Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
Everything about business development, marketing, communication, blogging, vlogging and other stuffs.... more
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.
March 01, 2023Corporate တွေအတွက် အကိုသင်တဲ့ Private Class ရှိလား?Q: Private class လေးရှိရင် လုပ်ပေးပါအုန်းနော် ရုံးအတွက် အတန်းပေးရမှာပါရှင့်A: level up ကနေပြီးတော့ corporate တွေအတွက် Consulting တွေ corporate training တွေ အဲ့တာတွေ ကျွန်တော်ပေးနေတာရှိတယ် သိချင်တယ် ဆိုလို့ရှိရင် agency page မှာ သွားပြီးတော့ မေးလို့ရတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
February 28, 2023Campaign run တဲ့အခါ Get more message ရအောင် ဘယ်လို run ရမလဲ?Q: campaign မှာ ad run တာ အရင်က post တစ်ခုကို boost ပြီး get more message ရပြီး ခုကျ engagement ပဲရတော့တယ်၊ campaign မှာ post တစ်ခုရဲ့ get more message ရအောင် ဘယ်လိုrun ရမလဲ သိချင်ပါတယ်A: အရင်တုန်းက campaign message နဲ့ boost ပြီးသားနဲ့တူတယ်၊ campaign မှာ ads run တဲ့ အရင်က ads တစ်ခုကို run တဲ့ boost ပြီးတော့ get more message ရတယ် အခုကျတော့ engagement ပဲရတော့တယ် ကျွန်တော်ထင်တာကတော့ objective များမှားနေလို့လားပေါ့ ကျွန်တော် screen share ပေးမယ် ကျွန်တော်တို့ အရှေ့မှာ UI ပြောင်းသွားတဲ့ဟာတော့ အကုန်လုံးသိမယ်နဲ့တူတယ် အကုန်လုံးတော်တော်များများ ဒီလို UI နဲ့ ဖြစ်သွားပြီ အရင်တုန်းက run နေကျ UI မဟုတ်တော့ဘူး အရင်တုန်းက message ဆိုပြီးတော့ ရှိတဲ့ဟာက မရှိတော့ဘူး အရင်တုန်းက get message တို့ရနေတဲ့ဟာတွေ send message လို့ပေါ်ပြီး run နေတဲ့ဟာတွေအကုန်လုံးက engagement အောက်ထဲရောက်သွားတဲ့ အချိန်မှာ နေရာ conversion location ဆိုပြီးရှိတယ် ကျွန်တော်တို့က နေရာပြန်ပြီး ရွေးပေးရတာပေါ့ on your ad ရွေးထားလို့ရှိရင် ကျွန်တော်တို့က video view တို့ post ရဲ့ engagement တို့ ပြီးရင် event ရဲ့ event ဆိုတာ ဘယ်နေ့မှ ပွဲလုပ်မယ် လာမလား မလာဘူးလား ဆိုတဲ့ဟာက event respond က ဒီအောက်ထဲရောက်သွားမှာ ကျွန်တော်တို့ ပြန်ရွေးပေးရမှာ အရင်ကလိုမျိုး message နဲ့ run ချင်တယ်ဆိုရင် ဒီက messaging Apps ကိုရွေးပေးရတယ် အောက်မှာ click to message ဆိုတဲ့ဟာလေးရှိတယ် အဲ့ဟာ အရင်တုန်းက အတိုင်းဘဲဖြစ်လိမ့်မယ်၊ အဲ့အချိန် အနောက်မှာ Ads ကိုသွားရွေးတယ်ဆိုလို့ရှိရင် မဖြစ်မနေ call to action မှာ send message ထည့်ကို ထည့်ခိုင်းတယ် အဲ့တော့ ဒီနေရာလေးမှာတော့ ရွေးရတာပေါ့ ဒုတိယတစ်ခု engagement ပဲရတော့တယ် ဆိုတဲ့ဟာကကျ ဒီနေရာမှာ မပြောင်းမိဘဲနဲ့ on your ad ထဲကနေပြီးတော့ post engagement ဖြစ်တဲ့ ဟာကို ဒီဟာကို မပြောင်းမိဘဲနဲ့ run လိုက်မိလို့လားပေါ့၊ ဒီဟာ run လိုက်မိရင်တော့ ကျွန်တော်တို့ ထွက် လာတဲ့ result တွေကတော့ engagement တွေဘဲထွက်လာမှာပေါ့လေ ကျွန်တော်တို့ message နဲ့ လိုချင်ရင် အပေါ်က messaging Apps လေးကိုရွေးပြီး run ရမှာပေါ့နော်၊ အဲ့တာဆို နားလည်ဖို့မျှော်လင့် ပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
February 27, 2023Engagement မရတဲ့ Page တစ်ခုကို ဘယ်လိုပုံစံနဲ့ ဆက် run ရမလဲ?Q: Boosting Budget တွေသုံးသင့်သလောက်လည်းသုံး၊ အမျိုးမျိုးသော content idea တွေနဲ့လည်းတင်ပေမဲ့ ဘယ်လိုမှ engagement မရတဲ့ page တစ်ခုကို ဘယ်လိုလုပ်ရမလဲရှင့် ၊ သူတို့ကဘဲ ကိုယ့် product ကိုနားမလည်တာလား interested မဖြစ်လို့လား ဘယ်လိုပုံစံနဲ့ ဆက်သွားရမလဲ ဖြေပေးပါအုံးရှင့်။ A: သုံးသင့်သလောက်သုံးတယ်ဆိုတာ ဘယ်လောက် သုံးတယ်ဆိုတဲ့ဟာ မူတည်တာပေါ့ boost တယ်ဆိုရင်တော့ အနည်းဆုံးတော့ တစ်ဒေါ်လာဖိုး boost တယ်ဆိုရင်တောင်မှ ဆယ်ဂဏန်းလောက်တော့ ရတယ်ဟုတ်၊ engagement နဲ့ ဒီမှာဆိုရင်တော့ 1K လောက် ရတယ်။ အဲ့တော့ ဘယ်လိုမြင်လဲ? ကိုသန့်ထိုက်အောင်− engagement မရဘူးဆိုတဲ့ဟာကိုမှ comment မရတာကို ပြောချင်တာလား။ Engagement တွေကတော့ အခု 1K ဆိုလို့ရှိရင် engagement တွေချည်းဘဲပေါ့လေ။Ko Alex - ကျွန်တော်မြင်တာကတော့ very much content နဲ့ဆိုင်တဲ့ဟာတွေ ဘာလို့လဲဆိုတော့ buying က ပြချင်တဲ့ သူဆီကို အဲ့ content ရောက်သွားတယ်ဆိုရင် buying က တာဝန်ကျေသွားပြီ၊ အဲ့တော့ objective က အကယ်လို့သာ engagement လိုချင်တယ် comment လိုချင်တယ် ဆိုလို့ရှိရင် အဲ့ဒီ content ထဲမှာ call to action ပုံစံမျိုးတွေ၊ ပြီးလို့ရှိရင် အဲ့ဒီ content ရဲ့ story telling approach တွေကတော့ အများကြီးပါသင့်တယ်လို့ထင်တယ် အခုဟာတော့ အဲ့ page ကိုကြည့်ကြည့်တာတော့ ကျွန်တော်တို့သတိထားမိတာ နံပတ်(၁) ရေးထားတဲ့ အရေး အသား content ထက်စာလို့ရှိရင် content တွေ topic တွေက နည်းနည်းရှုပ်တယ် ဆိုတော့ အဲ့ဟာတွေသည် customer