ဒီနေ့အတွက်စကား

The better the company, the better to get ahead.


Listen Later

တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဆိုတဲ့စကားကလူ​တွေမှာ အ​ပေါင်းအသင်းဟာ ဘယ်​လောက်အထိ ​အ​ရေးကြီးတယ်ဆိုတာ ကိုပြသ​ပေး​နေပါတယ်။သစ်ပင်တစ်ပင်ဟာ ​ရေခံ​မြေခံ​ကောင်းမှ ​ကြီးထွားနိုင်မှာဖြစ်သလိုလူဆိုတာလည်း အ​ပေါင်းအသင်းကို ​ရွေးချယ်​ပေါင်းသင်းတတ်ဖို့လိုပါတယ် ။ ဒါ​ကြောင့်လည်းငယ်စဥ်ကတည်းက လူကြီးမိဘ​တွေက သူငယ်ချင်းအ​ရွေးမမှားကြ​စေဖို့ ​သေချာ​ဆုံးမခဲ့ကြတာ​ပေါ့ ။ သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ဒုတိယမိသားစုပဲ လို့ပြောကြတာရှိတယ်မဟုတ်လား။ ကောင်းမွန်တဲ့သူငယ်ချင်းတစ်​ယောက်ရှိတာက သူငယ်ချင်း​တွေအများကြီးရှိတာထက်ပိုပြီး တန်ဖိုးရှိပါတယ်။ ဒါဆိုရင် အမုန်းခံ ပြီး​ပြော​ပေးတဲ့သူငယ်ချင်းရှိတာဘဝရဲ့ကံ​ကောင်းမှု​တွေထဲက တစ်ခုပါပဲ ။ လူဆိုတာ အမှားနဲ့မကင်းတဲ့အတွက်ကိုယ်တိုင်ကိုက မသိ လိုက်ဘဲ အမှား​တွေ ကျူးလွန်မိနိုင်ပါတယ်။ ကိုယ်က အမှား​တွေလုပ်မိ​နေရင် ကိုယ့်ကို အမုန်းခံ​ပြော​ပေးပြီး လမ်းမှန်ကို ပြန်ဆွဲ​ခေါ်​ပေးမယ့်သူငယ်ချင်း​မျိုး​တွေကို ​ရွေးချယ်​ပေါင်းသင်းတတ်ရပါမယ်။                                                                                                                                                

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM