ရာမညပြည်သူ့FM

တော်လှန်ကဗျာကဏ္ဍ - နွေဦးကဗျာ (ကျားကြီး)


Listen Later

"နွေဦးကဗျာ"


ကြောက်ရွံ့မှုကြောင့်တုန်ခါနေတဲ့ နှလုံးသားတစ်စုံကိုကျားကန်ပြီး

ရင်ကော့လမ်းလျောက်တဲ့မောက်မာသူရဲ့ ရင်အစုံကိုပိတ်ကန်ပစ်လိုက်စမ်းပါ။


ဘာကိုကြောက်ရမှာလဲ ငါတို့ကသိန်းငှက်တွေပါ

ဝေဟင်မှာပျံဝဲပြီး ကောင်းကင်ကြီးကိုဆူညံအောင်လုပ်ပစ်လိုက်မယ်။


ဘာကိုကြောက်ရမှာလဲ ငါတို့ကတော်လှန်သူတွေပါ

သေခြင်းကိုရှေ့မှာထားပြီး အာဏာရူးကိုဆုတ်ခွာပစ်မယ်။


ငါတို့အားလုံးဟာ တစ်ကိုင်းထဲမှာနားနေတဲ့ငှက်ကလေးတွေပါ။

သစ်ကိုင်းကိုတော့လာမလှုပ်နဲ့ အားလုံးထပျံကြလိမ့်မယ်။


မတောက်တခေါက်နဲ့တော့ ဗျောက်လာမဖောက်နဲ့

နာကျင်မှုကသက်ဆိုးရှည်သွားလိမ့်မယ်။


                    ကျားကြီး

                  (၂၄.၈.၂၀၂၁)

...more
View all episodesView all episodes
Download on the App Store

ရာမညပြည်သူ့FMBy Rehmonnya Pyithu FM

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings