Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေမြန်မာဌာန၏ တီဗွီမဂ္ဂဇင်းအစီအစဉ်ကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ ည ၇ နာရီမှ ၇ နာရီခွဲထိ ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ:How many episodes does အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ have?The podcast currently has 782 episodes available.
April 15, 2023ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဧပြီ ၁၅ ရက်၊ ၂၀၂၃ - ဧပြီ ၁၅, ၂၀၂၃ပဇီကြီးရွာ စစ်တပ်လေကြောင်းထိုးစစ် ကလေးများနဲ့ အများအပြားသေဆုံးမှု နိုင်ငံတကာ ဝေဖန်သံညံ၊ မြန်မာစစ်တပ် ကာကွယ်ရေးအသုံးစရိတ် တဝက်ထပ်တိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ စစ်အာဏာသိမ်းပြီးနောက် သန်းပေါင်းများစွာကျဆင်းတဲ့ လယ်ယာပို့ကုန်၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ စစ်တပ်ထိုးစစ် အရပ်သားအများအပြား သေကြေမှု ပြည်တွင်း၊ ပြည်ပ တုံ့ပြန်ချက် ဒီလို သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဧပြီ ၁၅ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
April 09, 2023ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီ ၉ ရက်၊ ၂၀၂၃ - ဧပြီ ၀၉, ၂၀၂၃အီတလီ ဂန္တဝင် အနုပညာရှင် မိုက်ကယ်အန်ဂျယ်လိုရုပ်တုကြောင့် ကျောင်းဆရာမကြီး အလုပ်ထွက်ရတဲ့ထိဖြစ်၊ ဂျပန်က အမျိုးသားအင်္ဂါပွဲတော် ကာနားမားရာ့ပွဲတော်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ပူပြင်းတဲ့ရာသီမှာ ဘယ်လိုနေထိုင်စားသောက်ဖို့လိုအပ် လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဘန်ကောက် လမ်းညွှန်မှာ နေရာရတဲ့ မြန်မာစားသောက်ဆိုင်အကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
April 08, 2023ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဧပြီ ၈ ရက်၊ ၂၀၂၃ - ဧပြီ ၀၈, ၂၀၂၃ရန်ကုန် မင်္ဂလာဒုံ ပေါက်ကွဲမှု ဒေသခံတွေ ထိတ်လန့်၊ မြဝတီတိုက်ပွဲများကြောင့် အရပ်သားတွေ ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်ရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ တရုတ်မူဆယ်ဂိတ်ကနေ ကုန်သွယ်ယာဉ်အဝင်အထွက် ရာချီသွားလာပေမဲ့ မြန်မာယာဉ်မောင်းတွေကို ကန့်သတ်ဆဲ၊ ပဲခူးစိုက်ပျိုးရေမရမှု နွေစပါးမစိုက်နိုင်၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ အာဏာသိမ်းစစ်ကောင်စီ ပြောသလို ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်တဲ့ အခြေအနေ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဧပြီ ၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
April 02, 2023ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီလ ၂ ရက်၊ ၂၀၂၃ - ဧပြီ ၀၂, ၂၀၂၃ရေနဲ့ဖျော်သောက်လို့ရမယ့် ဘီယာမှုန့် ဂျာမနီတီထွင်၊ ခွဲစိတ်စရာမလိုပဲ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကုသနိုင်မယ့်စက်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အပူဒဏ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းတနေရာက မြန်မာစာသက်ကျောင်းလေးအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
April 01, 2023ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဧပြီလ ၁ ရက်၊ ၂၀၂၃ - ဧပြီ ၀၁, ၂၀၂၃နိုင်ငံရေးပါတီများ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာသတိပေး၊ မြန်မာ့စီးပွားရေး ဆက်လက် ကျဆင်းနိုင်ချေ ကမ္ဘာ့ဘဏ် ခန့်မှန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ဆန်ကို အကန့်အသတ်နဲ့ပဲ ပြည်ပတင်ပို့ခွင့်အတွက် စီစဉ်နေ၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အနာဂတ်မျိုးဆက်အတွက် ပညာရေးကို ဘယ်လိုရိုက်ခတ်မှုရှိလဲဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃ ဧပြီ ၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
March 26, 2023ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၂၆ ရက်၊ ၂၀၂၃ - မတ် ၂၆, ၂၀၂၃အဝေးရောက်ချစ်သူကို အနမ်းပေးနိုင်မယ့်စက်၊ စက်ကိုပိုက်ဆံထည့်တာနဲ့ ဒံပေါက်အသင့်ထွက်လာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စိတ်ကျရောဂါ ကုသမှု နည်းလမ်းမှန်တွေ တင်ပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ စစ်ကိုင်းနဲ့ မကွေးက ဒုက္ခတွေ အကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၂၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
March 25, 2023ဗွီအိုအေ တပတ်အတွင်းသတင်း၊ မတ်လ ၂၅ ရက်၊ ၂၀၂၃ - မတ် ၂၅, ၂၀၂၃စစ်ကောင်စီကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေထပ်ချ၊ ရခိုင်ပြည်နယ်အခြေအနေတိုးတက်လာရေး ဘင်္ဂလားဒေ့ရ်ှ တိုက်တွန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ တရုတ်ကို ကုန်ကားတွေပဲ ဝင်ခွင့်ရပြီး တရုတ်က ကုန်တွေ သယ်လာခွင့်မရလို့ အခက်တွေ့၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးလာတာကို နိုင်ငံတကာက ဘယ်လိုတုံ့ပြန်ဆိုတဲ့ သတင်းထောက်မှတ်စု တို့ကို ၂၀၂၃ မတ်လ ၂၅ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
March 19, 2023ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၁၉ ရက်၊ ၂၀၂၃ - မတ် ၁၉, ၂၀၂၃အရေပြားကင်ဆာ သတိပြုကာကွယ်နိုင်ဖို့ ကိုယ်လုံးတီးချွတ်ကြသူများ၊ ကိုယ်မုန်းသူကို ကိုယ့်ဘေးကလွင့်အောင်လုပ်တဲ့ ယတြာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စိတ်ကျရောဂါ ပိုဆိုးဆိုးခံစားနိုင်ရသူတွေက ဘယ်သူတွေလဲဆိုတာ တင်ပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံက မွန်ရွာလေးအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
March 18, 2023ဗွီအိုအေ တပတ်အတွင်းသတင်း၊ မတ်လ ၁၈ ရက်၊ ၂၀၂၃ - မတ် ၁၈, ၂၀၂၃မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး၊ စင်္ကာပူဝန်ကြီးချုပ်က မြန်မာ့အကျပ်အတည်းကို အာဆီယံ၊ နိုင်ငံတကာ နဲ့ ပူးပေါင်းဖြေရှင်းဖို့ ကတိပြု၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ဈေးကောင်းရနေတဲ့ ရော်ဘာ၊ ပြီးတဲ့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ ဒုက္ခသည်တွေဆီ သေချာရောက်ရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲ တွေ့ဆုံမေးမြန်းခန်း တို့ကို ၂၀၂၃ မတ်လ ၁၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
March 12, 2023ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၁၂ ရက်၊ ၂၀၂၃ - မတ် ၁၂, ၂၀၂၃တားမြစ်ခံထားရတဲ့ မုဆိုးမတွေပါ ပါဝင်နိုင်လာတဲ့ အန္ဒိယရဲ့ ဆေးရောင်စုံဟိုလီပွဲတော်၊ ပဟေဠိဖြေရှင်းနိုင်တဲ့ ဘန်ဘယ်ဘီး ပိတုန်းကောင်လေးများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ရင်သွေးတွေမှာ ပါလာတတ်တဲ့ Down Syndrome မွေးနိုင်ခြေနည်းအောင် သတိပြုသင့်သည့် အချက်များ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဘန်ကောက်က မြန်မာစကားပြောဆေးဆိုင်အကြောင့် နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။...more30minPlay
FAQs about အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ:How many episodes does အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ have?The podcast currently has 782 episodes available.