ဒီနေ့အတွက်စကား

When faced with a problem, do you ever think of running away?


Listen Later

ကျွန်တော်တို့ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ရင်ဆိုင်ကြုံတွေ့ရတာခြင်း မတူ သလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှုရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာကွာခြားသွားပါတယ်။                                                                                                                                                  အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေ ၊ လူမှုရေးကိစ္စတွေ ရှုပ်ထွေးနေတဲ့အချိန်ကိုင်တွယ်ရမယ့် ပြဿနာရှိလာတဲ့အခါမှာ ကိုယ်လုပ် မယ့် ကိစ္စတစ်ခုတည်းကိုသာ အာရုံထားပြီးတော့ဆောင်ရွက်သင့်ပါတယ်။ ကနဦးအနေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်ပြီးတော့အခြားကိစ္စများကို အနည်းငယ်နောက်ရွေ့တာ ဒါမှမဟုတ် ခေတ္တ အနားပေးလိုက်ပြီးကိုယ်လုပ် ဆောင်မယ့် ကိစ္စတစ်ခုကိုသာ အာရုံစူးစိုက်မှုပေးပြီးဖြေရှင်းဆောင်ရွက်တာက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်မှာပါ။

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM