ဒီနေ့အတွက်စကား

We need to always improve by 1% every day.


Listen Later

လူတစ်ယောက်မှာ အတွေ့အကြုံပိုင်းဆိုင်ရာ၊အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ရှု့မြင်သုံးသပ်ချက်ပိုင်းဆိုင်ရာနဲ့  ပညာရပ်ပိုင်းဆိုင်ရာ တွေမှာ မနေ့ကထက် ဒီနေ့ပိုပြီး ကောင်းလာဖို့ ဆိုရင် အဆက်မပြတ်သင်ယူနေဖို့နဲ့ လက်တွေ့အသုံးချ နေဖို့လိုအပ်ပါတယ်။ မနေ့ က နဲ့ ဒီနေ့ , ပြီးခဲ့တဲ့အပတ်ကနဲ့ ဒီအပတ် (ဒါမှမဟုတ်) မနှစ်ကနဲ့ ဒီနှစ် အတောအတွင်းမှာ ကိုယ့်ရဲ့ အတွေးအမြင်တွေ၊ ပညာတွေ ဟာ ဒုံရင်းအတူတူပဲဆိုရင်တော့ ပြဿနာရှိနေပါတယ်။ အကြောင်းကတော့ ကိုယ့်အနေနဲ့ သင်ယူလေ့လာမှု၊ပြုပြင်ပြောင်းလဲမှု လုပ်နေဖို့ ပျက်ကွက်နေလို့ပါပဲ။          

 ကျနော်တို့တွေရဲ့ထင်မြင်ယူဆချက်တွေက အဟောင်းသားပဲရှိနေတာ၊ အမြင်ကျယ်ဖို့ အတွက်ဆိုရင်လေ့လာသင်ယူဖတ်ရှုရမယ်၊ ကိုယ်သိထားတဲ့ အကြောင်းအရာ၊ အယူအဆတွေကလက်ခံနိုင်စရာရှိမရှိပြန်သုံးသပ်ရမယ်၊ ကျနော်တို့ ရဲ့ ဦးနှောက်ကိုဘယ်လိုလေ့ကျင့်ပေးနေသလဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။ ဒီအပိုင်းကတော့ အချိန်တော့ယူရမယ်၊ဗြုန်းစားကြီး ပြောင်းလဲလို့မရလို့၊ ကိုယ့်အနေနဲ့ ကျင့်သားယူရပါလိမ့်မယ်၊                                                                                                                                   

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM