ရာမညပြည်သူ့FM

တော်လှန်ကဗျာကဏ္ဍ - တော်လှန်ရေးမျိုးဆက်သစ် (Egret)


Listen Later

တော်လှန်ရေးမျိုးဆက်သစ်

ခံယူချက်ချင်းတူတဲ့လူတွေနဲ့ ဆုံစည်းခဲ့တယ်

ရည်ရွယ်ချက်ချင်းတူတဲ့သူတွေနဲ့ ဆုံစည်းခဲ့တယ်...။


အတူတူ ပန်းတိုင်ဆီချီတက်နေရင်းနဲ့

ဖိနှိပ်သူတွေကြောင့် ဝေးသွားခဲ့ရတယ်...။


တောတွေမှာတချို့

တောင်တွေမှာတချို့

ရေမြေခြားမှာတချို့

အကျဉ်းကျသူတချို့

အကျယ်ကျသူတချို့

ကြွေလွင့်ခဲ့ရသူတချို့........။


သမိုင်းတွေရိုင်းခဲ့လေသမျှ

လူသားအရင်းအမြစ်တွေ

ပေးဆပ်နေရဦးမယ့်

ဒီနိုင်ငံတော်ကြီးကို

ရင်နှင့်အမျှ ချစ်လျက်ပါ....။


ဒီတော်လှန်ရေး မနိုင်စရာအကြောင်း တစ်ခုမကရှိနေလည်း

နိုင်အောင်တိုက်မယ့် မျိုးဆက်သစ်တွေ 

သန်းပေါင်းများစွာ ရှိနေတယ်....။


ဘယ်သောအခါမှ မလျှော့သောဇွဲဖြင့်

အောင်လံကို လွှင့်ထူနိုင်မယ့်နေ့အထိ

အသက်ရှင်အောင် ကြိုးစားလို့

အရေးတော်ပုံ အောင်ရမည်။


           Egret(12:45AM)

...more
View all episodesView all episodes
Download on the App Store

ရာမညပြည်သူ့FMBy Rehmonnya Pyithu FM

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings