Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
Everything about business development, marketing, communication, blogging, vlogging and other stuffs.... more
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.
December 28, 2022Purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ဘယ်လိုတိုင်းလို့ရလဲဗျာ။ (Sale Campaign - SQL)Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Sale Campaign - SQL)A: အဲ့ဒီ MQL ကိုမှ marketing သမားရဲ့ process မဟုတ်တော့ဘူး။ sale သမားရဲ့ process ကဘယ်ကဝင်လာလဲဆိုတော့ MQL ကနေ SQL ကိုပြောင်းတဲ့ဟာ။ ထားပါတော့ level up marketing agency အနေနဲ့က proposal တင်ပေးပါဆိုတဲ့အထိရောက်လာပြီဆိုရင်တော့ SQL ဖြစ်သွားပြီ။ စျေးရောင်းဖို့အထိကို သေချာလောက်တယ်ဆိုတဲ့ qualified lead ဖြစ်သွားတဲ့အလျောက် အဲ့ဒီဟာကို plus one to SQL ဆိုပြီးသတ်မှတ်ပါတယ်။ ဒီမှာလည်း ads result ကောင်းမကောင်းကို message ဘယ်နှစ်စောင်ဝင်လာလဲဆိုတဲ့ဟာက လွန်ခဲ့တဲ့သုံးလေးငါးနှစ်လောက်က ကျွန်တော်တို့တိုင်းလာခဲ့တဲ့ဟာပါ။ အဲ့ဒီကနေ advanced ဖြစ်သွားအောင်ဆိုပြီး အခုဆိုရင် MQL အရေအတွက်နဲ့ SQL အရေအတွက်ကိုပါ client နဲ့ညှိပြီးတော့ပဲဖြစ်ဖြစ်၊ သူ့ရဲ့ community manager နဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ ညှိပြီးတိုင်းရတယ်။ အဲ့တိုင်းလို့ရှိရင်က ကျွန်တော်တို့ရဲ့ campaign ရဲ့ business contribution ကဘယ်လောက် level ထိရောက်သွားတယ်ဆိုတာ မြင်ရမှာပါ။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 27, 2022purchase တိုင်းမရတဲ့ campaign ရဲ့ result ကောင်းမကောင်းကို ဘယ်လိုတိုင်းလို့ရလဲ။ (Sale Campaign-MQL)Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Sale Campaign - MQL)A: ခုနကပြောသလိုပေါ့ ဒီ campaign ကလုံးဝ sale campaign ။ sale ဖြစ်မှပဲ ကိုယ့်ရဲ့ campaign အောင်မြင်ခြင်းမအောင်မြင်ခြင်း သိမယ်ဆိုရင် ကျွန်တော်တို့ကတော့ ဘာနဲ့တိုင်းလဲဆိုရင် marketing qualified lead လို့ခေါ်တယ်။ အမှန်တကယ်က sale process တစ်ခုမှာက MQL, SQL ဆိုပြီးနှစ်ခုရှိတယ်။ marketing qualified lead နဲ့ sale qualified lead ပေါ့နော်။ qualified lead ကိုဘယ်လိုတိုင်းလဲဆိုတော့ hi လို့ပြောပြီးတော့ ပျောက်သွားတဲ့ဟာတွေကို ကျွန်တော်တို့က lead လို့မသတ်မှတ်ဘူး။ hi လို့ပြောပြီးတော့ စာမပြန်တဲ့လူမျိုးကို qualified lead လို့မသတ်မှတ်ဘူး။ hi လို့ပြန်ဖြေပြီးတော့မှ ကိုယ်ကနေစာပြန်တဲ့အချိန်မှာ သူကလည်းစကားဆက်ပြောတယ်ပေါ့နော်။ product နဲ့ဆိုင်တဲ့ မေးခွန်းမေးတာပဲဖြစ်ဖြစ်၊ product purchase interest ဆိုတဲ့ product ဝယ်ဖို့စိတ်ဝင်စားတဲ့ ပုံစံမျိုးတွေဆိုရင် MQL အနေနဲ့သတ်မှတ်လိုက်တယ်။ အဲ့တာအပြင် လက်ရှိအချိန်ထိက Facebook နဲ့ပဲသွားနေတယ်ဆိုရင်တော့ manually data ကောက်ရပါတယ်။ comment ဖြေတဲ့သူက ဒီနေ့ကတော့ MQL ဘယ်နှစ်ယောက်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နာမည်တွေဆွဲထုတ်ပြီးတော့မှ excel တစ်ခုထဲကို အကုန်လုံးဖြည့်ရတယ်။ ဒါက တစ်ပိုင်း#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 26, 2022roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Ko Alex Khine အမြင်)Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Ko Alex Khine အမြင်)A: ကျွန်တော်အဲ့မှာမြင်တာက နှစ်ခုမြင်တာပေါ့နော်။ တစ်ခုကကျတော့ roas/purchase တိုင်းလို့မရဘူးဆိုတာကကျတော့ နံပါတ်တစ်ကအဲ့ဒီလုပ်တဲ့ campaign ရဲ့ objective ကစျေးဝယ်ဖို့လားပေါ့နော်။ ကျွန်တော်တို့ sale objective အထိကိုသွားချင်တာလား။ အဲ့တာဆိုရင်တော့ ကျွန်တော်ထင်တယ်။ အကုန်လုံးက boost လုပ်တဲ့ဟာမျိုးကကျတော့ get message နဲ့ပဲသွားကြတာများမယ်နဲ့တူတယ်။ အဲ့လိုမဟုတ်ဘူး ကိုယ့်ရဲ့ campaign ရဲ့ objective ကိုက brand awareness ပိုပြီးသွားချင်လို့၊ ပေါက်ချင်လို့ဆိုရင်တော့ ဒါသည်ကျွန်တော်တို့ရဲ့ objective က reach များရင်သော်လည်းကောင်း၊ engagement များရင်သော်လည်းကောင်း၊ video view များရင်သော်လည်းကောင်း ဖြစ်ရမှာ။ အဲ့တော့ ကိုသန့်ထက်အောင်ပြောသလိုပဲ။ အစတည်းကတော့ ကိုယ့်ရဲ့ client သော်လည်းကောင်း၊ manager သော်လည်းကောင်း၊ boss သော်လည်းကောင်းနဲ့ သိရမှာပေါ့လေ။ ဒီ campaign သည်ဘာဖြစ်ချင်တာလဲဆိုတဲ့ အဓိက objective တစ်ခုလိုတယ်။ အဲ့အချိန်မှာ ဘာပါထပ်ပြီးညှိရလဲဆိုတော့ reach ကများချင်သလောက်ရတယ်။ ကျွန်တော်တို့ရဲ့ target Ads Set က ချဲ့ရင်ချဲ့သလောက်ကို cost per result ကကုန်ကျမှာဆိုတော့ ဒီ target ပေါ်မှာသွားမှာဆိုတဲ့ဟာမျိုးနဲ့ ဒီ objective ဆိုတဲ့ဟာမျိုးနဲ့ အရင်ဆုံးတော့ပြောပြဖို့လိုတယ်ပေါ့နော်။ ပြီးတော့မှပဲ KPI matrix ကိုဆက်လုပ်ပေါ့လေ။ reach ကိုပြမှာလား၊ engagement ကိုပြမှာလား၊ website ကိုဆွဲခေါ်တဲ့ learning page view ပေါ့နော်။ အဲ့တာတွေကိုသွားမှာလားဆိုတဲ့ ပုံစံမျိုးတော့ define လုပ်သင့်တယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
December 25, 2022roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲ..? (Ko Thant Htet Aung အမြင်)Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ A: အိုကေ ကျွန်တော်တို့ဘာ objective နဲ့ run တာလဲပေါ့နော်။ အဲ့ဒီ objective နဲ့ပဲ အရှေ့က cost per result တွေကဘယ်လောက်ရခဲ့လဲပေါ့လေ။ အဲ့ဒီ content ပေါ်မှာသုံးခဲ့တဲ့ creative တွေကရောဘယ်လိုမျိုးဟာသုံးခဲ့တာလဲ။ organic နဲ့ paid နဲ့ကိုပြန်ယှဥ်ပေါ့နော်။ ပြန်ယှဥ်ပြီးတော့မှ ads result ကို ကောင်းမကောင်းကတော့ အရှေ့က historical data နဲ့ပဲပြန်ပြီးတိုင်းမှရမှာပေါ့နော်။ roas တွေ၊ purchase တွေနဲ့ တိုင်းလို့မရတဲ့ campaign တွေဆိုရင်တော့။ ဒါမှမဟုတ် တစ်ခုတိုင်းလို့ရတဲ့ဟာက campaign တစ်ခုကိုမလုပ်ခင်မှာ ကျွန်တော်တို့ရဲ့တကယ့် objective ကဘာလဲပေါ့နော်။ engagement တိုးချင်တာလား။ video view များချင်တာလား။ ဒါမှမဟုတ် reach ရောက်ချင်တာလား။ အဲ့တော့ ကျွန်တော်တို့ဘယ်လောက် budget သုံးပြီးတော့ ဘယ်လောက် reach ရမယ်ဆိုတဲ့ KPI တစ်ခုက campaign မစခင်တိုင်းမှာ ရှိမယ်နဲ့တူတယ်။ အဲ့ဟာနဲ့လည်း ပြန်တိုင်းလို့ရတယ်။ ဒါမှမဟုတ်ရင် အရှေ့က run ခဲ့တဲ့ campaign တွေရဲ့ result တွေကိုပြန်ကြည့်ပြီးလည်း တိုင်းလို့ရပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 23, 2022Story မှာ မြန်မာfont style ကို ဘယ်လိုပြောင်းရလဲ..?Q: Story မှာ မြန်မာfont style ကို ဘယ်လိုပြောင်းရလဲရှင့် ။A: မြန်မာfont style မဟုတ်ပါဘူး၊ အဲ့တာ ကျွန်တော်ရဲ့ ဓါတ်ပုံပါ၊ အဲ့တော့ camera ထဲမှာဖြစ်ဖြစ်snapseed ထဲမှာဘဲဖြစ်ဖြစ် ဓါတ်ပုံကို အရှည်လိုက် resize လုပ်လိုက်တယ်ပေါ့ resize လုပ်ပြီးတော့မှ အဲ့ဒီဓါတ်ပုံကြီး တစ်ခုလုံးကို တင်ပေးထားတာပါ။ story ထဲဝင်ပြီးရိုက်ထားတဲ့ စာမဟုတ်ပါဘူး၊ သီးသန့်ဓါတ်ပုံတစ်ပုံ ယူပြီးတော့မှ အဲ့ဓါတ်ပုံကို story ပေါ်ပြန်တင်ထားတာပါ..။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 22, 2022Social Media Marketing လုပ်တဲ့အခါ ဘယ် Tools တွေကို သိထားသင့်ပြီး အသုံးပြုသင့်လဲ..?Q: Amateur Digital Marketer တစ်ယောက်အနေနဲ့ Social Media Marketing လုပ်တဲ့အခါ မဖြစ်မနေ သိထားရမယ့် သုံးသင့်တဲ့ Tools တွေကိုပြောပြပေးပါကို Alex.A: အရင်ဆုံး tool တွေအကြောင်းမပြောခင် Marketing ကို learn လုပ်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ tool