၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များသည် ပင်လုံသို့အလာ ကွတ်ခိုင်မြို့၊နမ့်ဖတ်ရွာတွင် ဦးစွာစုဆုံမိကြပြီး အောက်ပါသဘောတူညီချက်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။
(၁)ကချင်အမျိုးသားများအား ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေးပေးရန်
(၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ်ဖွဲစည်းရန်။
(၃) လွတ်လပ်တဲ့သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော်ခရိုင်နဲ့မြစ်ကြီးနားခရိုင်များ၊ကချင်တောင်တန်းဒေသများနဲ့ ကသာမြို့ရဲ့မြောက်ဘက်မြေပြန့်ဒေသများ ပါဝင်စေရန်။
(၄)ဗမာအမျိုးသားများနဲ့ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့ နယ်နိမိတ်ချက်ချင်းသတ်မှတ်ရန်။
(၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း ဗမာပြည်ဘုရင်ခံလက်တွင်ရှိတဲ့အခွင့်အာဏာများ၊ကချင်အမျိုးသားများလက်သို့ပေးအပ်ရန်နဲ့ ဗမာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသားဝန်ကြီးတဦးခန့်အပ်ရန်၊(၅-က)ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးဆောင်ရွက်ရန်၊(၅-ခ)ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စရပ်များတွင် ပါဝင်နိုင်ရန်(၅-ဂ) ကာကွယ်ရေးဝန်ကြီးကိုအကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်(၆) သီးခြားကချင်ပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နဲ့အတူ ဗမာတနိုင်ငံလုံး စောလျင်စွာလွတ်လပ်ရေးရရှိရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာချက်ချင်းပါဝင်ကြရန်(၇) အထက်မှာဖော်ပြထားတဲ့အတိုင်း ဗမာအမျိုးသားအားလုံးလွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်တဲ့ကချင်နိုင်ငံအပါအဝင် လွတ်လပ်တဲ့ဗမာပြည်ပြည်ထောင်စုအစိုးရဖွဲစည်းရန်။
ခြင်းချက်အနေဖြင့် (က)သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည်၊မပါဝင်မည်ကို သီခြားကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမည်။
(ခ)ပြည်ထောင်စုဖွဲစည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာခွဲထွက်ခွင့်ရှိရမည်။(ဂ)ဗမာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးရမည်။အထက်ပါဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကိုရယူရန် စသည့်အချက်တို့ကို သဘောတူဆွေးနွေးညှိနှိုင်းခဲ့ကြလေသည်။
ထိုသို့ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်များဆွေးနွေးပြီး၍ ဖေဖော်ဝါရီ(၆)ရက်နေ့ရောက်သောအခါ ပင်လုံမြို့၌ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ရှမ်းလူထုကိုယ်စားလှယ်များ၊ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေးတခုပြုလုပ်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြသည်။(၁)၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်မှ (၁၃)ရက်အထိကျင်းပသော ဒုတိယပင်လုံညီလာခံတွင် နယ်စပ်ဒေသခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စုတည်ထောင်ရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ရန် သဘောတူကြသည်။(၂)ရှမ်းနဲ့ကချင်ကော်မတီက ဗမာပြည်မနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဆောလျင်စွာလွတ်လပ်ရေးရမည်ကို ယုံကြည်သည့်အလျောက် ဗမာပြည်မအစိုးရအမှုဆောင်ကောင်စီတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့လူမျိုးအသီးသီးကိုယ်စားလှယ်များကို အောက်ပါအချက်အလက်များအရ ပို့လွှတ်မည်။(က)ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျခံစားခွင့်ရှိရမည်။(ခ)အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်နေကြသော ရှမ်းနှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ရမည်။ထို့အပြင် ကာကွယ်ရေး၊နိုင်ငံခြားရေး၊မီးရထား၊အကောက်ခွန်အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံးစုပေါင်းတာဝန်ယူဆောင်ရွက်ကြရမည်။(ဂ)ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။(ဃ)ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရ၏ အောင်ဆန်း-အက်တလီစာချုပ် သဘောတူညီချက်များသည် ရှမ်း၊ကချင်တို့နှင့်ပတ်သက်ခြင်း မရှိစေရ။(င)လွတ်လပ်ရေး ရပြီးသည့်နောက် "ဗမာပြည်ထောင်စု” မှ ရှမ်းနဲ့ကချင်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်တို့ကိုသဘောတူဆုံးဖြတ်ခဲ့ကြလေသည်။ထိုဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ(၇)ရက်တွင် ထပ်မံရောက်ရှိလာသောချင်းကိုယ်စားလှယ်များပါဝင်သည့် နယ်စပ်ဒေသကိုယ်စားလှယ်စုံညီအစည်းအဝေးမှ အောက်ပါအတိုင်း ထပ်မံအတည်ပြုသည်။
(က)ဗဟိုအခွန်ငွေကိစ္စနှင့်ပတ်သက်၍ ရှမ်းတို့ခံစားရသောအခွင့်အရေးရပိုင်ခွင့်အားလုံးတို့အတိုင်း ချင်းနှင့်ကချင်တို့ကလည်း လူဦးရေအလိုက်ခံစားခွင့်ရှိစေရမည်။(ခ)ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်မှုရှိခဲ့သော် ဗမာပြည်အခွန်တော်မှ ဖြည့်တင်းသုံးစွဲရမည်။
(ဂ)ရှမ်း၊ကချင်၊ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားအမှုဆောင်ကောင်စီတရပ်ကို ဖွဲစည်းတည်ထောင်ရမည်။၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် ဗမာပြည်မအစိုးရတို့အကြားတွင်ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။