Rakhine State's News-You-Can-Use Talk Show. A weekly curated news and talk radio program and podcast with episodes in Rohingya and Rakhine languages. The show promotes social cohesion and reconciliation in Rakhine State, creating a space for dialogue on ethnic and religious diversity.
ရခိုင်ပြည်နယ်ရဲ့ News-You-Can-Use Talk Show အပတ်စဥ်သတင်းအစီအစဥ်၊ စကားပြောရေဒီယိုအစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။
- တိုင်းပြည်အာဏာကို ပြည်သူထံပြန်အပ်ရေး တရုတ်နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံသံတို့ ဆွေးနွေး
- ရွှေဘိုမှာ အမျိုးသမီးငယ်တွေအပါအဝင် PDF ကိုးဦး သတ်ဖြတ်ခံရ
- ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်
- ရက္ခိုင့်တပ်တော်(AA) တပ်စခန်းအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ တပ်ဖွဲ့ဝင်အချို့ကျဆုံး
- ဖွဲ့စည်းပုံအသစ်ပြန်ဆွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အာဆီယံကိုယ်စားလှယ်ကို AFP ပါတီ အကြံပြုခဲ့
- ကျောက်ကြီးမြို့နယ်ထဲ ၂ ရက်အတွင်း စစ်ရှောင် ၄ သောင်းနီးပါးရှိလာ
- မြိုင်မြို့နယ်ရှိ ကျေးရွာမှ ပြည်သူများက လက်ဝတ်ရတနာများချွတ်လှူ၍ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူရာတွင် အသုံးပြုမည်ဖြစ်
- ပြန်ပေးဆွဲမှု ပေးရငွေအတွက် မောင်တောက ဆရာ ဆရာမတွေဆီက ကျပ်တသောင်းစီဖြတ်ခံရ
- စစ်ကောင်စီပိတ်ထားတဲ့ ရေကြောင်းခရီးစဉ်များ ပြန်ဖွင့်
- ဇွန်လအတွင်း ရခိုင်က မြို့နယ်သုံးခုမှာ ရိုဟင်ဂျာ ၁၄ ဦးအဖမ်းခံရ
- ယူကရိန်း အရှေ့ပိုင်း Lysychansk မြို့ကို သိမ်းပိုက်ကြောင်း ရုရှားကြေညာတဲ့သတင်းနဲ့
- အိန္ဒိယမြောက်ပိုင်းမှာ ဟိန္ဒူ၊ မွတ်စလင် ဘာသာရေးတင်းမာမှုဖြစ်ပွားတဲ့သတင်း အပါအဝင် ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။