
Sign up to save your podcasts
Or


ဒီတစ်ခါမှာတော့ ပေါက်ကွဲမှုကို ရိုက်တဲ့ ရိုက်ကွင်း မြင်ကွင်းနဲ့ ခရီးကအပြန် နှုတ်ဆက်ချိန် ခံစားချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
ဝန်ဂျီအန်း အပိုင်း (၂) လာပါပြီ။
ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံက ရိုက်ကွင်းတစ်ခုထဲကို ခေါ်သွားမှာပါ။ ရိုက်ကွင်းထဲမှာ ဘာတွေ ထူးခြားတာရှိလဲဆိုတာ နားဆင်ကြည့်ကြပါဦးခင်ဗျာ။
Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
“ကျွန်တော့်သူငယ်ချင်းနာမည်က သာဟဲစကီးတဲ့…။တစ်ရက်တော့ ကျွန်တော့် မက်ဆင်ဂျာက "ကတောင်" ဆိုပြီး နိုတီတက်လာတယ်။ သာဟဲစကီးဆီက စာဝင်လာတာ။ ဖွင့်ကြည့်လိုက်တော့ link လေးတစ်ခု။ Wiki link ဖြစ်နေတယ်။ ဝင်ကြည့်လိုက်တော့ Squid Game Season-2 ထဲက မင်းသမီးတစ်ယောက်ရဲ့ပုံနဲ့ သူ့ wiki ကို သာဟဲစကီးက စာရိုက်ပြီး ထပ်ပို့လာတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ အားအောင်လုပ်ထားနော်။ သူ့နဲ့ဆုံကြမယ်တဲ့။ " ဟင် . . . ဘယ်လို . . . " ကျွန်တော် ဘာပြန်ပြောရမလဲမသိ ဖြစ်သွားတယ်။ သူ စ နေတယ်ပဲ ကျွန်တော် ထင်ခဲ့တာ...။"ဒီဆုံတွေ့မှုကနေ ဘယ်လိုချစ်ခင်ရင်းနှီးမှုတွေရခဲ့ကြလဲ၊ ဘယ်လို အတွေ့အကြုံတွေကို မောက်ခမ်းဝါက ဒီအပိုင်းမှာ ရွှန်းရွှန်းဝေအောင် ၃ပိုင်းခွဲပြီး ပြောမလဲဆိုတာကို နားသောတဆင်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်စွာဖြင့် တင်ဆက်လိုက်ရပါတယ်။ အကြပ်အတည်းကာလထဲမှာ ခနပဲဖြစ်ဖြစ် ဒီပေါ့ကတ်စ်ကို နားထောင်ရင်းစိတ်သက်သာရာရနိုင်ကြပါစေ။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။
Chapters:
(00:00) Introduction
(11:33) တောင်ပေါ်ဒေသနာ
(16:54) ရိုက်ကွင်းကြီးသို့ ခရီးအစ
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
မြန်မာနိုင်ငံက ကျောင်းသားခေါင်းဆောင် လူငယ်အများစုက မလိုချင်လဲ ပုခုံးပေါ်ရောက်ရောက်လာတဲ့ နိုင်ငံရေးသမိုင်းပေး တာဝန်တွေနဲ့ ကိုယ့်ဘဝတက်လမ်းနဲ့ လူမှုစီးပွားရေးကဏ္ဏတွေမှာ အခြားလူငယ်တွေလောက်ရှေ့မရောက်ကြတဲ့ဖြစ်စဥ်ကို မောက်ခမ်းဝါက သတိထားမိပုံပါပဲ။ မေးခွန်းကတော့ " အရေးတော်ပုံကြီးပီးသွားရင် နိုင်ငံရေးမှာ ပါစရာမလိုတော့ရင် ဘာစီးပွားရေးလုပ်မလဲတဲ့" ။ ကိုဇေယျာလွင်ဘာတွေပြန်ပြောမလဲ နားထောင်ကြည့်ကြပါကုန် မိတ်ဆွေတို့ ။
ဖြတ်သန်းမှု စုံလင်သူနဲ့ မေးခွန်းကောင်း မေးတတ်သူ နှစ်ယောက်ဆုံတဲ့အခါ ဇာတ်လမ်းကောင်း တစ်ပုဒ်ထွက်ပါတယ်။
ဒီဇာတ်လမ်းကို Burma Podcast Network ဝိုင်းတော်သားတွေ မန်းမှုတ်လိုက်တဲ့အခါ Podcast ကောင်းတစ်ပုဒ်ရပါတယ်။
အဲ့ဒါကတော့ ကျောင်းသားခေါင်းဆောင်လူငယ်တွေဖြစ်သူ ဇေယျာလွင်နဲ့ မောက်ခမ်းဝါ တို့ နှစ်ပါးသွား Episode ဖြစ်ပါတယ်။ ဒီအပိုင်းဟာ ရသအတော်စုံတဲ့ Comedy Podcast တစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ဘာသာရေးနဲ့ လူငယ်ဘဝဖြတ်သန်းမှုတွေ၊ စွန့်ဦးတီထွင်ခရီးသွား လုပ်ငန်းတွေ နောက်ဆုံး ဓမ္မဒူတ လူငယ်လိုမျိုး ခင်ဗျားတို့ကျနော်တို့ မေ့နေပြီဖြစ်တဲ့ ငယ်ဘဝက မှတ်ဥာဏ်တွေကိုပါ ဖုန်သုတ်ပေးပါလိမ့်မယ်။ နားသောတဆင်ကြပါဦး။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
"ခရစ်တော်မွေးနေ့မှာ သေလုမျောပါး ရဲဘော်ဟာ ပြန်လည် နိုးထလာတယ်”မောက်ခမ်းဝါက ခရစ်ယာန်ဓလေ့ထုံးစံ ယဥ်ကျေးမှုတွေနဲ့ နှစ်လိုဖွယ် ကရင်နီပြည်မှာ ကြီးပြင်းခဲ့တဲ့ ဗုဒ္ဓဘာသာ လူငယ်တစ်ယောက်ဖြစ်တယ်။ သူပြောတဲ့ ခရစ်တော်မွေးနေ့ အမှတ်တရတွေက နားထောင်သူအတွက် ဘာသာဓလေ့ စည်းမျဥ်းတွေကို ကျော်ပြီး ချစ်ခြင်းတရားနဲ့ ဓလေ့ရိုးရာကို သက်ဝင်မြတ်နိုးသူ ဖြစ်စေတယ်။ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးအကြိမ် ဘုရားကျောင်းတက်ခဲ့ဖူးတဲ့ မောက်ခမ်းဝါဟာ ရန်ကုန်မှာရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ လွတ်မြောက်နယ်မြေတစ်ခုမှာ ရှိနေခဲ့တယ်။ ကရင်နီ ရှေ့တန်းမှာ ဦးခေါင်းလက်နက်ကြီးစထိမှန်တဲ့ ရဲဘော်လေးကို တော်လှန်ရေးဆရာဝန်တွေ ကယ်တင်ခန်းမှာ သိပ္ပံဆေးပညာ (Modern Medical Science) နဲ့ အံဖွယ်ဖြစ်စဥ် (Miracles) တွေအပြင် တရားသော တော်လှန်ရေးဘက်မှာ ယေရှုခရစ်တော် အပါအဝင် ဓမ္မကို မြတ်နိုးသူတိုင်း အတူရှိနေကြောင်း ဒီ Podcast က သက်သေခံနိုင်ပါလိမ့်မယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
မောက်ခမ်းဝါ ခင်မင်ရင်နှီးခဲ့ဖူးတဲ့ ကရင်နီရဲဘော်တွေထဲက တစ်ဦးဖြစ်သူ ဗိုလ်နဂါးရဲ့ တော်လှန်ရေးထဲက ဘဝကို ဒီ Episode (5) မှာ နားထောင်ရမှာဖြစ်ပါတယ်။
Story Telling by Mauk Kham Wah Podcast series ဟာ ကရင်နီဒေသဖွား ဓာတ်ပုံဆရာ တော်လှန်ရေးသမား မောက်ခမ်းဝါရဲ့ ဒေသဓလေ့ ယဥ်ကျေးမှု၊ ဓာတ်ပုံဆရာနဲ့ ရုပ်ရှင်နယ်ပယ်၊ ရဲဘော်ရဲဘက်စိတ်၊ နွေဦးတော်လှန်ရေး တိုက်ပွဲကြားက သဲထိတ်ရင်ဖိုဖြစ်စဥ်တွေကို ပေါင်းစပ်ထားတဲ့ ပုံပြင်တွေပဲဖြစ်ပါတယ်။
Burma Podcast Network က မြန်မာပြည်မှ နားဆင်သူများအတွက်လွတ်လပ်တဲ့ Podcast များကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။
BPN ဆက်လက်ရပ်တည်နိုင်ရန်အတွက် မိတ်ဆွေတို့၏ Like, Subscribe, Share လုပ်ခြင်းတွေက များစွာ အထောက်ကူပြုပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
ကြယ်ငို၊ လမိုက်ညတစ္ဆေ၊ ပဲပြုတ်၊ လူဆိုးလေးများ (Bad Boys) တို့ ဆိုတာတွေက ခေတ်စားနေတဲ့ ရုပ်ပြောင် ဖေစ့်ဘွတ်အကောင့်နာမည်တွေ မဟုတ်ပါဘူးခင်ဗျာ။ လွိုင်ကော်မြို့က ချစ်ဖို့ကောင်းတဲ့ လူငယ်လေးတွေ တကယ့်ကမ္ဘာမှာ စုဖွဲ့ထားတဲ့ မီးပုံပျံအဖွဲ့တွေ၊ ဂိမ်းစုဆော့တဲ့ လူငယ်အစုအဝေးအဖွဲ့တွေ ဖြစ်ပါတယ်။ မောက်ခမ်းဝါက ဇာတ်ကြောင်းပြောတဲ့နေရာမှာ အကယ်ဒမီဆုရှင် နာမည်ကြီးတွေကိုလည်း မညှာသလို၊ လမ်းထိပ်က ကာလသားခေါင်းတွေကိုလဲ မချန်ခဲ့သူ Story Teller တစ်ယောက်ဖြစ်တာ အရှေ့ ၃ ပိုင်းကို နားထောင်ဖူးသူတိုင်း သိကြမှာပါ။ ပင်ပန်းနေတဲ့ တနင်္လာညချမ်းမှာ မြန်မာပြည်ကြီး ငြိမ်းချမ်းခဲ့စဥ်က နယ်မြို့လေးက လူငယ်တွေရဲ့ ဘဝထဲ ဆွေးဆွေးမြေ့မြေ့ ဆွဲခေါ်သွားပါလိမ့်မယ်။ လူတိုင်းက တစ်ချိန်က လူငယ်တွေပါပဲ ဆိုတော့ မိတ်ဆွေများအားလုံး နားဆင်ကြပါအုံးခင်ဗျာ။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
ပေါကားများ ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့တဲ့ ကာလ၊ ရုပ်ရှင်ကားကောင်းတွေ အပြိုင်းအရိုင်းပေါ်လာဖို့ အားထုတ်ကြတဲ့ကာလမှာ ပေါ်လာတဲ့ " ည " ရုပ်ရှင်အပေါ် မောက်ခမ်းဝါ ဘယ်လိုရှုမြင်ခဲ့သလဲဆိုတာ ရုပ်ရှင်စက်ရုံကြီးထဲ လိုက်စီးမြောကြည့်ကြရအောင်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
From the publisher's feed