Uniပြီးကာစအချိန်ဆိုရင် ကျောင်းသား/သူ ညီလေး၊ညီမလေးတွေတော်တော်များများ depressionတွေ၊stressတွေဝင်တတ်ကြတယ်။ မဝင်အောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ ဒါnormalဖြစ်စဥ်လို့ဘဲပြောပါရစေ။ ကျွန်တော်လည်းဖြစ်ခဲ့တာဘဲ။ နောက်လူတွေလည်း ဖြစ်ဦးမှာပါဘဲ။ ဘယ်လို recoverလုပ်ရမလဲဆိုရင်တော့ အများစုဖြစ်တတ်တဲ့ mind state lvl 3ခု နဲ့ပြောပြချင်ပါတယ်။ ပထမဆုံးတစ်ခုက ကိုယ်ကကျောင်းတတ်နေတုန်းမှာ သူငယ်ချင်းက အလုပ်လုပ်နေပြီ ဆိုရင်ဖြစ်တဲ့ stressပါ။ ကိုယ့်သူငယ်ချင်းက ကျောင်းမပြီးဘဲနားပြီးအလုပ်ဝင်လိုက်တာလည်း ဖြစ်နိုင်သလို၊ ကိုယ်က masterဆက်တတ်တာမျိုး၊ ၁နှစ်နားထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲ့ချိန်ကျရင် "သူတောင် အလုပ်လုပ်နေပြီ။ ငါကကျောင်းတတ်နေရတုန်း..ပိုက်ဆံမရှာနိုင်သေးဘူး'စတဲ့ guilty ခံစားချက်တွေနဲ့ရတဲ့ stressပါ။
အဲ့ဒီ stressဖြစ်ရင်ဘယ်လို စဥ်းစားရမလဲဆိုတော့ ကိုယ့်ရဲ့ဖြစ်တည်ချက်သည် သူများနဲ့မတူဘူးဆိုတာ အရင် ခေါင်းထဲထည့်ထားပါ။ ပြီးရင် စဥ်းစားကြည့်ကြမယ်။ ဟုတ်ပြီ သူက အလုပ်အရင်ဝင်သွားတယ်။ ငါလည်း ကျောင်းပြီးရင်ဝင်မှာဘဲ ။ လုပ်သက်အနည်းအများထက် အရည်အချင်းရှိပြီး သေချာကြိုးစားတဲ့သူက တခြားသူကိုကျော်တတ်သွားမှာပါဘဲ။ အလုပ်အရင်စောလုပ်ပြီး ၂နှစ်၃နှစ် ဒီလစာ၊ဒီရာထူးနဲ့ဖြစ်နေရတဲ့သူတွေအများကြီးပါ။ မလိုဘဲ stressမထားပါနဲ့။
ဒုတိယ lvlကကျတော့ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါ လျှောက်တဲ့အလုပ်တွေမရတဲ့ အခါဖြစ်တဲ့ depression တွေ၊ stressတွေပါ။ အရမ်းစိတ်ညစ်မခံပါနဲ့။ ကိုယ့်ဘက်ကလိုအပ်ချက်ကြောင့်ဘဲလို့ အမြဲမတွေးဘဲ အလုပ်ရှင်ဘက် လိုအပ်ချက်ကြောင့်လည်းပါပါတယ်။ လူတိုင်းမှာ အားသာတဲ့အပိုင်းရှိတယ်။ အဲ့ဒီအားသာတဲ့အပိုင်းကို လုပ်ငန်းရှင်ဘက်က သူ့လုပ်ငန်းအတွက်မလိုအပ်သေးလို့ မခန့်တာလည်းဖြစ်နိုင်သလို၊ အဲ့ဒီ အရည်အချင်းအားသာချက်ကို supportလုပ်နိုင်စွမ်းမရှိသေးလို့လည်းပါပါတယ်။ ဒါကြောင့် စိတ်မပျက်ပါနဲ့..တခါတည်း အလုပ်တစ်ခုတည်းလျှောက် တစ်ခုတည်းတန်းရတာရှားပါတယ်။ မလျှော့သောဇွဲနဲ့ တွေ့သမျှလျှောက်ပါ။ ကိုက်ညီတာဆို ရလာမှာပါ။
တတိယ lvlကကျတော့ အလုပ်ရှာမရတဲ့အခါ depression, stressတွေအပြင် confusion တွေ doubtful တွေ ဖြစ်လာတာပါ။ ဒီနယ်ပယ်၊ ဒီအလုပ်ကိုက ငါနဲ့မကိုက်တာထင်တယ် ဆိုပြီးတွေးလာမယ်။ ပြီးရင် တဖြည်းဖြည်း ဒီနယ်ပယ်ကိုစိတ်မဝင်စားတော့ဘူးလို့ဖြစ်လာမယ်။ ဒီကျောင်းတတ်ခဲ့တဲ့အတွက် guilty တွေ ဖြစ်လာတယ်။ မိဘက by forceနဲ့ဆို မိဘကိုပါ စိတ်ဆိုးလာမယ်။ အဲ့လိုမဖြစ်ပါနဲ့။ ကျွန်တော်တို့ အပင်တစ်ပင်စိုက်ရင်တောင် မျိုးစေ့ချတာကနေ အပင်ထွက်ပြီး ခိုင်မာလာဖို့ အချိန်အများကြီးကုန်ရပါတယ်။ တစ်နေ့တစ်နေ့ ထွက်လာတဲ့အညွန့်အဖူးကို သတိထားမိဖို့ခက်ပါတယ်။ အပင်လည်း မထွက်လာဘူးဆိုပြီး စွဲနှုတ်လိုက်မှ မြေကြီးထဲမှာ အမြစ်တွေခိုင်မာအောင်တွယ်ကုပ်နေရတာကို မြင်မိတာမျိုးဖြစ်တတ်ပါတယ်။
၅နှစ် ၆နှစ် အနည်းဆုံးအမြစ်တွယ်နေတဲ့ မျိုးစေ့ကို ယုံကြည်ပါ။ ပွင့်ရင်အရမ်းလှမှာပါ။ အပေါ်က lvl2လိုဘဲ စိတ်ရှည်ရှည် နဲ့အလုပ်ကို ရှာပါ။ ကိုက်ညီတာတွေ့လာမှာပါ။
(P.S: တခြားနယ်ပယ်ကိုမပြောင်းရဘူးလားဆိုရင်တော့ ကိုယ့်ပေါ်မူတည်ပါတယ်။ riskယူနိုင်ရင်တော့ ပြောင်းပါ။ ကောင်းတဲ့နေရာရသွားတဲ့သူတွေလည်းရှိကြပါတယ်။ကိုယ်ရှိနေတဲ့နယ်ပယ်မှာ လုပ်သက်ယူပြီး ကိုယ်သွားချင်တဲ့နေရာကို နည်းလမ်းရှာပြီး(လိုတဲ့ knowledge ထပ်ဖြည့်ပြီး သွားရင်တော့ အကောင်းဆုံးပေါ့ဗျာ) )