ဟဲလို... ကျွန်တော့် Podcast ရဲ့ ဒီနေ့ Episode မှာတော့ Vegan နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ တင်ဆက်ထားပါတယ်ဗျ... အကြောင်းအမျိုးမျိုးနဲ့ သားသတ်လွတ် (သက်သတ်လွတ်) စားတဲ့သူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ သက်သတ်လွတ်စားတဲ့သူတွေမှာလည်း ပုံစံကွဲတွေ အများကြီးရှိကြောင်း သိသူ နည်းပါလိမ့်မယ်။ ယေဘုယျအားဖြင့် -
(၁) Lacto-Ovo Vegetarians (အသားရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စားသုံးသူများ)
(၂) Lacto Vegetarians (အသား နဲ့ ဥအမျိုးမျိုးရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးသူများ)
(၃) Ovo Vegetarians (အသား၊နို့ ရှောင်ပြီး ဥအမျိုးမျိုးသာစားသုံးသူများ)
(၄) Vegans (သတ္တဝါမှ ထွက်သမျှ အကုန်ရှောင်ကြဉ်ကြသူများ)
ဆိုပြီး ကွဲပြားပါသေးတယ်။ Vegan မှာကိုပဲ Type က ၂ မျိုးလောက်ရှိပါသေးတယ်။
သက်သတ်လွတ် စားခြင်းကို ကမ္ဘာမှာ ခရစ်တော်မပေါ်မီ BC 700 လောက်ကတည်းက စတင်ခဲ့ပြီလို့ ပြောဆိုကြပြီး Vegan ကိုတော့ ခုဒီဘက်ခေတ်ကြမှ ရှေ့က သက်သတ်လွတ်စားတဲ့ ပုံစံတွေကနေ ကွဲထွက်လုပ်ဆောင်လာကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။
- ဘာကြောင့် Veganism တွေ ဖြစ်လာကြသလဲ?
Veganism တစ်ယောက် ဖြစ်လာရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ?ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဘယ်လိုပုံစံဖြေရှင်းလဲ?Veganism ဆိုတာ ဝိတ်ကျစေတဲ့ ဝိတ်ချနည်းတစ်ခုလား?ဘာတွေ ကောင်းကျိုးပေးနိုင်လဲ?Vegan ဖြစ်ဖို့ လွယ်သလား?စတဲ့ စတဲ့ Veganism တစ်ယောက်နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို အခုဆိုရင် ၃ နှစ်တာ Veganism အဖြစ် ပြောင်းလဲ နေထိုင်နေတဲ့ အဆိုတော် ကျော်ဇင်မင်း နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ
| Website: https://www.thihathetraveller.com |
| Facebook: https://www.facebook.com/travellerthiha |
| Instagram: https://www.instagram.com/thihalulin |
| YouTube: https://www.youtube.com/thihalulin |
| Email me @
[email protected] |