
Sign up to save your podcasts
Or


ကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေအနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါအနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိသားစုတွေ ၊ချစ်သူရည်းစားတွေ ၊ သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတယ် ။ ချစ်တဲ့သူတွေနဲ့အချိန်ကောင်းတွေ မဖြတ်သန်းရတော့ဘူး ။ ငွေရှိမှလူရာဝင်မဲ့ခေတ်မှာ ကြိုးစားတာက ကောင်းပေမဲ့ အနားယူဖို့လဲ သတိရပါ။ ကျွန်တော်တို့ဟာဒီလောကကြီးထဲ အလုပ် လုပ် ဖို့ တစ်ခုတည်းအတွက် ရောက်လာတာမဟုတ်ပါဘူး။လူသားတို့ဟာစက်ရုပ်တွေမဟုတ်သည့်အတွက်၊ အမြဲတမ်း အလုပ်တွေချည်း တွန်းလုပ်နေလို့မရဘူး ၊ချစ်ခြင်းမေတ္တာတွေနဲ့ ကြည်နူးရမဲ့အချိန်တွေဟာ မဖြစ်မနေ လိုအပ်ပါတယ် ။ သဘာဝနဲ့ထိတွေ့တာမျိုး၊ ခရီးထွက်တာမျိုး စတာတွေကို လုပ်ပြီး ကိုယ့်ရဲ့ Energy ကို ပြန်လည်ဖြည့်သွင်းဖို့လိုအပ်ပါတယ်။
By Padamyar FMကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေအနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါအနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိသားစုတွေ ၊ချစ်သူရည်းစားတွေ ၊ သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတယ် ။ ချစ်တဲ့သူတွေနဲ့အချိန်ကောင်းတွေ မဖြတ်သန်းရတော့ဘူး ။ ငွေရှိမှလူရာဝင်မဲ့ခေတ်မှာ ကြိုးစားတာက ကောင်းပေမဲ့ အနားယူဖို့လဲ သတိရပါ။ ကျွန်တော်တို့ဟာဒီလောကကြီးထဲ အလုပ် လုပ် ဖို့ တစ်ခုတည်းအတွက် ရောက်လာတာမဟုတ်ပါဘူး။လူသားတို့ဟာစက်ရုပ်တွေမဟုတ်သည့်အတွက်၊ အမြဲတမ်း အလုပ်တွေချည်း တွန်းလုပ်နေလို့မရဘူး ၊ချစ်ခြင်းမေတ္တာတွေနဲ့ ကြည်နူးရမဲ့အချိန်တွေဟာ မဖြစ်မနေ လိုအပ်ပါတယ် ။ သဘာဝနဲ့ထိတွေ့တာမျိုး၊ ခရီးထွက်တာမျိုး စတာတွေကို လုပ်ပြီး ကိုယ့်ရဲ့ Energy ကို ပြန်လည်ဖြည့်သွင်းဖို့လိုအပ်ပါတယ်။