သုံးတဲ့ Marketer မဖြစ်စေချင်ပါဘူး၊ ကိုယ်လိုချင်တာလေးကို ခေါင်းထဲမှာရှိတယ် ဆိုရင် အဲ့လိုချင်တာကို ဘယ် tool ကနေပေးလဲဆိုတာ လိုက်ရှာလို့ရတယ်၊ ဥပမာ ကျွန်တော်တို့ toolတွေ အများကြီးရှိတယ်ဗျာ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့သုံးနေတဲ့ tool ဆိုလို့ရှိရင် StreamYard ဆိုတဲ့ tool သုံးတယ်၊ တစ်လကို ဒေါ်လာ ၂၅ ပေးရတယ်၊ နောက်တစ်ခုက fan page karma ဆိုတဲ့ tool သုံးတယ် တစ်လကို ဒေါ်လာ ၃၀၀ ပေးရတယ်၊ linkedIn learning သုံးတယ် တစ်လ ဒေါ်လာ ၂၀၀ လောက်ပေး ရတယ်၊ campaign asia ကျွန်တော်တို့ဝယ်တယ် တစ်လ ဒေါ်လာ ၂၀၀ လောက်ပေးရတယ်၊ ဒါကကျွန်တော် တို့ team တစ်ခုလုံးအတွက်ကို ကျွန်တော်လုပ်ပေးနေတဲ့ဟာမျိုး ဒါပေမဲ့ ကျွန်တော်တို့ လိုချင်နေတဲ့ ဟာမျိုး တွေက ဒီ toolတွေမှာ ရှိတဲ့အချိန်မှာ ဒီ tool တွေကိုဝယ်ရတာ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ comment အနေနဲ့က တခြားသော တစ်ခုခုလိုချင်တယ် ဆိုရင် တခြားသော ဥပမာ canva ဆိုလိုရှိရင်က တော်တော်များများ Digital Marketer လို့ဆိုတဲ့ content creator တွေသုံးနေကြတဲ့ tool တစ်ခုကို canva က canva လိုမျိုးဘဲ အခြားသော app တွေအများကြီးရှိပါတယ်၊ ဆိုတော့ ကိုယ်ဘာလိုလဲဆိုတဲ့ ဟာအပေါ် မူတည်ပြီး tool တွေအများကြီးရှိတယ်၊ ဒါပေမဲ့ တစ်ခုအကြံပေးချင်တာကတော့ Marketing foundation လေးကို သိစေချင်ပါတယ်၊ toolတွေကတော့ ကျွန်တော်စောစောက ပြောသလိုဘဲ ကျွန်တော်တို့သုံးနေတဲ့ toolတွေက အောက်မှာချရေးပြပါမယ်၊ ကျွန်တော်တို့ StreamYard ဆိုတဲ့ tool ရှိတယ် fan page karma ဆိုတဲ့ tool ရှိတယ် page တွေများတယ် ကျွန်တော်တို့သုံးနေတာ canva ရှိတယ်၊ campaign asia ရှိတယ်၊ linkedIn learning ရှိတယ်၊ ကျန်တဲ့ဟာတော့ ကျွန်တော်ခေါင်းထဲမှာ ရုတ်တရက်ကြီး မှတ်မိမနေဘူး ဒီဟာတော့ လက်ရှိအချိန်မှာ ကျွန်တော်သုံးနေတယ်ပေါ့။#marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
December 20, 2022Product အသစ်ကို စျေးကွက်ဘယ်လိုဖောက်ရမလဲ?Q: ဒီကာလမှာ Product အသစ်ကို စျေးကွက်ဘယ်လိုဖောက်သင့်လဲ အကြံပေးပါအုံးအကိုရေ.. Skin Care Brand တစ်ခုသွင်းထားလို့။A: Product အသစ်ဖောက်တာကတော့ အများကြီးပြောင်းလဲသွားတာမျိူး မရှိပါဘူး။ ကျွန်တော် အတွက်ကတော့ content ပါဘဲ။ ပထမဆုံးကတော့ ဘယ်လို target segment ကို သွားချင်လဲဆိုတာကို သိရဖို့လိုအပ်ပါတယ်။Skin care brand ဆိုတော့ ဥပမာ - နယ်လား၊ မြို့လား၊ white collar၊ Blue collar၊ housewife တွေလား ဆိုပြီး ကိုယ့် product ရဲ့ target segment ကိုသိဖို့ အရေးကြီးပါတယ်။ ကိုယ့် Target ကိုသိပြီဆိုရင်တော့ သူတို့နဲ့ သက်ဆိုင်တဲ့ content တွေနဲ့ဖောက်မယ်ဆိုရင်တော့ ဖောက်လို့ရပါတယ်။ ကျွန်တော်ကတော့ ဘာနဲ့အရင်စဖောက်စေချင်လဲဆို differentiation လုပ်ပါ။ ဘာလဲဆိုတော့ ခု local မှာက ဒါသုံးရင် glow လာမယ်၊ ချောလာမယ်ဆိုပြီး အဲ့လို content တွေနဲ့လုပ်နေကြတာများတယ်။ ဆိုတော့ ကိုယ့်ရဲ့ product အသစ်က အဲ့ရှိနေတဲ့ Market မှာ ဘယ်လိုခွဲထွက်ရမလဲဆိုတာ စဉ်းစားဖို့ပါ။ အဲ့တာကို Unit Selling Point (USP) လို့လည်းခေါ်ပါတယ်။ Seth Godin ရဲ့ Purple Cow နဲ့ ဥပမာပေးပြပါမယ်။ ကျွန်တော်တို့ လယ်ကွင်းတွေကို ဖြတ်ပြီးကားမောင်းနေတယ်လို့ ထားလိုက်ပါတော့ လမ်းမှာနွားတွေတွေ့နေရမယ် ဆိုရင် ဘယ်သူမှ ကားကိုရပ်ပြီး တကူးတကကြီး ဆင်းမကြည့်ဘူး Right? ဒါပေမဲ့ နွားပြာကြီးကို ရူတ်တရက်တွေ့လိုက်မယ်ဆိုရင် နွားပြာကြီးတစ်ခါမှ မမြင်ဖူးဘူးဆိုပြီး ဆင်းကြည့်ကြမှာပဲ။ အဲ့တာကို Seth Godin က Remarkable လို့ဆိုပြီးသုံးတယ်။ အဲ့တော့ remarkable ကအရေးကြီးတယ်။ Branding မှာ ကိုယ့် Product က remarkable ဖြစ်မှသတိထားမိမှာ။ ကျွန်တော်တို့ Beauty Vlogger တွေ၊ giveaway contents တွေမသုံးနဲ့ မဟုတ်ဘူး သုံးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ product နေရာယူထားတဲ့ position တစ်ခုက တခြား competitor တွေ products ရဲ့ position နဲ့သွားတူနေမယ်ဆိုရင် consumer က ငါဘာကြောင့် ဒီ product ကိုသုံးရမှာလဲဆိုပြီး စဉ်းစားလိမ့်မယ်။ အဲ့တာကြောင့် USP (Unit Selling Point) က အရေးကြီးတယ်လို့ပြောတာပါ။ USP ဆိုတာ တစ်ခြားသူတွေ မပြောသေးတဲ့ idea တစ်ခု၊ တစ်ခြားသူတွေ မသုံးသေးတဲ့ ingredient တစ်ခု၊ တစ်ခြားသူတွေမသုံးသေးတဲ့ Marketing activity တစ်ခု ဖြစ်နိုင်တယ်။ နောက်ဆုံး ဘာ USP မရှိဘူးဆိုရင်တောင်မှ ဘယ်သူမှမလုပ်သေးတဲ့ Marketing activity တစ်ခုကို USP ထားပြီးတော့ လုပ်ရင် အဲ့ Brand ပေါက်ပါတယ်။ ဒါတွေကတော့ ကျွန်တော့် အနေနဲ့ ဒီအချိန်မှာ ပေးချင်တဲ့ အကြံပါ။#marketing #digitalmarketing #market #career #askalex #askalexmm...more5minPlay
December 19, 2022Spam Box ထဲက Customer တွေက ပို့စ်တွေ Ads တွေပြန်မြင်နိုင်လား..?Q: ကိုယ့်စီလာဝယ်တဲ့ Customer ကို ဝယ်ပြီးသွားတဲ့အခါ Main Box ထဲမှာ ရောကုန်မှာဆိုးလို့ spam box ထဲထားတာ ပိုစ့်တွေပြန်မြင်နိုင်သေးလားဗျ Ads တွေကကောသူတို့စီပြန်ရောက်နိုင်လားဗျA: ပိုစ့်တွေလည်းမြင်ရနိုင်ပါတယ် Ads တွေကလည်း သူစီပြန်ရောက်နိုင်ပါတယ်၊ ကိစ္စမရှိပါဘူး ဒါပေမဲ့ သူ့ဆီက မက်ဆေ့ထပ်ဝင်တယ် ဆိုလိုရှိရင် ကိုယ်က spam box ထဲကသွားကြည့်ရမယ် မဟုတ်ရင်က ကိုယ့်ဆီမှာလာပြီး ပြမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ messenger box ထဲမှာလာပြီးပြမှာ မဟုတ်ဘူး၊ အဲ့ဟာတစ်ခုတော့ နည်းနည်း shock ရှိတယ်ပေါ့နော်.. ဆိုတော့ Main Box ထဲမှာ ရောကုန်မှာဆိုးလို့ spam boxထဲထားချင်ထားလို့ရတယ် သူတို့ကလည်း ကျွန်တော်တို့တင်တဲ့ Post ကိုမြင်ရသေးတယ် ကျွန်တော် တို့ရဲ့ Ads ကို သူတို့ကိုသာ target ထားတယ်ဆိုလို့ရှိရင် သူတို့မြင်ရနိုင်ပါသေးတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 18, 2022Fake Account တစ်ခုကို ဘယ်လိုအထိရောက်ဆုံးနဲ့ အမြန်ဆန်ဆုံးထိန်းချုပ်နိုင်မလဲ...?Q: fake account တစ်ခုကို ဘယ်လိုအထိရောက်အမြန်ဆန်ဆုံးထိန်းချုပ်နိုင်မလဲခင်ဗျာ။A: post တင်ပြီး boost ချလိုက်ပါ။ အဲ့တာအထိရောက်ဆုံးနဲ့ အမြန်ဆုံးပါပဲ။ ဆိုတော့အဲ့နေရာမှာ အဓိကက ကျွန်တော်ရဲ့ Alex Khine page ပေါ့လေ။ ဘယ်လိုမျိုးသွားလဲဆိုတော့ facebook.com/alexkhine page ဆိုတဲ့ link ရှိတယ်။ username ရှိတယ်။ ဒီ username ကိုအဓိကသုံးတာပေါ့နော်။ အထိရောက်ဆုံး ထိန်းချုပ် ကတော့ post တင်ပြီး boost ချလိုက်ပါ။ နောက်တစ်နည်းကကျတော့ verification badge ချုပ်တာပေါ့နော်။ ဒါက fake page လုပ်တယ်ဆိုတာက ကိုယ့်အတွက်ကိုယ် fake လုပ်နေတဲ့လူတွေပေါ်လာပြီ ဆိုတဲ့အကြောင်းကို ဟိုဘက်ကိုသွားပြီးအကြောင်းကြားလို့ရတယ်။ platform ကိုသွားအကြောင်းကြား ပြီးတော့မှ ငါတို့ရဲ့အစစ်ကဒီမှာ ဘယ်နေ့ကစပြီးဖွင့်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ page history ကိုဓာတ်ပုံ ရိုက်လိုက်၊ အဲ့တာကိုဟိုဘက် platform ကိုပြတယ်ဆိုလို့ရှိရင် ဟိုဘက် platform က verification process လည်း run ပေးသလို ဟိုဘက် page အတုကိုလည်း report လုပ်တယ်ဆိုလို့ရှိရင် သူတို့ကိုဖြုတ်ချ ပေးပါတယ်။ ဒါပေမဲ့ အမြန်ဆုံးနဲ့အထိရောက်ဆုံးကတော့ post တင်လိုက်တာအကောင်းဆုံးပဲ။ ဥပမာဗျာ ဘဏ်တွေဆိုရင် အလိမ်ခံရလွန်းလို့ ဒီ page က original page ပါ။ အစစ်အမှန်ပါ။ ဒီ page ကိုပဲဆက်သွယ် ပါဆိုတဲ့ဘက်ကို သွားကြတာပိုပြီးတော့များပါတယ်။ အဲ့တော့ ကျွန်တော့်အနေနဲ့အကြံပေးချင်တာကတော့ page ကိုပဲဆက်သွယ်ကြပါဆိုတဲ့ ပုံစံမျိုးကိုပဲ push လုပ်စေချင်ပါတယ်။ ပြီးရင် verification badge လေး လျှောက်မယ်ဆိုရင်တော့ ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
December 17, 2022Career နဲ့ ဝါသနာ တခြားစီဖြစ်နေတဲ့သူတွေအတွက် Professional life ကို ဘယ်လိုပြောင်းလဲရမလဲ..?Q: career နဲ့ဝါသနာကတခြားစီဖြစ်နေတဲ့သူတွေအတွက် ဘယ်လိုမျိုး portfolio တည်ဆောက်ပြီး professional အဖြစ်ပြောင်းလဲရတာလေး ပြောပြပေးပါလား။A: career နဲ့ဝါသနာကတခြားစီဖြစ်နေတဲ့သူတွေအတွက် ဘယ်လိုမျိုး portfolio တည်ဆောက်ပြီး professional အဖြစ်ပြောင်းလဲရလဲဆိုတာက အကြံပေးချင်တာက မတူဘူးဆိုရင် ဝါသနာကို social media မှာ drive သာလုပ်။ ပြောမယ်ဆိုရင် blogger တွေ အထူးသဖြင့် မြန်မာနိုင်ငံက blogger တွေ career နဲ့ ဝါသနာတစ်ထပ်တည်းကျတဲ့လူ တော်တော်ရှားတယ်။ blogging ကနေ ပိုက်ဆံရှာလို့ရမဲ့ဟာက အရမ်းနည်းနေသေးတာကိုး။ အဲ့ခါကျတော့ ဝါသနာကဝါသနာပဲ။ အဲ့ဒီကနေ drive လုပ်ကြတယ်။ blog လုပ်ကြတယ်။ ဒီဘက်အသက်မွေးဝမ်းကျောင်းတစ်ခုခုပေါ့နော်။ marketing ပဲဖြစ်ဖြစ်၊ business ပိုင်းပဲဖြစ်ဖြစ်၊ logistics ပိုင်းပဲဖြစ်ဖြစ်၊ financial ပိုင်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ ကိုယ့်ဝါသနာပါတဲ့ဟာကို social media ပေါ်မှာ drive လုပ်လို့ရနေတာပဲ။ ကျွန်တော်ကတော့လုပ်စေချင်တယ်။ နှစ်တွေအများကြီး drive သွားတယ်ဆိုရင်သေချာတယ် ဝါသနာကို professional အဖြစ်ပြောင်းကိုပြောင်းလို့ရတယ်။ အဓိကကပျက်မသွားဖို့ပဲ။ ဝါသနာကို content create လုပ်တဲ့အပိုင်းတွေ။ ကိုယ်က piano တီးတယ်ဆိုရင် ဘယ်သူနားထောင်ထောင်မထောင်ထောင် တစ်ရက်ကိုနာရီဝက်လောက်တီးနေတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့လက်ကမှန်လာပြီဆိုရင် အနည်းဆုံးတော့ လေးငါးခြောက်နှစ်ကြာလာပြီဆိုရင် နားထောင်တဲ့လူတွေများလာမှာပဲ။ ဖြစ်စေချင်တာက ကျွန်တော်ဒီ Alex Khine ကိုစလာတာ ၂၀၁၇ လောက်တည်းက။ ခြောက်နှစ်ရှိပြီ။ အခု live ကိုကြည့်တဲ့လူက ၁၂ ယောက်ပဲရှိတယ်။ ကျွန်တော်က ဒီ live ကိုအယောက်တစ်ထောင်၊ တစ်သိန်းကြည့်ဖို့အတွက် လုပ်နေတာမဟုတ်ဘဲနဲ့ ကျွန်တော်ပြောထားခဲတဲ့ ဟာတွေကို သိမ်းထားခဲ့ချင်လို့ live လုပ်နေတာဖြစ်တဲ့အတွက် ၁ ယောက်ပဲကြည့်နေနေ ဒီလိုမျိုးမေးခွန်း ရှိနေရင် ကျွန်တော်အနေနဲ့ဆက်ပြီး ဖြေနေရမှာပဲ။ ဒီမှာလည်း ဝါသနာပါတဲ့လူတွေအကုန်လုံးကိုလည်း social media မှာ content ကိုအသားကုန်သာလုပ်။ တဖြည်းဖြည်းနှစ်အနည်းငယ်ကြာတဲ့အခါ professional ဖြစ်လာလိမ့်လို့ ယုံကြည်တယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.