Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
Everything about business development, marketing, communication, blogging, vlogging and other stuffs.... more
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.
October 27, 2022Post တွေကို User မမြင်အောင် off လုပ်လို့ရလား..?Q: ညီမက online shopping လုပ်တာပါ။ ပစ္စည်းအသစ်တွေအထွက်များရင် တစ်ရက်ကို post 30 နီးပါး တင်တဲ့ရက်တွေလဲရှိပါတယ်။ အခုအရင်လက post တွေပြန်ရှာကြည့်တာ Facebook user အနေနဲ့ အရင် လက post တွေမတွေဖြစ်နေလို့ပါ။ business manager ကကြည့်တော့ post ကရှိပါတယ်။ အဲ့လိုဖြစ်နိုင် လားရှင်။ user မမြင်ရအောင် off လုပ်လို့ရောရလား။ page admin ကနှစ်ယောက်ဖြစ်နေလို့ပါ။ A: off လုပ်လို့ရလားဆိုတော့ အရင်ကတော့ hide ဆိုတဲ့ feature ပါတယ်။ hide ဆိုတာကိုယ့်အနေနဲ့ပဲရတာ။ business page မှာတော့သွားပြီး hide လို့မရဘူးထင်တာပဲ။ business page မှာတော့ edit post နဲ့ delete post ပဲရပါတယ်။ hide မရပါဘူး။ ဆိုတော့အကြံပေးချင်တာက ပျောက်နေတယ်ဆိုလို့ရှိရင် Facebook check support ကိုပဲသွားပြီးတော့ မေးကြည့်ပါ။ ဘာလို့ပျောက်လဲပေါ့နော်။ post ၃၀ ကတော့နည်းနည်း များသလိုပဲ။ #marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
October 26, 2022အစ်ကို့အကြိုက်ဆုံး brand က ဘာလဲ..?Q: အစ်ကို့ အကြိုက်ဆုံး brand?A: လုံးဝအကြိုက်ဆုံး brand တစ်ခုပြောမယ်ဆို Coca Cola ပါ။ Coca Cola ရဲ့ marketing တွေက ကျွန်တော် ၁၂ နှစ်သားလောက်ထဲကကြည့်လာတာ အခုထိပဲ။ ကျွန်တော်အရမ်းသဘောကျတယ်။ ပြီးတော့သူတို့ brand ကိုသူတို့ဖော်ပြတဲ့ဟာတွေကို သဘောကျတာ။ happiness ဆိုတဲ့ဟာတစ်ခုကို သူတို့ရဲ့ brand ထဲ မှာမြုပ်လိုက်ပြီးတော့ marketing campaign တွေအကုန်လုံးကို အဲ့ဒီ happiness ဆိုတဲ့စကားလုံးကို ပြသွားတာ။ အရမ်းသဘောကျတယ်ဆိုတော့ ကျွန်တော့်ရဲ့ သည်းခြေကြိုက် brand ပေါ့လေ။ #marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
October 25, 2022Facebook Shop က မြန်မာနိုင်ငံအနေအထားနဲ့ အသုံးဝင်သေးလား..?Q: Facebook Shop ကနောက်ပိုင်းမှာ error များလို့သိပ်မသုံးကြတော့ဘူးဆိုတာရောဟုတ်လားဗျ။ မြန်မာ နိုင်ငံအနေအထားနဲ့ရော အသုံးဝင်သေးလားဗျ။ ကျွန်တော် shop ဆောက်ကြည့်တာ 48 နာရီကျော်လည်း shop ကို publish လုပ်လို့မရဖြစ်နေလို့။ A: အဲ့တော့ shop ကဝယ်တာတော်တော်လေးနည်းတယ်ပေါ့နော်။ shop ကအဲ့လောက်ကြီး effective ဖြစ် တယ်လို့တော့ မထင်ဘူး။ ကျွန်တော်ကတော့ shop ဆိုတာထက် ဒီဘက် agency မှာ service ပေးနေ တာလေးတစ်ခုရှိတယ်။ chat box ထဲမှာ commerce platform သေးသေးလေးတစ်ခုထည့်ပေးလိုက်တာ။ shop ကသွားကြည့်တယ်ဝယ်တယ်ဆိုတာက အရမ်းရှားတယ်။ မြန်မာနိုင်ငံမှာက post တွေ့တယ်။ send message ပို့လိုက်တယ်။ message box မှာဝင်မေးတယ်။ ဘယ်လောက်လဲ။ ဘယ်မှာဝယ်လို့ရလဲ။ ဘာအရောင်တွေရှိလဲ။ ပစ္စည်းလာပို့ပေးလား။ ဘယ်လောက်ကျလဲ။ စတာတွေမေးကြတာများတော့ ကျွန်တော်က လူတွေသိပ်မသွားဖြစ်တဲ့ Facebook shop ဆိုတာထက် Facebook messenger platform ထဲမှာ e-commerce သေးသေးလေးတစ်ခုဝင်လုပ်လိုက်တာက ပိုပြီး effective ဖြစ်နိုင်တယ်လို့မြင်တယ်။ ကျွန်တော်တို့လုပ်လည်းလုပ်ပေးနေတဲ့ client တွေရှိပါတယ်။ shop ကတော့အရင်တုန်းကလုပ်ကြည့်တာ သိပ်ပြီးအဆင်မပြေဘူးပေါ့လေ။ public ကလုပ်လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့နေရာမှာ custom experience ပဲ မကောင်းလို့လား။ ဒါမှမဟုတ် မြန်မာနိုင်ငံလူတွေကပဲ behavior မရှိလို့လားမသိဘူး။ ကိုယ်ပဲအသုံးမကျ လို့လားမသိဘူး။ အဲ့ဒီ shop section ထဲက product တွေက ဝယ်ကြတာအရမ်းနည်းပါတယ်။ chat bot ထဲကလုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Level Up page ရှိပါတယ်။ သွားပြီးမေးကြည့်ပါ။ e-commerce platform ကိုဘယ်လိုမျိုးဆောက်ထားတာလဲဆိုတာ ကျွန်တော်တို့ဖြေပေးပါမယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
October 24, 2022page တစ်ခုချင်းစီရဲ့ တစ်လစာ invoice ကိုဘယ်လိုဆွဲထုတ်လို့ရနိုင်မလဲ..?Q: page တစ်ခုချင်းစီရဲ့ တစ်လစာ invoice ကိုဘယ်လိုဆွဲထုတ်လို့ရနိုင်မလဲ ကို Alex ။A: (ကိုသန်းထက်အောင်) ဒုတိယတစ်ခုလည်း အဲ့ဒီ ads account တွေကကျကျနေတာတွေရှိတယ်။ ကျွန်တော်တို့က တစ်ခါတစ်လေကျရင် page နှစ်ခုသုံးခုကိုလည်း ads ပွင့်နေတဲ့ account တွေနဲ့ run လိုက်ရတဲ့အခါတွေလည်းရှိတယ်။ အဲ့အချိန်ကျရင် client တွေအတွက်ကို budget တွေ ကျွန်တော်တို့သုံးခဲ့တဲ့ page တစ်ခုချင်းစီအတွက်ကို budget တွေပြန်ပြီးဖယ်ပေးတာပေါ့နော်။ အဲ့လိုဖယ်ပေးရတဲ့အချိန်မှာ ads reporting ဆိုတာရှိတယ်။ ads reporting ထဲသွားပြီးလို့ရှိရင် create အသစ်လုပ်လို့ရတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ads account ကိုရွေးလိုက်ပေါ့လေ။ ရွေးပြီးသွားလို့ရှိရင် ညာဘက်မှာ breakdown တွေ metric တွေ ကျွန်တော်တို့ထည့်ချင်တာတွေ ဒါကျွန်တော်တို့ report မှာထည့်ချင်တာတွေ အများကြီးထည့်လို့ ရတာပေါ့လေနော်။ country, region, gentle တွေကအစ အကုန်လုံးထည့်လို့ရတယ်။ အဲ့အချိန်မှာ page name လေးကိုထည့်လိုက်ပေါ့နော်။ ထည့်ပြီးရင် page name မှာ run ခဲ့တဲ့ page တစ်ခုချင်းစီရဲ့ နာမည်တွေအကုန်လုံးကျလာလိမ့်မယ်။ ပြီးရင် budget တွေထည့်တာ၊ cost per result တွေထည့်လို့ ရတာတွေလည်းပါတယ်။ ပြီးရင် download ဆွဲတဲ့ဟာရှိတယ်။ file ကို format မျိုးစုံနဲ့ဆွဲလို့ရတယ်။ ကျွန်တော်တို့ကတော့ ပုံမှန်ဆွဲနေကျ comer separated နဲ့ပဲဆွဲတယ်။ download ဆွဲပြီးရင် page name တွေအကုန်ပါလာတာဖြစ်တဲ့အတွက် sources ပြန်ခံပြီးတော့ page တစ်ခုချင်းစီအတွက် budget တွေ ပြန်ထုတ်လို့ရတာပေါ့နော်။ အဲ့လိုလေးလုပ်လို့ရပါတယ်။ ဆိုလိုချင်တာက ads reporting panel ကို ရောက်သွားပြီဆိုရင် ပထမဆုံးဘယ် ads account အတွက် report လုပ်မှာလဲဆိုတဲ့ဟာရွေးပေးရတယ်။ အဲ့အချိန်မှာတစ်ခါတည်း နှစ်ကောင့်သုံးကောင့်ရွေးလို့ရသလို တစ်ခုချင်းစီလည်းရွေးလို့ရတယ်။ အဲ့အချိန် မှာ page name လေးထည့်လိုက်ရတာပေါ့လေ။#marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
October 23, 2022Media Buying အမြဲလုပ်ပြီး ရပ်လိုက်ရင် Reach မရတော့တာမျိုးဖြစ်တက်လား..?Q: (၁) page အသစ်တစ်ခုအနေနဲ့ ပထမလမှာ media buying ကောင်းကောင်းလုပ်ပြီး အလုပ်တော် တော်ဖြစ်ခဲ့တယ်။ ဒုတိယလမှာ media buying ရပ်လိုက်ပြီးနောက် တတိယလမှပြန်လုပ်ရင် အရင် လောက် reach မရတော့တာဖြစ်တတ်လားဗျ။A: ကျွန်တော်ဖြေမဲ့အစား ကျွန်တော့်တို့ရဲ့ media buyer ပေါ့နော်။ performance marketer ကိုသန်းထက်အောင် ရှိပါတယ်။ သူ့ကို welcome လုပ်ပြီးတော့မှ discuss လုပ်တာပေါ့။ A: ကိုသန်းထက်အောင် - ပထမဦးဆုံးကတော့ page အသစ်တစ်ခုမှာ ပထမလမှာ media buying လုပ်ပြီး တော့ ဒုတိယလမှာခဏနားပြီးတော့ တတိယလမှာပြန်လုပ်ရင် အရင်လောက် reach မရတော့တာ ဆိုတော့ အဲ့ဟာကဖြစ်တတ်ပါတယ်ဗျ။ တစ်လလောက်နားလိုက်တာမဟုတ်ဘဲ ၁၅ ရက်လောက်နားရင် တောင်မှ ပုံမှန် run နေကျ ads account နဲ့ page အတွက်ကို audiences ရှိတယ်ပေါ့နော်။ audience တွေက ပုံမှန် run နေကျမဟုတ်တော့ရင် တစ်လ ဒါမှမဟုတ် ၁၅ ရက်လောက်နားပြီးမှ ပြန်ပြီး run မယ်ဆိုရင်တော့ Facebook ရဲ့ learning stage ထဲတော့ပြန်ဝင်သွားတတ်တယ်ဗျ။ အဲ့တာဆိုရင် ပထမစစချင်းတွေက result တွေသိပ်မကောင်းတတ်ဘူး။ ဒါပေမဲ့ learning stage ကိုစိတ်ရှည်ရှည်ထားပြီး စောင့်လိုက်ရင်တော့ ပုံမှန် audience တွေကိုပဲ run ရင်းနဲ့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ စစချင်းကတော့ cost per result နဲ့ reach တွေကတော့ နည်းနည်းကျနေတတ်တယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
October 22, 2022Traffic Message နဲ့ Message နှစ်ခုက ထိရောက်မှု ဘယ်လိုကွာလဲ..?Q: campaign က traffic ရဲ့ message နဲ့ message နှစ်ခုက ဘယ်လိုထိရောက်မှုကွာလဲဆရာ။ A: message ကတော့ message ပိုဝင်ပါတယ်။ traffic ကတော့ click ကိုပဲတိုင်းပေးတာပါ။ message ကို တိုင်းမပေးပါဘူး။ Facebook ads manager ရဲ့ optimization က ကိုယ်က message လိုချင်တယ်ဆိုရင် message နဲ့ပဲလုပ်ပါ။ ဆိုလိုချင်တာက traffic ကကျတော့ အဲ့ဒီကြော်ငြာထဲမှာ call to action button ပါတယ်။ call to action button နှိပ်သွားတဲ့သူတွေကို traffic ကပြပေးတာ။ message ကကျတော့ run နေတဲ့ messenger box တွေကိုလာပြီးစကားပြောတဲ့သူတွေကို ပြပေးတာဆိုတော့ မတူဘူး။ အဲ့တော့ message လိုချင်တယ်ဆိုရင် အကြံပေးလေ့ရှိတာက message နဲ့ပဲ run ပါ။ အဲ့ဒါ အကောင်းဆုံးပဲ။ #marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
October 21, 2022Slogan နဲ့ Tag Line ဘာကွာလဲ..?Q: slogan နဲ့ design မှာထည့်တဲ့ tag line အကြောင်းလေးပြောပြပါဦး အစ်ကို။ A: slogan နဲ့ tag line ဘာကွာလဲဆိုရင် Same Same but difference ပေါ့နော်ကျွန်တော့်အမြင် slogan နဲ့ tag line နှစ်ခုကွာတဲ့ပုံစံမျိုးက slogan ကဘယ်ဘက်ကိုဦးစားပေးသွားလဲ ဆိုရင် benefit ကိုပြတဲ့ကြော်ငြာဘက်ကို ပိုပြီးသွားတယ်လို့မြင်တယ်။ tag line ကကျတော့ လူတွေကြား ထဲမှာ ခေါ်လို့ကောင်းအောင်ဆိုပြီးပေးနေကြတဲ့ ပုံစံမျိုးတွေတော့မြင်တယ်။ အမှန်တကယ် ပွင့်ပွင့်လင်း လင်းပြောမယ်ဆိုရင် နှစ်ခုကအတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့မြင်တာက slogan သည် sleazy နည်းနည်းလေးပိုဖြစ်မယ်။ brand benefit ဘာညာသရကာပေါ့နော်။ tag line ကကျတော့ public relationship (PR) ပုံစံမျိုး branding ပုံစံမျိုးသွားတာများတယ်လို့မြင်တယ်။ ပြီးတော့ design မှာထည့်တာ tag line အပြင်နောက်တစ်ခုက copy ။ copy နဲ့ tag line မှားမှာစိုးလို့။ copy က visual copy လို့ခေါ်တယ်။ post copy နဲ့ visual copy ဆိုပြီးနှစ်မျိုးရှိတယ်။ visual copy ကကျတော့ design တစ်ခုလုံးမှာ ဥပမာ- social media ထဲမှာ သီတင်းကျွတ်ပရိုမိုးရှင်းဆိုပြီးရေးလိုက်တယ်။ အဲ့ဒါက visual copy ။ tag line ကကျတော့ တန်လည်းတန် မှန်လည်းမှန် မြန်လည်းမြန်ဆိုတဲ့ဟာမျိုး။ ဥပမာ- service center တစ်ခုကနေ ကြော်ငြာမယ်။ တန်လည်း တန် မှန်လည်းမှန် မြန်လည်းမြန်ဆိုတဲ့ဟာက tag line ။ သီတင်းကျွတ်အထူးစျေးရောင်းပွဲတော်ဆိုတဲ့ ဟာက visual copy ။ အဲ့တော့ tag line နဲ့ slogan ကကျတော့ slogan ကနည်းနည်းလေး sleazy ဖြစ်တယ်။ ကြော်ငြာတဲ့ဘက်ကိုပိုသွားတယ်။ tag line ကကျတော့ ခေါ်လို့ကောင်းတဲ့ဘက်ကိုပိုသွား တယ်လို့ ကျွန်တော့်အနေနဲ့မြင်မိတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
October 20, 2022Second Hand run တဲ့အခါ content နဲ့ design ကို ဘယ်လိုသွားသင့်လဲ..?Q: second mobile ကို run တဲ့အခါမှာရော content နဲ့ design တွေကို ဘယ်လိုမျိုးသွားသင့်ပါလဲ ကို Alex။ A: ကျွန်တော်ဝယ်ထားတဲ့ ပစ္စည်းတော်တော်များများကတော့ second hand တွေ ။ brand new နဲ့ second hand နဲ့က သိပ်မှမကွာတာ။ ဆိုတော့ second hand ဝယ်ပေါ့နော်။ ဒါပေမဲ့ second hand ဝယ်တဲ့အချိန်မှာ အကြောက်ဆုံး fear ကဘာလဲဆိုတော့ campaign တွေ content တွေ creation တွေ design creation တွေသွားတဲ့အချိန်မှာ အဲ့ဒီ customer fear ကိုပြန်ပြီးဖြေပေးရတာပေါ့နော်။ fear ကဘာလဲဆိုတော့ ဂျင်းထည့်ခံရမှာကြောက်တာ။ နှစ်ဂျင်းရှိတယ်။ စျေးဂျင်းနဲ့ ပစ္စည်းဂျင်း။ ပစ္စည်းကောင်းတယ်စျေးအရမ်း များတယ်ဆိုတဲ့ဟာနဲ့ စျေးအရမ်းပေါတယ်ပစ္စည်းကလည်းစုတ်ပျက်သတ်နေတာပဲဆိုတဲ့ဟာ။ အဲ့လိုဂျင်း ထည့်ခံရမှာကြောက်တဲ့ဟာကို ဒီ second hand mobile ကနေဘယ်လိုမျိုး solution ပေးနိုင်လဲပေါ့နော်။ customer fear ကို functional နဲ့တည့်ချိတ်တာ။ အဲ့ဒီပုံစံမျိုးနဲ့ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သည် အမြဲတမ်း customer base ကိုစဉ်းစားတာဆိုတော့ customer သည် ဘယ်လိုလူလဲဆိုတာသိဖို့ အရမ်းအရေးကြီး တယ်။ ဆိုလိုချင်တာက သူ့ရဲ့အသက်တွေ၊ နေတဲ့မြို့နယ်တွေ၊ ကိုယ့်ရဲ့ဆိုင်ဖွင့်ထားတဲ့မြို့နယ်၊ ပြီးရင် ပတ်ချာလည်ဘယ်နှစ်မိုင်အတွင်းကို သွားမှာလဲဆိုတာတွေ၊ သူ့ရဲ့စိတ်ဝင်စားတဲ့ဟာတွေ၊ hobbies တွေ၊ ဝင်ငွေတွေ၊ ရာထူးတွေ စတာတွေအကုန်လုံးသိပြီဆိုတော့မှပဲ brand direction ကိုအရင်ဆုံးတည်ပြီးတော့ ဒုတိယအဆင့်အနေနဲ့ content topic တွေဘာတွေဆက်ပြီးစဉ်းစာတာဆိုတော့ အခုဟာကရုတ်တရက် ကြီး content နဲ့ design အတွက်မေးတာဆိုတော့ အဲ့ဒီဟာအတွက် အဖြေမရှိပါဘူး ဆောရီးပါ။ #marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
October 19, 2022Niche အရမ်းဖြစ်တဲ့ Market ကို ဘယ်လို Brand တည်ဆောက်မလဲ..?Q: မင်္ဂလာပါ ကို Alex ရေ။ consideration stage မှာ competitor တွေများနေတယ်ဗျာ။ product ရဲ့ core value ကလည်း အတူတူပဲလိုဖြစ်နေတော့ differentiation လုပ်ဖို့လည်းမလွယ်လောက်ဘူး ယူဆတယ် ဗျ။ ကိုယ့် branding ကိုပဲ တည်ဆောက်သင့်လားဗျာ။ တခြား idea လေးများရှိနိုင်ဦးမလားဗျ။ နောက် တစ်ခုက custom audience ဆောက်ဖို့အတွက် လူအရမ်းနည်းနေတယ်ဗျ။ market က niche အရမ်း ဖြစ်နေတာမို့လည်းပါတယ်ဗျ။ အဓိကက retargeting လုပ်ချင်တာပါ။ frequency များများလေးပြချင် လို့ပါ။ အခုကအနည်းဆုံး size ဘယ်လောက်ဖြစ်သွားပြီလဲ။ real estate market ပါဗျ။ A: အဲ့တော့ဘယ်လောက်ကြီးပဲ niche ဖြစ်တဲ့ core value တူတဲ့ brand ဖြစ်နေနေ differentiation က လုပ်လို့ရပါတယ်။ differentiation လုပ်လို့မရဘူးဆိုရင် ဘာလို့ကိုယ့် brand ကိုဝယ်တော့မှာလဲပေါ့လေ။ ကျွန်တော့်အမြင်ပါ။ ဥပမာ- Pepsi နဲ့ Coca Cola နဲ့ဆိုလို့ရှိရင် brand ဖြုတ်ကြည့်လိုက် အဲ့နှစ်ခု ဘာကွာလဲ။ ဘာမှမကွာဘူး။ ရေထဲကို သကြား၊ ဆိုဒါ၊ ဂတ်စ် ထည့်ပြီးရောင်းနေတဲ့ အဖွဲ့တွေ။ အဲ့တော့ ဘာမှမကွာဘူး။ ဥပမာ- Star cola ရယ် Pepsi ရယ် Coca Cola ရယ်ကို differentiation လုပ်ပါဆိုလို့ရှိရင် brand နဲ့လုပ်လို့ရတယ်။ အဲ့တော့ real estate မှာလည်း brand တွေနဲ့လုပ်လို့ရတာပဲ။ real estate ကို တကယ်အောင်မြင်နေတဲ့အဖွဲ့တွေ အများကြီးပဲ။ ဥပမာ- စိုးစံတို့ I Myanmar house တို့စတဲ့ဟာတွေ အများကြီးရှိတယ်။ ကိုယ့်အနေနဲ့က ဘယ် story ပေါ်မှာဘယ်လိုမျိုး differentiate လုပ်ကြမလဲဆိုတဲ့ ပုံစံမျိုုးနဲ့ မူတည်ပြီးသွားလို့ရတယ်။ အနည်းဆုံးတော့ ကိုကောင်းထက်သာဆီမှာ brand NARKHI type တော့ရှိသင့်တယ်။ brand NARKHI type ၁၂ မျိုးရှိတဲ့အထဲကနေ ဘယ်ဟာနဲ့ကိုက်လဲဆိုတာမျိုးမှာ မူတည်ပြီးတော့ brand ရဲ့ core message ကိုအရင်ဆုံးတည်ပေါ့လေ။ core message နဲ့ brand NARHKI type နှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင် brand differentiation ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုချင်တာကဗျာ Coca Cola ရဲ့ core message က happiness ဆိုတာကိုသွားထားတာ။ Pepsi ရဲ့ core message က ကျတော့ next generation ဆိုတာမျိုးသွားထားတာ။ အမြဲတမ်းသစ်လွင်နေတဲ့ ဟာမျိုးဘက်ကိုသွားထာ တာ။ အဲ့မှာမတူတဲ့အချိန်မှာ Coca Cola ရဲ့ brand NARKHI type ပုံစံက innocent ဖြစ်တဲ့ဘက်ကို ပိုသွားတယ်။ Pepsi ရဲ့ဟာကကျတော့ form ဖြစ်တဲ့ဟာမျိုးကို ပိုသွားမယ်နဲ့တူတယ်။ ကျွန်တော့် personal အမြင်ပေါ့လေ။ အဲ့တော့ brand တွေရဲ့ core message မတူတဲ့အချိန်မှာ သူတို့ရဲ့ content တွေ လည်းကွဲသွားတယ်။ ကိုယ့်ဟာကိုယ်လည်း differentiation လုပ်လို့ရမယ်လို့လည်း ယုံကြည်ပါတယ်။ market က niche ဖြစ်တယ်ဆိုလို့ရှိရင်က retargeting လုပ်နေမဲ့အစား ခုနကပြောသလို အဲ့ထဲမှာရှိနေတဲ့ influencer တွေ KOL တွေကိုချိတ်ဆက်ပြီးတော့မှ သူတို့နဲ့ long term content ထုတ်ချလိုက်ပြီးတော့ပါ။ တစ်လကို ၁၀ post လောက်ကို run တာကပိုပြီးတော့ affective မဖြစ်နိုင်ဘူးလား။ ကျွန်တော်ကတော့ အဲ့လိုပဲမြင်တယ်။ ပြီးတော့မှ ကိုယ့်ရဲ့ message နဲ့ပဲဖြစ်ဖြစ် video ကိုပဲဖြစ်ဖြစ်ကို ပြလိုက်ပြီးတော့မှ ကျွန်တော်တို့ video ကိုလာကြည့်မယ်။ message လာပို့မယ်ဆိုရင် အဲ့လူတွေကို retargeting ပြန်လုပ်လို့ ရတယ်။ retargeting run ကြမယ်ဟေ့ဆိုတဲ့ဟာက technician အတွေးပါ။ ဘာလို့လဲဆိုတော့ ဒီ platform က retargeting လုပ်လို့ရတယ်ဆိုပြီး လုပ်ကြမယ်ဆိုတဲ့ဟာမျိုးတွေးလိုက်တာ ဖြစ်ဖို့များတယ်။ အဲ့လိုမတွေးဘဲ ကျွန်တော်တို့ platform ကိုမတွေးဘဲနဲ့ customer ကိုအရင်ဆုံးတွေးကြည့်ဗျာ။ customer သည်ဘယ်ပေါ်မှာ attention တွေပေးနေတာလဲဆိုတာ သိရမယ်ဆိုလို့ရှိရင် ကိုကောင်းထက်သာရဲ့ brand ကို build လုပ်ရတာပိုပြီးလွယ်ပါလိမ့်မယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more5minPlay
October 18, 2022Facebook Group တွေကို နောက်ပိုင်းမှာ ဖယ်ရှားလာနိုင်ချေရှိလား..?Q: page access ရထားတဲ့သူက Facebook group တွေထဲ post တွေ share မိရင် နောက်ပိုင်းမှာ penalty ပေးမယ်လို့ ကြားမိတယ်ဗျာ။ Facebook group တွေတောင်နောက်ပိုင်း ဖယ်ရှားပစ်မလားပဲနော်။ A: Facebook Group တွေကတော့ တစ်သက်လုံး Facebook ကဖယ်မှာတော့ မဟုတ်ဘူး။ တစ်သက်လုံးတော့ ပြောလို့မရပေမဲ့ ရေတိုမှာတော့ ဖယ်မှာမဟုတ်ဘူး။ Facebook ရဲ့ ၂၀၁၈ update တုန်းက ဇူကာဘတ် ပြောခဲ့တဲ့ Facebook သည် friends and families တွေရဲ့ meaningful conversation တွေကို drive လုပ်ချင်တာ။ friends and families တွေရဲ့ meaningful conversation ဆိုတာ Facebook group တွေမှာအဖြစ်များတာ။ ပြီးတော့ Facebook group တွေကို သူတို့က Empower လုပ်ချင်လို့ Facebook community ဆိုတဲ့ တစ်နှစ်မှာတစ်ခါ advance လုပ်နေတာပေါ့လေ။ အဲ့တော့ ဘယ်တော့မှာတော့ Facebook community တွေကိုဖျက်ပစ်မှာတော့မဟုတ်ဘူး။ Facebook community သည် Facebook ရဲ့ strength တစ်ခုထဲမှာပါတယ်။ Facebook ရဲ့လူသုံးအများဆုံး feature ထဲမှာပါတယ်။ ဒါပေမဲ့ page access ရထားတဲ့သူက Facebook group တွေထဲ post တွေ share ရင် penalty ပေးမယ်ဆိုတာလည်း ကျွန်တော့်အမြင် မဟုတ်ဘူး။ မဟုတ်ဘူးဆိုတာ Facebook ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ native content ကိုဦးစားပေးတယ်။ native content ဆိုတာက ကျွန်တော်ဆိုရင် page ပေါင်းသောင်းခြောက် ထောင်ရှိတယ်။ ကျွန်တော့် client page တွေကျွန်တော်ရဲ့ company ငါးခုရဲ့ business entity ငါးခုရဲ့ page တွေလည်းရှိနေတာ ဆိုတော့ ထားပါတော့။ ကျွန်တော့်အခု Alex Khine page မှာမြင်မှာပါ။ FYI page ရဲ့ content ကို Alex Khine page မှာလာ share တယ်ဆိုရင် engagement ကကျကိုကျတယ်။ ပြေးကြည့်စရာမလိုဘူး။ ဘာလို့ လဲဆိုတော့ native မဟုတ်လို့။ Alex Khine page ပေါ်မှာအဲ့ဒီ content ကြီးရေးနေတာမဟုတ်ဘူး။ FYI မှာ ရေးပြီးတော့မှ ဒီမှာလာ share တာ။ ဆိုတော့ group တွေလည်းအတူတူပဲ။ group ထဲမှာသွားရေးရင် engagement တက်တယ်။ သွားရေးတဲ့သူက page access ရရမရရ။ group ထဲမှာရေးပြီးတော့ page ကို mention ခေါ်လို့ရတယ်။ page က post ကြီးကို group ထဲမှာသွား share ရင်ကျတော့ native content မဖြစ်တဲ့အတွက်ကြောင့် engagement ကျကိုကျတယ်။ engagement ကျရင် reach ကျတယ်။ organic reach ကျရင် penalty လို့ပဲခေါ်နေကြလားမသိဘူး။ ဘာလို့လဲဆိုတော့ organic reach တွေ 28Day မှာကျလာပြီဆိုရင် Facebook ကဘာပြောလဲဆိုတော့ ဒီကောင်တင်တဲ့ post ကိုလူတွေကစိတ်မဝင်စားဘူး။ အဲ့တော့ ဒီကောင့်ကိုနောက်ပိုင်း post တွေမပြနဲ့တော့။ ဘာလို့လဲဆိုတော့ ဒီကောင်က လူစိတ်မဝင်စား တာကိုတင်တယ်ဆိုရင် ဒီကောင့် post တွေများတယ်ဆိုရင် Facebook ကိုဘယ်သူမှ သုံးမှာမဟုတ်တော့ဘူး။ ဒီကောင့် post တွေကို reach လျှော့ အဲ့တာကို penalty လို့ခေါ်တာဖြစ်တယ်။ အဲ့လိုလျှော့ရင်း လျှော့ရင်းနဲ့ သေသွားကြတာ။ ဆိုတော့အကြံပေးချင်တာက page access ရရမရရ လုပ်စေချင်တာက native content လုပ်ကြပါ။ ဒါလည်းကိုယ့်ရဲ့ business model marketing strategy ပေါ့လေ။ ကျွန်တော့်ရဲ့ FYI page ကိုသွားကြည့်မယ်ဆိုရင် link တွေကြီးပဲမြင်ရမယ်။ FYI media ရဲ့ link ကို page လာပြီးတင်ထားတာလေ။ ပြောရမယ်ဆိုရင် ကို Alex က page reach ကျတယ်လည်းပြောတယ်။ ဘာလို့ FYI မှာ link တွေပဲချတာ လည်းဆိုတော့ အဲ့တာကျွန်တော့် marketing strategy။ ကျွန်တော့်ခေါင်းထဲမှာ reach ကျတာက အဲ့လောက်ကြီးမရှိဘူး။ long term ကိုသွားတဲ့အချိန်မှာ media ဖြစ်တဲ့အလျှောက် media ကဘယ်နည်း နဲ့မှ စျေးရောင်းမှာမဟုတ်ဘူး။ ရောင်းမယ်ဆိုရင်လည်း ကျွန်တော့်မှာနောက်ထပ် strategy တစ်ခုရှိတယ် ပေါ့လေ။ အဲ့တော့ ဘယ်နည်းနဲ့မှ marketing media page မှာစျေးရောင်းမှာမဟုတ်တဲ့အတွက် page ကို ဝင်လာတယ်။ see first လုပ်ထားတယ် save လုပ်ထားမယ်ဆိုရင် Facebook ကအဲ့လူတွေကို ပိုပြီးပြပေးတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်မှန်းတာက တစ်လနှစ်လငါးလသွားမှာမဟုတ်ဘူး။ ကျွန်တော်သည် ဒါကို at least သုံးလေး ငါးနှစ် ဒီ brand ကို build လုပ်ရမှာ။ အဲ့အချိန်မှာ ဖြေးဖြေးချင်းတက်သွားလည်း ကျွန်တော့်စိတ်ထဲမရှိဘူး။ ကြားထဲမှာတော့ ကျွန်တော့်ရဲ့ favorite အနေနဲ့ run စရာတွေရှိလာမှာပေါ့လေ။ ဒါပေမဲ့ဒါသည် FYI marketing ကို drive လုပ်မဲ့ strategy ဖြစ်တဲ့အလျှောက် native ကိုတော့မတင်ဘူး။ ဒါပေမဲ့ အခုလိုမျိုး Facebook group တွေထဲမှာ post တွေ share ရင် penalty ပေးတယ်ဆိုလို့ရှိရင် သွား share မဲ့အစား native post တွေ native content တွေသွားတင်မှာ။ အဲ့တာက ပိုပြီးတော့အများကြီး affective ဖြစ်နိုင် ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more6minPlay
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.