စိတ်ဝင်စားတဲ့ဟာမျိုးဖြစ်နိုင်လားဆိုတဲ့ဟာမျိုး အရင်ကြည့်စေချင်ပါတယ်၊ ဒုတိယအချက်ကကျတော့ စာအရှည်ကြီးကို အပေါ်မှာရေးတာထက်စာလို့ရှိရင် ကျွန်တော် page မှ ကျွန်တော်ဘာနဲ့ရေးလေ့ရှိလဲဆို ကျွန်တော် ပုံတွေနဲ့ခွဲချလိုက်ပြီးတော့မှ ပုံ(၁)မှာ ဘာရှိတယ်၊ ပုံ (၂)မှာဘာရှိတယ်၊ ပုံ (၃)မှာ ဘာရှိတယ် သွားလိုက်တဲ့အချိန်မှာ နည်းနည်းလေးပိုပြီးတော့ ဖတ်ရတာ သက်တောင့်သက်သာရှိတာပေါ့၊ မဟုတ်ရင်ကစာအရှည်ကြီးရေးရတဲ့ဟာကို ဘယ်သူမှ မဖတ်ချင်ဘူးပေါ့၊ ကျွန်တော့ အနေနဲ့ မြင်တာက content marketing ကို အဓိက လုပ်စေချင်ပါတယ်။ content idea တွေအမျိုးမျိုးနဲ့ တင်တယ်ဆိုရင်တောင်မှ အလုပ်မဖြစ်ဘူးဆိုရင် ဘာကိုဆက်ပြီးအကြံပေးချင်လဲ ဆိုတော့ အလုပ်ဖြစ်တဲ့ page တွေကို သွားကြည့်ပြီးတော့မှဘဲ အလုပ်ဖြစ်တဲ့ page တွေရဲ့ ပုံစံမျိုးနဲ့ ၃၊၄၊၅၊ လလောက်ကို သွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။ ဒါမှမဟုတ်လဲ ကျွန်တော်တို့ဆီက ကူညီပေးလို့ရတယ် ဝင်ပြီးစျေးရောင်းတာပါ။#marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
February 26, 2023မြန်မာပြည်က အသေးစား အလတ်စား လုပ်ငန်းတွေအနေနဲ့ Facebook အပြင် ဘယ် platform တွေမှာ နေရာယူထားသင့်လဲ?Q: မြန်မာပြည်က အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအနေနဲ့ social media marketing အတွက် fbအပြင် နောက်ထပ် နေရာယူထားသင့်တဲ့ platform ကဘာလည်းဆရာ A: Facebook အပြင်ဆိုရင်တော့ ကျွန်တော်တို့က customer ကို အရင်ဆုံးကြည့်စေချင်ပါတယ်။ ဘာလို့ ကြည့်စေချင်လဲဆိုတော့ ကိုယ့်ရဲ့ customer တွေထဲက ဘယ်လိုမျိုး target ကို ဘယ်လိုမျိုး customer base ကိုသွားမှာလဲပေါ့၊ ဥပမာ အိမ်မှာ Wi-fi ရှိတယ်ဆိုရင် လူတွေက YouTube ကိုသွားကြတယ် အခုနောက်ပိုင်းသတိထားမိတာ၊ အိမ်မှာ Wi-fi မရှိဘူးဆိုရင် နယ်က segment တွေဆို TikTok ကိုသွားကြတဲ့ ဟာတွေရှိတယ် ၊ အဲ့လိုမှ နည်းနည်းလေးပိုပြီးတော့ management level ရောက်သွားတယ်၊ C3 တို့ဘာတို့ target သွားတယ် ဥပမာ golf ရိုက်တဲ့ club တွေဘာတွေ ရောင်းမယ်ဆိုရင်က LinkedIn တို့ website တို့သွားတဲ့ဟာတွေရှိတာဆိုတော့ကျတော့ Facebook ကကျော်သွားတယ်ဆိုရင်တော့ အမျိုးမျိုးသော နေရာမျိုးတွေရောက်နိုင်တယ်၊ အဲ့အခါကျတော့ ကိုယ့်ရဲ့ customer တွေဘယ်လိုမျိုးနေရာမျိုးမှာ ရှိနေချင်လဲဆိုတာမျိုးလေးကို ဘာလုပ်စေချင်လဲဆိုတော့ research လေးလုပ်လိုက်ပါ။ ဥပမာဗျာ message