Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

သူမ၏ ဂီတ၊ ဘ၀နှင့် ကိုဇေယျာသော်


Listen Later

သူမအမည်ကား မသဇင်ညွှန်အောင်၊ တော်လှန်ရေးအတွက် အကုန်စွန့်ထားသူများထဲမှ တစ်ဦး။ ချစ်မြတ်နိုးလေးစားရသူ ကိုဇေယျာသော်၏

ဇနီးလောင်းတယောက်ဖြစ်သလို ရှေ့ဆက် ဘ၀ကို ဂီတဖြင့် မြုပ်နှံထားသူတစ်ယောက်လည်း ဖြစ်သည့်သူမ၊ မဟုတ်မခံချင်စိတ်ဖြင့် အားနည်းသူကို အမြဲဖေးမကူရင်း ‌နွေဦးတော်လှန်ရေးကို ခရီးဆက်နေသည်။ စစ်ကောင်စီက ကိုဇေယျာသော်အပါအ၀င် လေးဦးကို ကြိုးမိန့်ပေးရန် ပြင်ဆင်နေချိန်တွင် သူမ၏စိတ်ဓာတ်ရင့်ကျက်မှုအတိမ်အနက်ကို ပိုမိုမြင်သာလာစေသည်။ သူမ၏ ဘ၀လက်တွဲဖော် ကိုဇေယျာသော်ကို အရင်ကတည်းက လေးစားချစ်ခင်ခဲ့သည်ဟု သူမဆိုသည်။ အလွန်အေးချမ်းပြီး ကိုဇေယျာသော်ကြောင့် သူမ၏ စိတ်မြန်မှုကို ထိန်းနိုင်ခဲ့ရပြီး တဖြည်းဖြည်း အေးချမ်းလာရသည်ဟု သူမ ခပ်ငေးငေးပြောပြသည်။ ထိုသို့အေးချမ်းစွာနေတတ်ပြီး အများလေးစားရသူတစ်ယောက် ပြည်သူ့ခုခံစစ်တွင် ပါ၀င်ပြီး အကြမ်းဖက်သမားစွပ်စွဲကာ ကြိုးပေးခံရတော့မည့်အချိန်တွင် မသဇင် မည်သို့မည်ပုံ ဖြေသိမ့်နိုင်ပါအံ့နည်း။

သို့သော် သူမတောင်းဆိုသည်ကား ရှင်းသည်။ ပြည်သူတွေ အားလုံးပါ၀င်လျှင် ပိုမြန်မည်ဟုဆိုသည်။ "အသက်ပေးရသူတွေလည်း များလှပါပြီ။ အမလို ဒုက္ခရောက်နေကြရတဲ့သူတွေ ပူဆွေးသောကရောက်နေတဲ့သူတွေ ဒုနဲ့ဒေးဆိုတာ ပြည်သူတွေကို မြင်စေသိစေချင်တယ်။ အချို့က မြင်ကြ ကြားကြပါလျက် မျက်နှာလွဲနေနိုင်ကြသူတွေကို ကျမ အလွန် အံ့ဩ၀မ်းနည်း ဖြစ်ရပါတယ်"လို့ ဆိုပါတယ်။

သူမရဲ့ ရင်ဖွင့်စကားတွေနဲ့ ကိုဇေယျာသော်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို တော်လှန်ခြင်းများနဲ့ခေတ်သစ်မြန်မာပြည် Podcast မှာ နားထောင်ရင်း နွေဦးတော်လှန်ရေးကို တထောင့်တနေရာမှ ပါ၀င်နိုင်သော နိုင်ငံသားကောင်းများ ဖြစ်ကြပါစေခင်ဗျာ။

...more
View all episodesView all episodes
Download on the App Store

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)By Insight Myanmar

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

View all
Insight Myanmar by Insight Myanmar Podcast

Insight Myanmar

51 Listeners