Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
Everything about business development, marketing, communication, blogging, vlogging and other stuffs.... more
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.
February 17, 2023Marketer တစ်ယောက်အနေနဲ့ Personal brand တည်ဆောက်ဖို့ ပိုထိရောက်စေမယ့်နည်းလမ်းလေးအကြံပေးပါဗျ။Q: Marketer တစ်ယောက်အနေနဲ့ လူတွေသိစေချင်တယ်ဆိုရင်၊ Personal brand တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်နဲ့ acc နဲ့ page မှာ ကိုယ်သိတာတွေ share သင့်တယ်လို့ ထင်လား။ ကိုAlexကကျတော့ ၂၀၁၆-၁၇ လောက်ကတည်းကဒီလိုလုပ်လာတာဆိုတော့ ဘယ်လို မျိုး လုပ်ရင် ပိုကောင်းမယ် ပိုထိရောက်မယ်ဆိုတဲ့ နည်းလမ်းလေးတွေအကြံပေးပါဦးဗျ။A: Yes, ၁၀၀%-1000% share ပါ ပြောရမယ်ဆိုလိုရှိရင် junior တစ်ယောက်အနေနဲ့ အဲ့တာကို share လို့ရတယ် ကိုယ်က expert မဟုတ်သေးဘူးဆိုရင်တောင်မှ ဘယ်လို share လို့ရလဲဆိုရင် ဒီနေ့ ကျွန်တော်သိတဲ့တာက ဒါရှိတယ် အဲ့တော့ကျွန်တော်က ဒါကိုသိပြီး ဒီလိုမျိုးတွေးလိုက်တယ် ခင်ဗျားတို့ ဘယ်လိုမြင်လဲ ဆိုတဲ့ပုံစံမျိုးတွေ share လို့ရတယ်၊ ဒါသည် thought leadership အနေနဲ့ shareတာမဟုတ် ကျွန်တော်သည် ဒါကိုသိလိုက်တယ် ဒါကိုမြင်လိုက်တယ်၊ ဒါကိုကြားလိုက် တယ် ကျွန်တော်က ဒါကို ဒီလိုထင်တယ် ခင်ဗျားတို့ရောဘယ်လိုမြင်လဲဆိုတဲ့ ပုံစံမျိုးတွေ share တယ်ဆိုရင် အဓိက sharing sharing sharing post လုပ်ဖို့ပါဘဲ အဲ့ဒီတော့ Facebook မှာ မှမဟုတ်ဘူး Facebook၊ TikTok၊ YouTube၊ Linkedin၊ Spotify၊ google podcast, apple podcast၊ channel ၇ခုလုံးမှာတင်နေတာ ကျွန်တော့်ရဲ့ volunteer ညီမရဲ့ အကူအညီနဲ့ပေါ့ share ပါ sharing လုပ်တဲ့ဟာကို 100% အားပေးပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
February 16, 2023Marketing အကြောင်းအရာတွေကို ဘယ်လို mindset မျိုးနဲ့ Sharing လုပ်ပေးဖြစ်ခဲ့ူတာလဲ?Q: ကို Alex Marketing အကြောင်းတွေ Page နဲ့ acc မှာစ share တုန်းက ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့လဲဗျ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ၊ ကိုယ့်ထက်ဂေါ်နေတဲ့ Senior တွေနဲ့ဆိုတော့ သိမ်ငယ်တာမျိုးမဖြစ်ဘူးလား၊A: ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့တာလဲဆိုတော့ ကျွန်တော့ mindset ကတော့ရှင်းပါတယ်၊ တစ်ခုထဲဘဲ ကျွန်တော့ mindsetက ကျွန်တော်အရင်တုန်းက ၂၀၁၃ လောက်မှာ digital marketing ကိုကောင်းကောင်းလေးစခဲ့တယ်။ KFC နဲ့ကျွန်တော်စတယ်။ digital marketing လုပ်တယ်ဆိုတဲ့ဟာက Facebook မှာ post တင်တဲ့ဟာလောက်ဘဲရှိတာ ဘယ်လိုလုပ်ရမလဲ ဘယ်လိုရှာရ မလဲဆိုတာ မြန်မာပြည်မှာ ပြောတဲ့ဟာ တစ်ခုမှမရှိဘူး အဲ့တော့ အသားကုန်းလိုက်ရှာရတယ်၊ YouTube ကနေရှာတယ် Website ကနေရှာတယ် Google ကနေရှာတယ် အကုန်လိုက်ဖတ်နဲ့ သွားတာဆိုတော့ မြန်မာပြည်မှာ ငါမေးချင်တာ မေးလို့ရတဲ့လူရှိရင် ကောင်းမှာဘဲဆိုတဲ့ စိတ်တစ်ခုဘဲရှိတယ်၊ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ marketing နဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့မေးသမျှကိုသိသလောက်တတ်သလောက်လေးဖြေပေးမယ်၊ လုပ်ပေးမယ် ဆိုတဲ့ ဟာမျိုးနဲ့လုပ်ပေးမယ်ဆိုတဲ့အဲ့စိတ်တစ်ခုဘဲရှိတာအခုထိလည်းအဲ့စိတ်တစ်ခုဘဲရှိတာ ကျန်တဲ့ဟာသည်ဘာမှလိုချင်တဲ့ expect တွေဘာတွေဘာမှရှိမနေဘူးအဲ့တော့ ကိုယ့်ထက်ဂေါ်နေတဲ့Senior တွေနဲ့ဆိုသိမ်ငယ်တာမျိုးမဖြစ်ဘူးလားဆိုတော့အဲ့စီနီယာတွေကဘာမှမရေးလို့ ကျွန်တော်လိုက်တွန်းနေတာ အကိုတွေအစ်မတွေက ဘာမှမရေးဘူးဆိုတာ သူတို့အလုပ်တွေအရမ်းရှုပ်တာဖြစ်တဲ့လျောက် သူတို့ရဲ့ အရမ်းကြီးနည်းတဲ့ personal time က အချိန်မပေးနိုင်တာလဲပါတာပေါ့ သိမ်ငယ်တာ မျိုးတော့ မရှိဘူးရယ် insecurity မရှိဘူး ကျွန်တော့ကို criticize လုပ်ခဲ့တဲ့သူတွေလည်း အများကြီးမြင်ခဲ့ဖူးပါတယ် ဒဲ့ကြီးဖဲ့တာကအစ ကောင်းစေချင်လို့ ပြင်စေချင်လို့ အကိုတွေအမတွေ ညီတွေ ညီမတွေနဲ့လည်း စကားပြောခဲ့ဖူးတယ်ဆိုတော့ သိမ်ငယ်တယ်ဆိုတာထက် ကျွန်တော့ရဲ့ positive feedback ကိုပေးတယ်ဆိုရင် ကျွန်တော်အဲ့အတိုင်းကို ကျွန်တော်စဉ်းစားတဲ့ပုံစံကို ဘယ်လိုမျိုးဖြစ်အောင်လုပ်လို့ရမလဲ စဉ်းစားပြီးလုပ်ကြည့်တယ် အသားလွတ်ကြီးကျုံးတယ် ဆိုရင်တော့ ကျွန်တော်ကဖတ်ပြီးတော့ အော်ငါ့ကိုကျုံးဖို့အတွက်က ငါ့ video ကိုလာပြီး ကြည့်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျေးဇူးတောင် တင်ပါသေးတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
February 15, 2023ဘန်ကောက်မှာ Ads run လိုက်တာ region ပြောင်းပြီး Tax တောင်းတာ ဘယ်လိုလုပ်ရမလဲ?Q: ဘန်ကောက်ရောက်ပြီး computer နဲ့ ads run လိုက်တာ auto region ပြောင်းပြီး tax ပါတောင်း တာ ဘယ်လိုလုပ်လို့ရမလည်းရှင့်။ A: ဘန်ကောက်ရောက်ပြီး computer နဲ့ ads run လိုက်တာ auto region ပြောင်းပြီး tax ပါတောင်း တာ ဘယ်လိုလုပ်လို့ရမလည်းဆိုတော့ကြည့်ရတာ မြန်မာပြည် VPN နဲ့ပြန်ပြီး Boost လုပ်ရမဲ့ပုံဘဲ၊ ကျွန်တော့်အနေနဲ့ အကြံပေးလို့ရတာ မြန်မာပြည်ကသူကို boost ခိုင်းပေါ့။ #marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
February 14, 2023Ads account အကြွေးတင်နေတာ မပေးရင် Page ပျက်တက်လား?Q: Ads account အကြွေးတင်နေတာ မပေးရင် Page ဖျက်တတ်တယ်လို့ ဖတ်မိပါတယ်။ A: Ads account အကြွေးတင်နေတာ မပေးရင် Page ဖျက်တတ်တယ်ဆိုတာ ကျွန်တော်တော့ မကြားဖူးသေးဘူး ဒါပေမဲ့ Business Manager ရဲ့ scroll ကတော့ထိပါတယ် Ads account တွေဘာတွေပျက်တာကတော့ရှိနိုင်တယ် ဒါပေမဲ့ ရေးထားတာမျိုးကတော့ ဘာမှမရှိဘူး။ #marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
February 11, 2023Creative Team က အမြဲ deadline ကျော်ရင် ဘယ်လို react လုပ်သင့်လဲ?Q: creative team (graphic designer) က deadline အမြဲကျော်တယ်။ management ကို report ထားလည်း ထိရောက်တဲ့အထိ ပြောင်းလဲမထားဘူး။ အဲ့ဒါမျိုးဆို ဘယ်လိုလုပ် ရမလဲ။A: creative team က dead line အမြဲကျော်တယ် ဆိုတော့၊ management ကို report ထားလည်း ထိရောက်တဲ့အထိပြောင်းလဲမလာဘူးဆိုရင်တော့ အကြံ ပေးချင်တာကတော့ ဒီမှာလည်းကိုယ်က middle management ပေါ့နော်။ အကယ်လို့သာ higher management team ပေါ့နော်။ BOD တွေအနေနဲ့ ကိုယ့်ရဲ့ feedback ကိုဥပေက္ခာပြုထားတယ်ဆိုရင်က လုပ်လို့ရတာနှစ်ခုပဲရှိတယ်။ တစ်ခုကထွက်။ မြှောက်ပေးတာတော့မဟုတ်ပါဘူး။ ဘယ်လောက်ထိ serious ဖြစ်လဲပေါ်မှာမူတည်တယ်ပေါ့နော်။ ကိုယ့်ရဲ့ suggestion တွေ၊ ကိုယ့်ရဲ့ documentation တွေကို အမြဲတမ်းချောင်ထိုးတယ်ဆိုရင်တော့ ဘာလို့လုပ်နေမလဲ။ ကျွန်တော်ကတော့ အဲ့လိုလုပ်တတ်တဲ့ management style ကိုမကြိုက်ဘူး။ ဆိုတော့ကျွန်တော်ဆိုရင် ထွက်မှာပေါ့လေ။ အဲ့လိုမဟုတ်ဘူး။ management team ရဲ့အခက်အခဲကလည်း graphic designer ရဲ့ role အတွက်ကို substitute လုပ်ဖို့ ရှာမရတာပဲဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင်ရဲ့ SOB တွေကိုကောင်းကောင်းလုပ်လို့မရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အဲ့ဒီ management team မှာ creative team ရဲ့ head ကသေချာမကြပ်မတ်နိုင်တာပဲဖြစ်ဖြစ် ပေါ့နော် ဖြစ်နိုင်တယ်။ ဆိုတော့ကျတော့ နောက်ထပ်တစ်ခု option ကဘာလဲဆိုတော့ အဲ့ဒီရဲ့ feedback တွေအကုန်လုံးကို deadline ကျော်သွားတိုင်းမှာ ဆိုင်ရာ management team ကို report လုပ်ဖို့ လိုအပ်တယ်။ mail နဲ့။ Viber လောက်၊ Messenger လောက်မလုပ်ဘဲနဲ့ mail နဲ့ report လုပ်ဖို့လိုအပ် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က middle management level ယူထားတဲ့အချိန်မှာ ကိုယ့်ရဲ့ ဖင်ကိုလုံအောင်ကာဖို့လိုတယ်။ account သမားကအဆင်ပြေနိုင်ပေမဲ့ ကိုယ့်ရဲ့တခြားသော brander တွေ ကြောင့် ပြဿနာဖြစ်နေတယ်ဆိုရင် အဲ့ဒီ account သမားရဲ့တာဝန်ဖြစ်မလာအောင် ထားပါတော့ကိုယ်က client site မှာဆိုရင် post တင်တာတွေနောက်ကျတယ်တို့၊ agency site ဆိုရင်လည်း client ကကိုယ့်ကို ကြိတ်နေပြီဆိုရင် ကိုယ့်ရဲ့ management team ကကိုယ့်ကိုလာပြီးထောင်းတယ်ဆိုရင်က ငါဘယ်နေ့ ဘယ်နေ့က designing process ရဲ့ designing SOB နဲ့ပတ်သက်ပြီးတော့မှ complain လုပ်ထားတဲ့ ဟာတွေရှိတယ်။ ဒီဟာတွေကြောင့် ငါဒီလိုမျိုးပြဿနာတွေကို ကြုံရတာဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်ဖင်ကိုလုံအောင်ကာရပါတယ်။ အဲ့လိုမျိုးကာနိုင်တော့မှပဲလည်း ပြောရရင်အကြိတ်ခံရတဲ့ ရန်ကဝေးတာပေါ့နော်။ ဆိုတော့အဲ့ဒီနှစ်ခုကိုတော့လုပ်ပါ။ report အမြဲတမ်းတင်ပါ။ feedback အမြဲတမ်းတင်ပါ။ management က take care လုပ်သော်ရှိ၊ မလုပ်သော်ရှိ။ ကျွန်တော်လည်းဒီမှာအမြဲတမ်းမှာတယ်။ team ကလာတဲ့ feedback အကုန်လုံးကို take care လုပ်ဖို့က HOD တွေရဲ့တာဝန်ရှိတယ်ဗျာ။ ဒါပေမဲ့ HOD တွေကလည်း ပြောမယ်ဆို ကိုယ့်ဟာကို pack ဖြစ်နေတာဆိုတော့ တခါတလေလွတ်သွားတဲ့ဟာတွေရှိတယ်။ အဲ့လိုဟာတွေဖြစ်မသွားအောင်ဆိုပြီးတော့ ထူးခြားဖြစ်စဉ်ဖြစ်တိုင်းမှာ report တွေတင်ခိုင်းတယ်။ ထူးခြား ဖြစ်စဉ်ဖြစ်ပြီးတော့ report တင်တယ်ဆိုရင် အဲ့တာတွေအကုန်လုံးကို file နဲ့တွဲထားပြီးတော့မှ ကျွန်တော် တို့ရဲ့ management meeting မှာပြန်ပြီးတော့ဆွေးနွေးကြတာပေါ့လေ။ ကျွန်တော်ကတော့ middle management လူတွေအကုန်လုံးကို တစ်ခုလေးပြောချင်တာက နှစ်ဖက်ပေါ့နော်။ တစ်ဖက်က management ကိုလည်းတင်။ နောက်တစ်ဖက်ကကျတော့ ကိုယ့်ရဲ့ designer ကိုဘယ်လိုကူပေးနိုင်မလဲပေါ့နော်။ ဘာလို့လဲဆိုတော့ designer ရဲ့ designing process ကြာတယ်ဆိုတာက တစ်ခုဖြစ်နိုင်တာသည် ကိုယ့်ရဲ့ပေးတဲ့ brief က ရှင်းရှင်းလင်းလင်းမဟုတ်လို့လားပေါ့။ အဲ့တော့သူ့ကို ရှင်းရှင်းလင်းလင်း brief ပေးနိုင်အောင်ကိုယ်ကရော ဘာကူညီပေးနိုင်မလဲပေါ့လေ။ ဥပမာ-ကိုယ်က reference photo သုံးခု၊ ငါးခုလောက်ကို ကိုယ့်ဘက်ကနေပေးရမလား။ ပြီးရင်ကိုယ်လိုချင်တဲ့ USB ကိုကိုယ့်ဘက်ကနေ ပေးရမှာ လား။ သူတို့ရဲ့ process အလွယ်ကူဆုံးဖြစ်အောင် ကိုယ်က middle management ကနေပြီးတော့မှ ဘာလုပ်ပေးနိုင်လဲဆိုတဲ့ ပုံစံမျိုးလေးစဉ်းစားပြီးတော့မှ အဲ့ဒီ designer သော်လည်းကောင်း၊ creative head သော်လည်းကောင်း သွားပြီးတော့ညှိနိုင်မယ်ဆိုရင်တော့ အများကြီးပိုပြီးကိုယ့်အတွက်ကို နှစ်ဖက် လုံးနဲ့ management နဲ့ရော၊ creative head နဲ့ရောသွားပြီးတော့ စကားပြောနိုင်မယ်ဆိုရင်တော့ အများကြီးပိုပြီးတော့ ကိုယ့်အတွက်ကိုအဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more6minPlay
February 10, 2023Digital Team က client page မှာအမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လို react လုပ်သင့်လဲ?Q: Digital team junior တစ်ယောက် or team member တစ်ယောက်က client page မှာအမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လို react လုပ်သင့်လဲ။ ဥပမာ- page ၂ ခု မှားတင်မိတာမျိုး။ A: ကြည့်ရတာတော့ မမေဘရဏီက account manager ဖြစ်ဖို့များမယ်နဲ့တူတယ်။ ပထမမေးခွန်းက team မှာကိုယ့်ရဲ့ junior တစ်ယောက်က၊ ဒါမှမဟုတ်ကိုယ့်ရဲ့ team member တစ်ယောက်က client page မှာ အမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လိုမျိုး react လုပ်သင့်လဲဆိုတော့။ နှစ်ခုပေါ့လေ။ ဒီထဲမှာရေးထားတဲ့ သူများ page ပေါ်မှာ၊ မဆိုင်တဲ့ page တစ်ခုပေါ်မှာ post သွားတင်တယ်ဆိုရင်တော့ warning process နဲ့ သွားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းအမှားလုပ်လေ့ရှိတာပဲဆိုတော့ first or second time က တော့ သိပ်ပြီးတော့ကြီးလေးတဲ့အမှားမဟုတ်တဲ့အတွက်ကြောင့် warning လောက်ပဲပေးပြီးတော့ သွား မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်လို့တော့မြင်တယ်။ ကျွန်တော်တို့ဆို ဘယ်လိုလုပ်လေ့ရှိလဲဆိုတော့ ဟိုတစ်နေ့ကမှ မှားတင်ထားတာပေါ့နော်။ ဘယ်လိုမျိုး check ရလဲဆိုတော့ မှားတင်တဲ့ post တွေအများစု ကကျတော့ သူကဘယ်နေရာမှာသွားပြီးတော့ အားနည်းတာလဲဆိုရင် agency ပဲပြောပြော၊ client site ပဲ ပြောပြောပေါ့နော်။ နှစ်ပိုင်းလုံးပြောြပပါမယ်။ ကျွန်တော်တို့ပုံမှန် post တင်တာက team ထဲမှာရှိတဲ့ အငယ်တွေ လုပ်တာများတယ်။ အဲ့တော့ team ထဲမှာရှိတဲ့ အကြီးတွေက cross check လုပ်ပေးသင့် ပါတယ်။ cross check မလုပ်ဘူးဆိုရင် မှားတာတွေလည်း အများကြီးရှိလာနိုင်တာဆိုတော့ ကျွန်တော် တို့က AE တို့က post တင်တဲ့ဟာတွေကို AM တွေရဲ့တာဝန်အနေနဲ့ပေးထားပါတယ်။ အငယ်တွေကတော့ မှားမှာပဲ။ အဲ့တော့အငယ်တွေမမှားအောင် အကြီးတွေကနေဝိုင်းကြီးကြပ်ရမှာပဲ။ အဲ့တော့ကျွန်တော်တို့ ကိုယ်တိုင်လည်း account manager တွေအကုန်လုံးကို ကျွန်တော်တို့ team ဘက်က CO ကနေတာဝန် ခံတယ်။ နောက်ဆုံးကျွန်တော် chairman ကနေတာဝန်ယူပေးရတယ်ပေါ့လေ။ ဆိုတော့အဲ့ဒီ culture တစ်ခုကိုဝင်စေချင်တယ်။ ပြောရမယ်ဆိုရင် ကိုယ့် team ကိုကိုယ့်အနေနဲ့ အမြဲတမ်းကာကွယ်ပေးသင့် တယ်လို့ ခံယူထားတာဆိုတော့။ #marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
February 09, 2023Instagram ရဲ့ CPR အခြေအနေဘယ်လိုရှိလဲ?Q: Instagram ရဲ့ CPR အခြေအနေဘယ်လိုရှိလဲ? A: ကျွန်တော်တို့က Instagram မှာ boost မလုပ်ပါဘူး။ လက်ရှိအထိပါ။ ဘာလို့လဲဆိုတော့ Instagram က မြန်မာပြည်မှာ ၁.၇ သန်းပဲရှိနေသေးတာဆိုတော့ ကျွန်တော်တို့ကတော့ အဲ့လောက်ကြီးမမြင်ဘူးပေါ့နော်။ ROI အဲ့လောက်ကြီးမမြင်ဘူး။ ဆိုတော့ကျတော့ boost မလုပ်ပါဘူး။ #marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
February 07, 2023Marketing Budget strategy ဘယ်လိုဆွဲရမလဲ?Q: ၂၀၂၂ မှာ Facebook ကနေ တလ သိန်း ၁၀၀၀-၁၅၀၀ ဝန်ကျင်း အရောင်းရရင် ၂၀၂၃ budget ဘယ်လောက်သုံးသင့်ပါသလဲ။ A: အရင်ရတဲ့ Benchmark ထက် နောက်ထပ် ၂၀၂၃မှာ ဘယ်လောက်တက်ချင်လဲဆိုတဲ့ ဟာမျိုးတော့ သိဖို့လိုမယ်၊ ဥပမာ သိန်း ၁၀၀၀၊ ၁၅၀၀ ရနေပြီးသား နောက်နှစ်ထဲမှာ သိန်း ၁၂၀၀ ကနေ ၁၈၀၀ ကြားလိုချင်တယ် ထားပါတော့ အဲ့တာဆိုရင် ဘယ်လောက်ထိတတ်သွားလဲဆိုတော့ ၂၀% တတ်သွားတယ်ဆိုရင် marketing budget ကိုလည်း ၂၀% -၃၀% ဥပမာ ထားပါတော့ ကျွန်တော်က သိန်း ၁၀၀၀ ရောင်းရဖို့ marketing budget ၁၀% သုံးနေရတယ် ၁၀၀ ကနေ ၁၅၀ သုံးနေရတယ်ဆိုရင် ၁၂၀ ကနေ ၁၃၀၊ ၁၄၀, ကနေ သိန်း ၂၀၀ ကြားလောက်ကို သုံးနိုင်မယ်ဆိုရင်တော့ ပိုပြီးဖြစ်နိုင်တယ်၊ ဒါပေမဲ့ နောက်တစ်ခုက ဘာကိုစဉ်းစားရလဲဆိုတော့ အဲ့ဒီ brand တစ်ခုရဲ့ဘယ်လောက်ထိ ကြာနေပီးလဲ ဥပမာ မြန်မာပြည်မှာ ၁၀နှစ် အနှစ်၂၀လောက်ရှိနေပြီးသား brand ဆိုရင်တော့ marketing budget အရမ်းမလိုဘူး သူတို့ကို လူတွေက သိနေပြီးသား အဲ့တော့ ကျွန်တော်တို့က campaign run နေရုံနဲ့တင် effective ဖြစ်နိုင်တယ်၊ အဲ့လိုမဟုတ်ဘဲ မနှစ်ကမှဝင်လာတယ် လူတွေအရမ်းကြိုက်လို့ အရမ်းကြီးပေါက်သွားတယ်ဆိုရင် ဖြစ်နိုင်တယ်ဆိုပေမဲ့ အဲ့ဒီအရှိန်ကုန်သွားရင် ပြန်ကျမှားစိုးရိမ်ရတယ်၊ အရှိန်မကုန်အောင် ပြန်ပြီးတော့ ဆွဲဆွဲတင်နေရတယ် campaign တွေကို run ရတာပေါ့ ဆိုတော့ Business ရဲ့ သက်တမ်းက ဘယ်လောက်ထိဖြစ်နေပြီလဲ လူတွေကြားထဲမှာဘယ်လောက်ထိလက်ခံနေပြီလဲ ဆိုတာမျိုးကို အခြေခံပြီးတော့မှ ကိုယ့်ရဲ့ Revenue Goal ရဲ့ ၂-၃ % လောက်မှ ၁၀-၁၅%လောက်ထိ marketing budget သုံးရပါတယ် အဲ့တာကတော့ ကျွန်တော်ရဲ့ consultation ဘက်က ရလာတဲ့ experience တွေရော ကျွန်တော် ဒီဘက် corporate ဘက်ကနေ ရတဲ့ experience တွေရော ပြောပြပေးတာပါ၊ နောက်တစ်ခု အရေးကြီးတာလည်း ကိုယ့်ရဲ့ market ကလည်း competitive ဖြစ်နေလည်းဆိုတဲ့ဟာမျိုးက အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ competitive အရမ်းမဖြစ်တဲ့ market မှာဆိုရင်က ပိုက်ဆံနည်းနည်းသုံးရုံနဲ့ ကိုယ့်ရဲ့ brand ကိုလူမြင်တယ်ဆိုရင်က ကိုယ့်ဆီကဝယ်လာနိုင်တယ် အဲ့လိုမဟုတ်ဘဲနဲ့ telecom တွေဗျာ အခုဆို Atom၊ Ooredoo၊ Mytel ၊ MPT (၄)ခုရှိတယ်၊ (၄)ခုမှာ သိန်းကို ထားပါတော့ ၁၀၀၀၀-၂၀၀၀၀ပြနေလို့ ၁% ဘဲသုံးမယ်ဆိုရင် MPT က တစ်လကို သိန်း ၂၀၀ ဘဲသုံးမယ်၊ Ooredoo မှ တစ်လ သိန်း ၃ထောင် သုံးနေတယ်ဆိုရင် Ooredoo ရဲ့ branding သည် တစ်နိုင်ငံလုံးပြည့်နေတာဖြစ်တဲ့ အလျောက် လူတွေက စဉ်းစားတာရှိရင် Ooredoo ကိုစပြီး မြင်နိုင်တယ်ဆိုတော့ ကိုယ်ရဲ့ market competitive က ဘယ်လောက်ထိကြီးနေလဲ ဆိုတဲ့ဟာမျိုး သိသင့်တယ် ဒါတွေအကုန်လုံးကAgency ဘက်က လုပ်ပေးလေ့ရှိပါတယ်။ ကျတော် အရင်တုန်းက လုပ်ခဲ့တဲ့ Agency တွေရော ကျွန်တော်တို့ အခု develop မှာရော market analysis အရင်ဆုံးလုပ်တယ် တစ်လကိုဘယ်လောက်သုံးသင့်တယ် တစ်နှစ်ကို ဘယ်လိုမျိုး campaign တွေ run သင့်လဲ အဲ့ campaign တစ်ခုချင်းစီကိုလည်း ဘယ်လောက်သုံးသင့်လဲဆိုတဲ့ဟာမျိုး strategy အနေနဲ့ပြန်ချပေးပြီးတော့မှ proposal တင်ပေးတာပါ။ အဲ့ပုံစံမျိုးတွေနဲ့ run လေ့ရှိပါတယ် တခြားသော agency တွေလည်း ကိုယ့်ဘက်က ခေါ်တယ်ဆိုရင် ဒီ marketမှာဘာတွေဖြစ်နေလဲဆိုတဲ့ industry analysis လေးယူလာခိုင်းလိုက်ပါ အဲ့တာဆိုရင် မဟုတ်ရင်က ကိုယ့်ရဲ့ branding strategy ကဘယ်ကလာမယ်မှန်မသိတဲ့အချိန်မှာ ကိုယ်အတွက်က အများကြီးအခက်အခဲရှိတယ်လေ အဲ့တာက ကျွန်တော်အနေနဲ့ အကြံပေးလို့ရတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm...more6minPlay
February 01, 2023Outsource က Company data privacy အတွက်ရော တာဝန်ယူပေးလား?Q: Company ဘက်က data privacy အတွက်ရော တာဝန်ယူပေးပါလား။ A: ကျွန်တော်တို့ဘက်က team လိုက်ကိုသွားတာဖြစ်တဲ့အတွက် privacy ကိုတာဝန်ယူပါတယ်၊ Herballines တို့ One plus mobile တို့တွေက client တွေနဲ့ manage လုပ်နေရတာဆိုတော့ ကျွန်တော်တို့ လုပ်ပေးပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
January 31, 2023Digital Marketing ကို budget ချပေးပြီး outsource နဲ့တွဲလုပ်နိုင်ဖို့ ဘာတွေလေ့လာရမလဲ? (Report)Q: Digital Marketing ကို budget ချပေးရုံ outsource နဲ့တွဲပြီး သေသေချာချာ အလုပ်လုပ်နိုင်ရုံဆို ဘာတွေ လေ့လာရပါမလဲ အချိန်မရှိလို့ outsourceဘဲ သုံးဖို့ရည်ရွယ်ပါတယ်။A: တတိယအဆင့် အနေနဲ့ကတော့ Report ဖတ်တဲ့ဟာ report team က agency တွေ ပုံမှန်အတိုင်းကတော့ standard report template ကတော့agency တော်တော်များများမှာရှိတယ် ဒါပေမဲ့ ကိုယ်ကဘယ်လိုမျိုး report မျိုးကိုလိုချင်တာလဲ ဘာမြင်ချင်တာလဲဆိုတာ သိရမယ်ဆိုပိုပြီး ကောင်းနိုင်မယ်လို့တော့ယူဆပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ ကို့အနေနဲ့အများကြီး learning လုပ်ဖို့အချိန်အင်အားနဲ့ budget ရှိလား ပေါ့နော် မရှိဘူးဆိုရင်က တစ်ခုလေးအကြံပေးလို့ရတာက inhouse မှာ ၁ယောက်ကို marketing သမားခန့်လိုက် သူ့ကို ကျွန်တော်တို့က ဘာလုပ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာ ကိုယ် brand ရဲ့representative ပေါ့ agency တွေကို အများကြီး management လုပ်လို့ရတယ်ဆိုရင်က အချိန်တွေ၊ ငွေတွေ၊ လူအင်းအားတွေ save ဖြစ်နိုင်ပါတယ်လို့ မြင်ပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.