မှာ chat လုပ်လိုက်ပေါ့ ကျွန်တော်တို့ customer အယောက် ၂၀၊ ၃၀ လောက်ကို ကျွန်တော်တို့ research လေးလုပ်ချင်လို့ပါ Facebook အပြင် အခြားသော ဘယ်လိုမျိုး promote platformတွေကို အသုံးအများဆုံး platformတွေ ၂ခုလောက်ဘဲ ပြောပြပေးပါဆိုရင် သူတို့ဘက်က ပြောပြပေးလေ့ရှိပါတယ်။ ကျွန်တော်ကို မေးတာထက်စာရင် ကိုယ့် customer တွေကို ပြန်မေးတာက အများကြီးအဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
February 25, 2023Promotion post တွေကို boost သုံးရင် ထင်သလောက် sale ကမရတာ ဘာလို့လဲ?Q: Promotion post တွေကို boost သုံးရင်လည်းထင်သလောက် sale ကမရဘူးဖြစ်နေလို့ပါ။ အကြံလေး ပေးပါအုံးခင်ဗျ။ A: အဲ့တော့ promotional post ကို boost ရင်ထင်သလောက် sale မရဘူးဆိုတော့ promotional post ကို boost မလုပ်ဘဲ့နဲ့ value post ကိုပဲ boost လုပ်ပြီးစျေးရောင်းပါတယ်။ အဲ့တာကပို effective ဖြစ်မယ်လို့ထင်ပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
February 24, 20233D ပုံနဲ့ men underwear ပုံကို boost ထိုးရင် Facebook က ads ပိတ်လောက်လား?Q: 3D ပုံနဲ့ men underwear ပုံကို boost ထိုးရင် Facebook က ads ပိတ်လောက်လားခင်ဗျ။ A: 3d ပုံနဲ့ men underwear ပုံကို boost တင်ရင် ads ပိတ်လောက်လားဆိုတော့ ကျွန်တော်တို့ရဲ့ cropping factor နဲ့ပဲမူတည်ပါလိမ့်မယ်။ cropping factor ဆိုတာ private park တွေနေရာမှာပဲ ကျွန်တော်တို့က crop လုပ်ထားတယ်ပေါ့နော်။ ကျွန်တော်တို့ underwear ဝတ်ထားတဲ့နေရာလေးကိုပဲ ပုံထဲမှာအကြီးကြီး ပြထားတယ်ဆိုရင်တော့ Facebook က ads ပိတ်နိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ တစ်ကိုယ်လုံးပြတယ် ဆိုရင်တော့ မပိတ်ပါဘူး။ ဒါက Facebook ads policy မှာရေးထားတဲ့ဟာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
February 22, 2023Product Service ကို စလုပ်တော့မယ်ဆိုရင် Ads ဘယ်လို run သင့်လဲ?Q: product service ကိုစ run တော့မယ်ဆိုရင် ads ဘယ်လိုပစ်သင့်လဲဗျာ။ awareness 2 campaign, engagement 1 campaign, lead 1 campaign အာ့လိုမျိုးတစ်ပြိုင်နက်ပစ်သင့်လားဗျာ။ ဒါမှမဟုတ် awareness ကို ၂ ရက်အရင်ပစ်ပြီးမှ ကျန်တာဆက်ပစ်ရမှာလားဗျာ။ A: အရင်ဆုံးလူသိအောင်လုပ်ရပါတယ်။ သိပြီးမှပဲလူတွေကစဉ်းစားတာပါ။ စဉ်းစားပြီးတော့မှဝယ်တာဖြစ်တဲ့ အလျောက် ကျွန်တော်တို့ရဲ့ time line တွေအကုန်လုံးကလည်း အဲ့ပုံစံမျိုးနဲ့သွားသင့်ပါတယ်။ ဒါပေမဲ့ လူသိတယ်ဆိုတဲ့ဟာကလေ အဲ့ brand ကဘယ်လောက်လောက် legacy ရှိလဲပေါ့နော်။ ဥပမာဗျာ ကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်ခဲ့ဖူးတဲ့ ကျွန်တော့်အရင် consulting လုပ်ခဲ့ဖူးတဲ့ Giorando ဆိုလို့ရှိရင်က ကျွန်တော်ချာတိတ်ဘဝတည်းကရှိနေတာ။ နှစ်အစိတ်လားရှိနေပြီဆိုတော့ သူတို့ကတစ်ခါတည်း sale ကို run လို့ရတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ အခုမှ Zara ဝင်လာမယ်ဆိုရင်က Zara သည်နိုင်ငံခြားရောက်ဖူးတဲ့သူနဲ့ နိုင်ငံခြားကို exposure ရှိတဲ့သူလောက်ပဲ Zara ကိုသိတာ။ အဲ့တော့အရင်ဆုံး branding campaign ကို run ရမှာ။ ကျွန်တော်တို့ရဲ့ commercial video တွေရိုက်ရမယ်။ KOL marketing တွေလုပ်ရမယ်။ ပြီးတော့မှ sale campaign ကိုလုပ်မယ်ဆိုရင်က ပိုပြီး effective ဖြစ်ပါတယ်။ ကျွန်တော်တို့ level up agency မှာလည်းသွားနေတာက ခုနကပြောတဲ့ brand ပေါ်မှာမူတည်ပြီးတော့မှ အဲ့ brand ကို လူဘယ်နှစ် ယောက်သိနေပြီလဲ။ ဘယ်နှစ်ယောက်က trust ဖြစ်နေပြီလဲဆိုတာမှာမူတည်ပြီးတော့မှ ကျွန်တော်တို့ရဲ့ campaign ကိုပြန်ပြီးတော့တည်ဆောက်ပါတယ်။ ဒါကကျွန်တော်တို့လုပ်နေတဲ့ပုံစံပါ။#marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
February 21, 2023Career နဲ့ အလုပ်လုပ်တဲ့အခါ ဘယ်လိုနယ်ပယ်မျိုးတွေမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ?Q: career နဲ့ဘယ်လိုလုပ်ငန်းတွေမှာ ရာထူးဘယ်နှစ်ခုလောက်လုပ်ခဲ့ရလဲသိချင်လို့ပါဗျ။ တကယ်အားကျ ရတဲ့ ပုဂ္ဂိုလ်မို့ပါ။ ဘယ်လိုနယ်ပယ်မျိုးတွေမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကျင်လည်ခဲ့ရလဲသိချင်ပါတယ် အစ်ကို။ A: ကျွန်တော်အရင်တုန်းက KFC မှာ marketing associate အနေနဲ့လုပ်ခဲ့ဖူးတယ်။ ပြီးတော့ Samsung မှာ digital marketing manager လည်းလုပ်ခဲ့ဖူးတယ်။ city mark group မှာ digital marketing head အနေနဲ့လုပ်ခဲ့ဖူးတယ်။ ပြီးတော့ YOMA bank မှာ digital marketing head အနေနဲ့လုပ်ခဲ့ဖူးတယ်။ အခု Level up marketing group မှာကျွန်တော် founded လုပ်ပြီးတော့ chairman အနေနဲ့လုပ်နေတာပါ။ ပြီးတော့ဘယ်လိုခေါ်မလဲ Burmese stream တို့၊ Uncle တို့၊ ကနုတ် တို့ဆီကိုလည်း ကျွန်တော် SME တွေ အတွက်ကိုလည်း consulting အနေနဲ့လုပ်ပေးတယ်။ ပြီးတော့ဆရာကိုအောင်ချစ်ခင်ရဲ့ Strategy first က ဆင်းတာပါ။ proud strategy first ကျောင်းသားပါ။ ဆိုတော့ strategy first မှာလည်း digital marketing training ပြန်ပြီးတော့လုပ်ပေးနေတာတွေရှိပါတယ်။ အခက်အခဲတွေဘယ်လိုကြုံတွေ့ရလဲဆိုတော့ နေ့ တိုင်းကတော့ fire fighting ပဲ။ အခုချိန်ထိနေ့တိုင်းမီးသတ်နေရတာ။ အဲ့တော့အခု marketing မှာ ဆယ့်နှစ်နှစ်လောက်ရှိပြီပေါ့နော်။ ဆယ့်နှစ်နှစ်လုံးလုံး မီးမသတ်ရတဲ့နေ့မရှိဘူး။ အခက်အခဲတွေကတော့ ပြောရရင်အများကြီး။ နောက်မှပဲပြောပြပါမယ်။ တွေ့ချင်တယ်ဆိုရင် စျေးရောင်းပါမယ်။ ကျွန်တော်တို့ FYI marketing ဆိုတဲ့ marketing media တစ်ခုရှိပါတယ်။ အဲ့မှာ Christmas အနေနဲ့ FYI media ကဝယ်တဲ့ လူတွေကို ကျွန်တော်တွေ့ဖို့ရှိပါတယ်။ ကျွန်တော့်ရုံးမှာတွေ့ဖို့ရှိပါတယ်။ တွေ့ချင်တယ်ဆိုရင်တော့ FYI media က package ကို subscribe လုပ်ဖို့အတွက်ကို ဖိတ်ခေါ်ပါတယ်။ အဲ့တော့လာတွေ့မယ်လို့လည်း ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
February 20, 2023Professional marketing strategy frame ကောင်းတစ်ခုရအောင် ဘယ်လိုလုပ်ရမလဲ?Q: Professional marketing strategy frame ကောင်းတစ်ခုကို ဘယ်လိုလုပ်ရလဲသိချင်ပါတယ်ဗျ။ sample ပြလို့ရရင်လည်း ပြပေးပါလာအစ်ကိုကျေးဇူးပါဗျ။A: Professional marketing strategy frame တစ်ခုက ကျွန်တော်တို့ဘယ်လိုခေါ်မလဲ brand ဘက်က လုပ်တဲ့ပုံစံလည်းရှိတယ်။ ကျွန်တော်တို့ level up marketing agency ဘက်ကနေ client တွေအတွက်ကို လုပ်တဲ့ပုံစံလည်းရှိတာပေါ့နော်။ ကျွန်တော်တို့က နှစ်မျိုးလုံးလုပ်ခဲ့ရတဲ့ပုံစံမျိုးဆိုတော့ နှစ်ခုအနေနဲ့သွားမှ တော့ဖြစ်မှာ။ ဒါပေမဲ့ အဲ့တာပြောရရင်တစ်နာရီကြာနိုင်တာဆိုတော့ နောက်မှပဲပြောပါရစေ။#marketing #digitalmarketing #market #career #askalex #askalexmm ...more2minPlay
February 19, 2023Branding and Marketing Budget ကို လုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လိုတွက်လဲ?Q: branding and marketing budget ကိုလုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လိုတွက်လဲသိချင်ပါတယ်ဗျ။ A: ကျွန်တော်တို့ကဘယ်လိုတွက်လဲဆိုတော့ အရင်ဆုံးတော့ sale budget ကိုတွက်သလိုပဲပေါ့နော်။ business objective ကိုအရင်ချတယ်။ ဆိုလိုချင်တာက နောက်နှစ်မှာဘယ်လိုမျိုး business ကိုတိုးမှာလဲ။ sale 20 percent increase ဖြစ်ချင်တယ်။ ဒါမှမဟုတ်ရင် ဘယ်မြို့ကိုချဲ့ချင်တယ်။ ဘယ်နိုင်ငံကိုချဲ့ချင် တယ်။ ဘယ်နှစ်ဆိုင်ချဲ့ချင်တယ်ဆိုတဲ့ business objective တစ်ခုကိုအရင်ဆုံးတည်တယ်။ တည်ပြီးတဲ့ အချိန်မှာ အဲ့လုပ်ငန်းစုတစ်ခုအနေနဲ့က လူတွေသိနေပြီးသား brand လား။ လူမသိသေးဘူး။ အခုမှစတည် တဲ့ brand လား။ စတဲ့ဟာတွေအကုန်လုံးချလိုက်ပြီးတဲ့အချိန်မှ sale ကိုဒီဘက် business ကနေပြီးတော့မှ marketing ဘက်ကနေပြီးတော့မှ ဘယ်လိုမျိုး contribute လုပ်ကြမလဲဆိုတဲ့ပုံစံမျိုးကို အရင်ဆုံး တည်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ sale က ten percent increase ဖြစ်ချင်တယ်။ ဥပမာပြောတာနော်။ ဘယ်မြို့ဘယ်မြို့တွေမှာ ဘယ်လိုဆိုင်တွေချဲ့မယ်ဆိုတဲ့ဟာတွေဖြစ်ချင်တယ်။ အဲ့အချိန်မှာဘာလုပ်လဲ ဆိုတော့ sale ကို 10% increase ဖြစ်တယ်ဆိုရင် marketing ကို fifty percent increase လုပ်မှာလားဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့သွားတယ်။ အဲ့တော့ကျွန်တော်တို့က marketing ကို fifty percent increase လုပ်မယ်ဆိုရင် မနှစ်က marketing budget သိန်းတစ်ရာရှိတယ်။ ဒီနှစ်တစ်ရာ့ဆယ့် ငါးသိန်းကို စဉ်းစားလိုက်ပြီထားပါတော့။ sale ten percent increase ဖြစ်ဖို့အတွက်က ဘယ်လတွေမှာ ဘယ်လောက်သုံးမယ်ဆိုတဲ့ဟာကို အရင်နှစ်၊ သုံး၊ လေး၊ ငါးနှစ်ရဲ့ data တွေကိုပြန်ပြီးတော့ သုံးသပ်ပါ တယ်။ အဲ့အချိန်မှာ ကျွန်တော်တို့ seasonal sale တွေလည်းရှိနိုင်တာပေါ့နော်။ သင်္ကြန်မှာ promotion က တော့ ဘယ်သူကဘယ်လောက်ဝယ်သွားတယ်။ သီတင်းကျွတ်မှာ ဘယ်လို promotion ကတော့ ဘယ်လောက်ရောင်းလိုက်ရတယ်ဆိုတာမှာမူတည်ပြီးတော့ ကျွန်တော်တို့ကဘယ်ကာလမှာတော့ ဘယ် လောက်ထိ market demand ရှိတယ်။ လူတွေအဝယ်လိုက်နေတယ်။ အဝယ်များနေတယ်ဆိုတာမှာ မူတည်ပြီးတော့မှ ကျွန်တော်တို့ကအဲ့အချိန်မှာ marketing monthly budget projection ကိုဆွဲတာပါ။ အဲ့တော့အဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကအကြမ်းဖျဉ်းတွက်ပါတယ်။ ပြီးတော့မှဘာထပ်တွက်လဲဆိုတော့ အဲ့ဒီ marketing budget ကိုဘယ် platform တွေမှာ ဘယ်လောက်သုံးမှာလဲပေါ့နော်။ ကျွန်တော်တို့ Facebook မှာဆိုရင်ဘယ်လောက်သုံးမှာလဲ၊ ပြီးတော့ boosting ကိုဘယ်လောက်သုံးမှာလဲ၊ creative ကိုဘယ်လောက်သုံးမှာလဲ၊ video ရိုက်မယ်၊ ကြော်ညာရိုက်မယ်ဆိုရင်လည်း ဘယ်လောက်သုံးမှာလဲဆိုတဲ့ ပုံစံမျိုးနဲ့လုပ်လေ့ရှိပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.