတွေကို ပြောပြထားပါတယ်။ အားလုံးအိပ်ပျော်ညတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။ Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက်......more19minPlay
November 22, 2025သိမ်မွေ့စွာနားထောင်နည်းစိတ်ကျန်းမာရေး ထိခိုက်နေသူတစ်ယောက်ကို ဘယ်လိုပံ့ပိုးပေးမလဲ? ဒီအပိုင်းမှာတော့🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူတစ်ဦးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ?🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူပြောတဲ့ အကြောင်းအရာတွေကို ဘယ်လိုနားထောင်ပေးရမလဲ?🎙ကူညီပေးလိုသူတွေက ဘာတွေသတိပြုဖို့ လိုအပ်သလဲဆိုတာတွေကို Counselling Psychologist ဆရာမ Agnes က တင်ဆက်ထားပါတယ်။ နားဆင်သူမိတ်ဆွေတို့လည်း စိတ်ထိခိုက် နာကျင်နေရသူ မိသားစု/သူငယ်ချင်း တွေကို ဘယ်လိုကူညီ နားထောင်ပေးလေ့ရှိကြလဲဆိုတာကို Comment မှာ အတွေ့အကြုံမျှဝေပေးသွားလို့ရပါတယ်။ Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။...more12minPlay
September 19, 2025ခေတ်သစ်ကမ္ဘာထဲ စိတ်ကြည်စေSocial media သုံးပြီး ဝမ်းသာတာ၊ စိတ်မကောင်းဖြစ်တာ၊ ပျော်တာ၊ ဒေါသထွက်တာ စသဖြင့် စိတ်ခံစားချက်မျိုးစုံကို မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြရပါတယ်။ အခုလို ခံစားချက်တွေ တက်လိုက် ကျလိုက်နဲ့ ရှုပ်ထွေးနေတာက မိတ်ဆွေတို့ သတိမထားမိလိုက်ချိန်မှာပဲ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးအပေါ်ကို အကျိုးသက်ရောက်မှုတွေ ရှိလာစေပါတယ်။ မိတ်ဆွေတို့ ကျန်းမာ အကျိုးများစေရန် ရည်ရွယ်ပြီး BPN က ထုတ်လုပ်ထားတဲ့ Podcast for Well Being ကဏ္ဍရဲ့ အပိုင်း (၂) မှာ သတင်းအချက်အလက်တွေကို ဘယ်လိုစစ်ထုတ်ကန့်သတ်ကြမလဲ ဆိုတာကို Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes က......more9minPlay
July 19, 2025ကိုယ့်ကိုယ်ကို အလေးဂရုပြုခြင်းမိတ်ဆွေတို့ရေ မာလာရှမ်းကောစားပြီး Self Care လုပ်၍ သူငယ်ချင်းတစ်စု အစာအိမ်နာသွားခြင်း၊ အရမ်းတော်သောကြောင့် မိမိကိုယ်ကို ဖုန်းအသစ် လက်ဆောင်ဝယ်ပေးလိုက်ရာ အိမ်လခ ပေးစရာမရှိတော့ခြင်း ဆိုတာမျိုးတွေရော ကြုံဖူးကြလား? မိမိရဲ့ စိတ်/ရုပ် ကျန်းမာခြင်းကို အချိန်ပေး ဂရုစိုက်ခြင်းဆိုတာ အရေးကြီးတဲ့ကိစ္စပါ ။ ဒါလုပ်သင့်ပါတယ်။ ဒါပေမယ့် ဘယ်လို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မလဲ သိထားမှ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မယ်၊ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့ စိတ်ခွန်အား၊ ရုပ်ခွန်အား ရှိကြမှာပါ။ စိတ်ဖိစီးနေသော BPN ပရိသတ်များ Podcast နားထောင်ခြင်းဖြင့် အကျိုးများစေဖို့ ရည်ရွယ်ပြီး BPN ဝိုင်းတော်သားတွေက Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling......more22minPlay
FAQs about Podcast for Well Being:How many episodes does Podcast for Well Being have?The podcast currently has 4 episodes available.