
Sign up to save your podcasts
Or


မြန်မာ့လက်ရွေးစင်ဟောင်း (ဦး) ရဲထွဋ်လေးနှင့် The Corner
မြန်မာ့ ဘောလုံးဟာ တစ်ချိန်က အာရှရဲ့ ထိပ်တန်း တစ်နေရာကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတစ်ချိန် ဆိုတာ အခုလက်ရှိကနေ ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၆၀ ကျော်လောက် ကြာခဲ့ပါပြီ။ အဲဒီ နောက်ပိုင်း ကနေအခုအချိန်အထိ အရင်ကရောက်ခဲ့ဖူးတဲ့ ထိပ်တန်းနေရာကို ပြန်မရောက် နိုင်တော့ပါဘူး။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က အတိအကျ ပြောရရင် ၁၉၉၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲမှာ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ စင်္ကာပူ အသင်းကို ခက်ခက်ခဲခဲနဲ့ အနိုင်ရရှိပေမယ့် နောက်ဆုံးဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ရှုံးပြီး ငွေတံဆိပ်ဆုနဲ့ ဆွတ်ခူးနိုင်ခဲ့တယ်။
ဒါဟာ မြန်မာ့ ဘောလုံးရဲ့ အာရှ နယ်ပယ်မှာ comeback တစ်ခုအနေနဲ့ မှတ်တမ်းတင်ရာမှာ အဲဒီ ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဟောင် (ဦး) ရဲထွဋ်လေးနဲ့ The Corner မဂ္ဂဇင်းက ဆရာအောင်ကြီးတို့ မကြာခင်ကပဲ စကားပြော ဆွေးနွေးခွင့် ရခဲ့ပါတယ်။
(ဦး) ရဲထွဋ်လေးရဲ့ ဖြတ်သန်းခဲ့တဲ့ ဘောလုံး သမားဘဝ အတွေ့အကြုံ၊ ဘဏ္ဍာအခွန် ကလပ် အသင်းကနေ မြန်မာ့လက်ရွေးစင် အဖြစ်ရွေးချယ်ခံခဲ့ရပုံ၊ ၁၉၉၃ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ ကစားပွဲ အတွေ့အကြုံနဲ့ နောက် မြန်မာ့ ဘောလုံးမျိုးဆက်သစ်များအတွက် အကြံပေးချက်များကို ယခု ပေါ့ကတ်စ် အစီအစဥ်မှာ နားဆင်ကြရပါမယ်။
The Corner Podcast
The Corner ကနေ တင်ဆက်မှု အသစ်တစ်ခု အဖြစ် နားဆင်ရန် ပေါ့ကတ်စ် အဖြစ် The Corner အတွဲများတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို The Corner reads ကဏ္ဍတွင် ရွေးချယ်တင်ဆက်သွားမည် ဖြစ်ပါသည်။
ယခု Episode 3 ကို The Corner အတွဲ ၁၈ တွင် ဖော်ပြခဲ့သည့် ဆရာ ခြိမ့်သဲ ရေးသားသည့် "ကုန်စျေးနှုန်း ကျဆင်းခြင်း သတင်း" ဝတ္တုကို တင်ဆက်သူ "နန်း" မှ ဖတ်ပြထားပါတယ်။
The Corner
The Corner ကနေ တင်ဆက်မှု အသစ်တစ်ခု အဖြစ် နားဆင်ရန် ပေါ့ကတ်စ် အဖြစ် The Corner အတွဲများတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို The Corner reads ကဏ္ဍတွင် ရွေးချယ်တင်ဆက်သွားမည် ဖြစ်ပါသည်။
ယခု Episode 2 ကို The Corner အတွဲ ၂၉ တွင် ဖော်ပြခဲ့သည့် ယူရေးသားသည့် "ပြန်တော့မယ်" ကဗျာကို အသံဖြင့် တင်ဆက်သူ "နန်း" မှ ရွတ်ဖတ် တင်ပြထားပါတယ်။
The Corner
The Corner မဂ္ဂဇင်း "သူရေးတဲ့စာ" ကဏ္ဍရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဒေါက်တာအောင်ကြီးကို The Corner ရဲ့ စီစဥ်သူ တစ်ဦးဖြစ်သူ (ဦး) အောင်ကြီးက သွားရောက်တွေ့ဆုံပြီး The Corner အတွဲများတွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး ဆရာ့ ခံစားချက် အတွေးအမြင်များကို မေးမြန်းရိုက်ကူး အသံသွင်းခဲ့ပါတယ်။
