ဒီနေ့အတွက်စကား

The things you should be prepared for in life are some truth and some possible downsides.


Listen Later

ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်။ တနေ့တနေ့ဖြတ်သန်းရင်းနဲ့ဘဲအချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားကြတယ်။ ဘဝမှာ ဘာတွေဖြစ်လာလာအားလုံးပြင်ဆင်ထားပြီးပြီလို့ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ပြောကြတယ်။မေးခွန်းက တကယ်ဘဲ ကျွန်တော်တို့ပြင်ဆင်ထားပြီးပြီလား ဆိုတာပါဘဲ။ ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေကိုပြောပါဆိုရင်တော့အမှန်တရားတချို့နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆိုးဝါးမှုတွေပါပဲ။                                                                                           ပထမဆုံးအချက်ကတော့ အမှန်တရားတစ်ခုလို့ ဆိုရပါမယ်။ ကျွန်တော်တို့အချစ်ရဆုံးသောသူတွေကကျွန်တော်တို့ကို နာကျင် အောင်လုပ်နိုင်တဲ့သူတွေပါဆိုတဲ့အချက်ပါ။ တွေးလိုက်မိတာနဲ့စိတ်ထဲမှာဝမ်းနည်းရပေမယ့် ဒါဟာ အမှန်တရားပါဘဲ။ ကိုယ် အချစ်ရဆုံးသောသူတွေကကိုယ့်ကိုနာကျင်အောင်လုပ်ပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာမည်သူကိုမျှ အပြီးပိုင် သိမ်းထားခွင့် ပိုင်ဆိုင်ခွင့်မရပါဘူး။ အရမ်းချစ်တဲ့သူကိုပိုင်ဆိုင်ခွင့်ရမယ်လို့စိတ်ပိုင်းဖြတ် ဆုံးဖြတ်ချက် ချထားလို့ မရပါဘူး။          

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM