ဒီနေ့အတွက်စကား

There is no mental security that can be done.


Listen Later

ဘယ်ဆက်ဆံရေးမှာမဆို စိတ်လုံခြုံမှုဆိုတာအရမ်းလိုအပ်တဲ့အရာတစ်ခုပါ။မိသားစုဆက်ဆံရေးဖြစ်ဖြစ် သူငယ်ချင်းဆက်ဆံ ရေး ဖြစ်ဖြစ် သမီးရည်းစားဆက်ဆံရေးဖြစ်ဖြစ် ဒီလူဟာကိုယ့်လူပါ။ဒီလူကတော့ငါ့ကိုထိခိုက်နာကျင်အောင်လုပ်မယ့်သူမျိုး မဟုတ်ပါ ဘူး။ ဒီလူဟာငါပြိုလဲနေတဲ့အချိန်မှာစွန့်ခွာသွားမယ့်သူမျိုးမဟုတ်ဘူးဆိုတဲ့စိတ်မျိုးအပြည့်အဝရှိတာဟာစိတ်လုံခြုံမှုပဲဖြစ်ပါတယ်။စိတ်လုံခြုံမှုဆိုတာကလဲ လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။တစ်ဖက်သူကလိုလိုလားလားပေးမှရတဲ့အရာမျိုးပါ။ တောင်းယူလို့လဲ မရသလိုလုပ်ယူဖန်တီးလို့လဲမရပါဘူး။လုပ်ယူလို့ရထားတဲ့စိတ်လုံခြုံမှုဆိုတာကိုမရှိတာပါ။ကိုယ့်မှာအတိတ်က Trust Issue တွေ Trauma တွေ ရှိထားတယ်ဆိုရင်တောင်ဒီလူဆီမှာလုံခြုံနွေးထွေးမှုကိုခံစားစေမိတဲ့သူပါ။ နားဆင်သူဆီမှာရောစိတ်လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့လူသားတစ်ယောက်ရှိနေပါရဲ့လား။  

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM