Rakhine State's News-You-Can-Use Talk Show. A weekly curated news and talk radio program and podcast with episodes in Rohingya and Rakhine languages. The show promotes social cohesion and reconciliation in Rakhine State, creating a space for dialogue on ethnic and religious diversity.
ရခိုင်ပြည်နယ်ရဲ့ News-You-Can-Use Talk Show အပတ်စဥ်သတင်းအစီအစဥ်၊ စကားပြောရေဒီယိုအစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။
- ဘင်္ဂလားဒေ့ရှ်နယ်မြေထဲ မော်တာကျည်ကျရောက်လို့ မြန်မာသံအမတ်ကို ခေါ်ယူကန့်ကွက်
- စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမှာ ကလေးအပါအဝင် ၂ ဦး သေ၊ ၁၀ ဦးဒဏ်ရာရ
- ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားနေတယ်လို့ NUG ကတိပြု
- ICJ မှာ ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတဲ့အမှုကို ဗြိတိန်နဲ့ အမေရိကန်ထောက်ခံမယ်လို့ဆို
- ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်အတွက် နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်တွေကို စစ်ကောင်စီရှုတ်ချ
- ပြည်တွင်းရွှေဈေး ၃၁ သိန်းကျော်လာသလို ဒေါ်လာစျေး ၃၆၅၀ ကျပ်အထိရောက်
- အာဏာသိမ်းကာလအတွင်း နေအိမ်ပေါင်း ၃ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံထား
- ၁၈ လတာအတွင်း ကရင်နဲ့ စစ်ကိုင်းက အပြင်းထန်ဆုံး တိုက်ပွဲတွေရှိနေတဲ့ဒေသတွေဖြစ်
- အင်းစိန်ထောင်မှ ထွက်လာတဲ့ တရားသူကြီးကား ပစ်ခတ်ခံရ
- နိုင်ငံရဲ့ သုံးပုံတစ်ပုံရေကြီးခဲ့တဲ့ ပါကစ္စတန်မှာ လူတစ်ထောင်ကျော်သေဆုံးခဲ့တဲ့သတင်းနဲ့
- မြန်မာဟာ ရုရှားထံက လောင်စာဆီဝယ်ယူရေး အာရှဒေသတွင်းက အရေးကြီးတဲ့စျေးကွက်ဖြစ်တယ်လို့ ဝါဆောအင်စတီကျူ ပြောလိုက်တဲ့သတင်း အပါအဝင် ပြည်တွင်းပြည်ပသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။