နားဆင်သူကြည့်ရှုသူများ အဆင်ပြေပြေ အထစ်အငေ့ါမရှိ ကြည့်ရှုနိုင်ဖို့ အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်လိုက်ပါတယ်။ အခုတင်ဆက်လိုက်တာကတော့ နောက်ဆုံးအပိုင်းပါ။
The Corner
he Corner မဂ္ဂဇင်း "သူရေးတဲ့စာ" ကဏ္ဍရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဒေါက်တာအောင်ကြီးကို The Corner ရဲ့ ဖန်တီးရှင် တစ်ဦးဖြစ်သူ (ဦး) အောင်ကြီးက သွားရောက်တွေ့ဆုံပြီး The Corner အတွဲများတွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး ဆရာ့ ခံစားချက် အတွေးအမြင်များကို မေးမြန်းရိုက်ကူး အသံသွင်းခဲ့ပါတယ်။
နားဆင်သူကြည့်ရှုသူများ အဆင်ပြေပြေ အထစ်အငေ့ါမရှိ ကြည့်ရှုနိုင်ဖို့ အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဥ်ကတော့ အပိုင်း (၂) ပါ။
ဆရာ ဒေါက်တာအောင်ကြီး လက်ရာဆောင်းပါးများကိုလည်း တစ်စုတစ်စည်းတည်း အောက်ပါလင့်ကိုနှိပ်၍ သွားရောက်ဖတ်ရှုလို့ ရပါတယ်။
The Corner မဂ္ဂဇင်း "သူရေးတဲ့စာ" ကဏ္ဍရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဒေါက်တာအောင်ကြီးကို The Corner ရဲ့ ဖန်တီးရှင် (ဦး) အောင်ကြီးက သွားရောက်တွေ့ဆုံပြီး The Corner အတွဲများတွင် ဆရာ ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး ဆရာ့ ခံစားချက် အတွေးအမြင်များကို မေးမြန်းရိုက်ကူး အသံသွင်းခဲ့ပါတယ်။
နားဆင်သူကြည့်ရှုသူများ အဆင်ပြေပြေ အထစ်အငေ့ါမရှိ ကြည့်ရှုနိုင်ဖို့ အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်လိုက်ပါတယ်။
ဆရာ ဒေါက်တာအောင်ကြီး လက်ရာဆောင်းပါးများကို တစ်စုတစ်စည်းတည်း ဖြတ်ရှုရန် အောက်ပါလင့်ကိုနှိပ်၍ သွားရောက်ဖတ်ရှုလို့ ရပါတယ်။
https://thecornermm.com/tag/%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/
Episode 3 - ဆင်နှင့် ဆိတ်တို့ ကြားက အစ္စရေးအကျပ်အတည်း
ဆရာချစ် - ကိုတင် တို့၏ နိုင်ငံတကာ သုံးသပ်ချက် Podcast
ဒီအပတ် The Corner နိုင်ငံတကာ သုံးသပ်ချက် Podcast အစီအစဥ်မှာ ဆရာချစ် နဲ့ ကိုတင်တို့က အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားလျက်ရှိသော အမေရိကန် နှင့် အီရန်တို့ တစ်ဖက် နှင့် တစ်ဖက် တင်းမာလျက်ရှိသည့် ပြဿနာအကြား အစ္စရေးနိုင်ငံ၏ ရပ်တည်ချက်နှင့် အကျပ်အတည်းတို့ကို သုံးသပ်ထားကြခြင်း ဖြစ်သည်။
The Corner ကနေ တင်ဆက်မှု အသစ်တစ်ခု အဖြစ် နားဆင်ရန် ပေါ့ကတ်စ် အဖြစ် The Corner အတွဲများတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို The Corner reads ကဏ္ဍတွင် ရွေးချယ်တင်ဆက်သွားမည် ဖြစ်ပါသည်။
ယခု ပထမဆုံး Episode 01 ကို The Corner အတွဲ၂၂ တွင် ဖော်ပြခဲ့သည့် ကိုတင်ရေးသားသည့် "ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာနေပါတယ်" ဝတ္ထုကို အသံဖြင့် တင်ဆက်သူ "နန်း" မှ ဖတ်ပြထားပါတယ်။
The Corner
ယခုအပတ် တင်ဆက်တဲ့ ပေါ့ကတ်စ် အစီအစဥ်မှာ လတ်တလော ကမ္ဘာ့ဖြစ်ရပ်များထဲက စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များကို ကောက်နုတ် သုံးသပ်ထားပါတယ်။ The Corner ကနေ စီစဥ်တင်ဆက်တဲ့ "နိုင်ငံတကာရေးရာ သုံးသပ်ချက်" ပေါ့ကတ်စ်အစီအစဥ်မှာ The Corner ရဲ့ Host ကိုတင်နဲ့ အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဆရာ ချစ်ဝင်းမောင် (ဆရာချစ်) တို့က ဆွေးနွေးထားကြပါတယ်။
ဒီတစ်ပတ် အစီအစဥ်မှာ
ကျွန်တော် ကိုချမ်းနဲ့ သိကျွမ်းရင်းနှီးခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်တာဝန်တွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် လူချင်းမတွေ့ဖြစ်တာ ၇ နှစ်နီးပါးလောက်တောင် ရှိသွားခဲ့ပါပြီ။
ကိုချမ်း အင်္ဂလန်ကို ရောက်ပြီး သူ့ဆေးပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ဆက်လုပ်နေတာကို သိရတော့ နိုင်ငံရပ်ခြားမှာ ကိုယ်တတ်မြောက်ထားတဲ့ပညာနဲ့ အသက်မွေး၀မ်းကျောင်း အလုပ်ဆက်လုပ်နိုင်ခြင်းဟာ နည်းသည့် ကုသိုလ်ကံ မဟုတ်လို့ သူ့ကို မုဒိတာ ပွားမိတယ်။
ကိုချမ်းကိုကြည့်ရင် တည်တည်ငြိမ်ငြိမ်နှင့် မျက်နှာသွင်ပြင်က ရှင်းလင်း နေတတ်တာကို သတိပြုမိတယ်။ သို့သော်လည်း သူဟာ အမှတ်တမဲ့နေတတ်သူ တစ်ယောက်မဟုတ်။ မြန်မာနိုင်ငံမှာ သူရှိစဥ်ကတည်းက လူပင် ငယ်သော်လည်း စာပေ အသိုင်းအဝိုင်းတွင် လူချစ်လူခင်များသူ၊ လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်နှင့်ဂီတ ကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လို့ အကြောင်းအရာ တော်တော်များများကို သူပါဝင် ဆွေးနွေးနိုင်တာကြောင့်လည်း ဖြစ်မည်။ လူငယ်ပေမယ့်လည်း လူကြီးဆန်ဆန် တွေးခေါ်နိုင်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ဖြစ်မည်။
သေချာတာတစ်ခုကတော့ စာပေမျိုးဆက်ကနေ ပေါက်ဖွားလာသူတစ်ယောက်မို့ အလိုအလျောက် စာပေတာဝန်ကို ယူရင်း ဆရာဝန်အလုပ်ကိုလည်း အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်လို့မြင်မိပါတယ်။
အခု ပေါ့ကတ်စ် အစီအစဥ်က သူနဲ့ကျွန်တော် စကားအကြာဆုံး ပြောဖြစ်ကြခြင်းဖြစ်ပါတယ်။ ကြာရုံသာမက အကြောင်းအရာတော်တော်များများကိုလည်း ပြောဖြစ်ခဲ့ကြတာဖြစ်လို့ မှတ်မှတ်ရရ တွေ့ဆုံမှု တစ်ခုလို့လဲ ပြောမယ်ဆိုရနိုင်ပါတယ်။
ကိုချမ်းနဲ့ စကားပြောထားတာတွေကို နားထောင်ကြည့်ပါ။
ကိုတင် (The Corner)
From the publisher's feed
The Corner online မဂ္ဂဇင်းရဲ့ အသစ် စီစဥ်မှု တစ်ခုအဖြစ် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို Podcast သဏ္ဍန် ဆွေးနွေး စကားပြောဝိုင်းများ၊ လတ်တလော နိုင်ငံတကာ အဖြစ်အပျက် စကားဝိုင်းများကို…
The Corner Podcast Team