Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေမြန်မာဌာန၏ တီဗွီမဂ္ဂဇင်းအစီအစဉ်ကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ ည ၇ နာရီမှ ၇ နာရီခွဲထိ ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ:How many episodes does အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ have?The podcast currently has 763 episodes available.
January 01, 2023ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇန်နဝါရီ ၁ ရက်၊ ၂၀၂၃ - ဇန်နဝါရီ ၀၁, ၂၀၂၃တနှစ်တာမြန်မာ့အရေးသုံးသပ်ချက် နှစ်သစ်ကူးအထူးအစီအစဉ်၊ ထိုင်းရောက်မြန်မာတွေရဲ့ နှစ်သစ်ကူးဆုတောင်းများ၊ ဒါ့အပြင် မကြေးမုံရဲ့ နှစ်သစ်ဓိဋ္ဌာန် အင်္ဂလိပ်စာတို့ကို တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်း နှစ်သစ်အထူးအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 31, 2022ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ - ဒီဇင်ဘာ ၃၁, ၂၀၂၂နှစ်တနှစ်ကုန်ဆုံးချိန် မြန်မာလူထု စစ်ကောင်စီရဲ့ ထိုးစစ်၊ နှိမ်နင်းမှုတွေ ကြုံနေရဆဲ၊ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ ဆွေးနွေး၊ ဒီလို မြန်မာဆိုင်ရာနဲ့ ကိုရီးယားကျွန်းဆွယ် ဒရုန်းပြဿနာ နိုင်ငံတကာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်၊ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ဘယ်လို တုန့်ပြန်မှုတွေရှိလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 25, 2022ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၂ - ဒီဇင်ဘာ ၂၅, ၂၀၂၂ခရစ္စမတ်ရာသီ အလုပ်များတဲ့ ဆန်တာ ဘိုးဘိုးများ၊ တိရိစ္ဆာန်လေးတွေအတွက် ခရစ္စမတ်စ်လက်ဆောင်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ အရေးကြီးတဲ့ နှလုံးကြွက်သားနဲ့သွေးကြောများ ကျန်းမာရေးအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ ဆင်နွှဲကြတဲ့ ခရစ္စမတ်ပွဲတော်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ ခရစ္စမတ်စ် အင်္ဂလိပ်စာတို့ကို ၂၀၂၂ ဒီဇင်ဘာ ၂၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်း ခရစ္စမတ်အထူးအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 18, 2022ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၂ - ဒီဇင်ဘာ ၁၈, ၂၀၂၂ခရစ္စမတ်ရာသီ ဂျင်းနံ့သင်းမုန့်နဲ့ ဆောက်ထားတဲ့ လန်ဒန်က မြို့တော်ကြီး၊ ယုန်လေးတွေ ဇိမ်ခံနိုင်တဲ့ ယုန်စပါးနဲ့ သူတို့တည်းဖို့ ယုန်ဟိုတယ်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လေဖြတ်ရှေ့ပြေး လက္ခဏာတွေသိထားပြီး လေမဖြတ်အောင် ကာကွယ်ဖို့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ အမှိုက်ကောက်ရောင်းရင် ဘဝကို ရပ်တည်နေသူ တယောက်အကြောင်း သိရမယ့် နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၂ ဒီဇင်ဘာ ၁၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 17, 2022ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၂ - ဒီဇင်ဘာ ၁၇, ၂၀၂၂မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံထားတဲ့ အမေရိကန် ကာကွယ်ရေးဥပဒေမူကြမ်း အထက်လွှတ်တော်အတည်ပြု၊ မြန်မာစစ်ကောင်စီနဲ့ ထောက်ခံသူများကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့မှု ထပ်တိုးလုပ်ဆောင်၊ ဦးဘိုဘိုငယ် စစ်ကောင်စီက ထောင်ဒဏ် ၂၀ ချ၊ ဒီလို မြန်မာဆိုင်ရာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်တာဝန်ယူမှု