Podcast For Change

ဝေမျှ၍အသက်ရှင်ခြင်း


Listen Later

အကြပ်တည်းကာလဟု မကြာခဏသုံးစွဲရသည်ကို ငြီးငွေ့လှပြီ။ သို့သော် ပကတိအခြေနေကိုလည်း မေ့ပစ်၍ မရနေကြ။ လူ့အဖွဲ့အစည်းသည် ဝေမျှ၍ ရှင်သန်၊ မျိုးဆက်တွေပွားစီး သယ်ဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်သောဗီဇက လူသားများကို အစာကွင်းဆက်ထိပ်ဆုံးကို ရောက်သွားစေခဲ့၏။ ထိုဗီဇသည် သမိုင်းဦးကတည်းက တိုးတက်မှုသဘောကိုဆောင်ကြောင်း အသက်နှင့်ရင်းပြီး သက်သေထူနိုင်သည်။ မိမိတို့အသက်သည်ပင် ထိုဗီဇ၏ အကျိုးကြောင့်ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းမှာ ဖျက်ဆီးတတ်သော ဉာဉ်ဆိုးကလည်း ရှိနေပြန်သည်။ ယခု‌ကာလများတွင် ဖျက်အားပိုလာသဖြင့် ဝေမျှခြင်းဖြင့် အသက်ရှင်သန်ဖို့က ပိုအရေးကြီးလာသည်။ ဝေမျှခြင်းသည် ခေတ်၏ ရှင်သန်နိုင်စွမ်းရည်တစ်ခု ဖြစ်လာကြောင်း ပိုသိသာလာသည်။ ဖျက်ဆီးရေးကာလများအတွင်းက မြေစာပင်ဖြစ်ရသူများ၊ ကူညီဝေမျှ ရှင်သန်နေကြသူများထဲမှ တချို့၏ ရင်တွင်းစကားများကို စုစည်းပြီး ယခုအပိုင်းကို ဖြန့်‌ချိလိုက်ပါသည်။ ယခုအပိုင်းကို နားဆင်ဝေမျှခြင်းဖြင့် လူ့အဖွဲ့စည်းတိုးတက်ကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်နိုင်ပါပြီ။ ဒီ့ထက်ပိုပြောရလျှင်...
...more
View all episodesView all episodes
Download on the App Store

Podcast For ChangeBy Burma Podcast Network