ဘယ်လောက် အရေးကြီးသလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ ဒီဇင်ဘာ ၁၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 11, 2022ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၂) - ဒီဇင်ဘာ ၁၁, ၂၀၂၂မိလ္လာပိုက်တွေပြုပြင်ထိန်းသိမ်းနိုင်တဲ့ ဂျပန်က ပင့်ကူစက်ရုပ်များ၊ စင်တာဘိုးဘိုးတွေ အပြေးပြိုင်တဲ့ပွဲ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ကိုဗစ်နောက်ဆက်တွဲ နှလုံးဝေဒနာအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေ ရှိထားတတ်တဲ့ ပန်းရောင်ကဒ်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 10, 2022ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၂) - ဒီဇင်ဘာ ၁၀, ၂၀၂၂ကန်ကာကွယ်ရေးအသုံးစရိတ် မြန်မာကို လက်နက်မဟုတ် ဒီမိုကရေစီရေး ထောက်ပံ့ဖို့ထည့်သွင်း၊ အီရန်ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထားသူတဦးကို ကွပ်မျက်လိုက်၊ ဒီလို မြန်မာနိုင်ငံနဲ့ ကမ္ဘာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်မီးကြောင့် စစ်ဘေးသင့်ရှောင်ပြေးနေရသူတွေ ခရစ္စမတ်ကာလ ဘာတွေတောင်းဆုပြုသလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ ဒီဇင်ဘာ ၁၀ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 04, 2022ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၂) - ဒီဇင်ဘာ ၀၄, ၂၀၂၂ကိုယ်လုံးတီးတွေစုဝေးကြတဲ့ ကမ်းခြေက နေ့တနေ့၊ ထိုင်းက မျောက်တွေ ဘူဖေးအဝစားရတဲ့ ပွဲ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လေဖြတ်သူတွေ ကုသရာမှာ ရလာဒ်ကောင်းတွေ့ရတယ်ဆိုတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်နိုင်တဲ့ ဗီဇာအမျိုးမျိုးအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၂ ဒီဇင်ဘာ ၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
December 03, 2022ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၂) - ဒီဇင်ဘာ ၀၃, ၂၀၂၂မြန်မာမှာ ရုရှားနည်းပညာဓာတ်ပေါင်းဖို့ဆောက်ဖို့ စစ်ကောင်စီပြင်ဆင်၊ NUG ယာယီသမ္မတ နိုင်ငံတကာက လေယာဉ်ပစ်လက်နက်ကူညီရန် တောင်းဆို၊ ကမ္ဘာ့ဖလားမှာ ပထမဆုံး အမျိုးသမီးဒိုင်တွေ ခန့်၊ ဒီလို မြန်မာနိုင်ငံနဲ့ ကမ္ဘာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်မီးကြောင့် အရင်ငြိမ်းချမ်းတဲ့ဒေသတွေက ပြည်သူတွေတောင် စစ်ဒဏ်သင့်ကြုံရတဲ့အကြောင်း သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ ဒီဇင်ဘာ ၃ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
November 27, 2022ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၇ ရက်၊ ၂၀၂၂ - နိုဝင်ဘာ ၂၇, ၂၀၂၂ဂျပန်မှာ စပျစ်ဝိုင်အရက်စိမ်ပြီး ရေချိုးနိုင်၊ အိန္ဒိယက မသန်စွမ်း စုံတွဲ ၅၀ ကျော် တူတူ မင်္ဂလာဆောင်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ဆီးချိုသမားတွေ အဆီနဲ့ အချို အထူးရှောင်ကျဉ်သင့် လူထုနဲ့ ကျန်းမာရေး၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးတဦး ဘဝကို ရှင်သန်ရပ်တည်နေပုံ အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ကြည့်ရှုနိုင်ပါတယ်။...more30minPlay
FAQs about အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ:How many episodes does အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ have?The podcast currently has 763 episodes available.