Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
Everything about business development, marketing, communication, blogging, vlogging and other stuffs.... more
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.
December 16, 2022တက်သစ်စ Marketer တွေအတွက် Road Map နဲ့ apply ဘယ်လိုလုပ်ရမလဲ..?Q: တက်သစ်စ marketer တွေအတွက် road map နဲ့ apply လုပ်ပုံလေးတွေကို ပြောပြပေးပါ။ A: road map နဲ့ apply လုပ်ပုံလေးကိုပြောပြပါလားဆိုတော့ ကျွန်တော်မြင်တာက life goal တစ်ခုမျိုးကို ဆက်လုပ်စေချင်တယ်။ နောက်ဆုံးပိတ် goal ပေါ့လေ။ ဒါကြီးပြီးရင် အေးဆေးဖြစ်သွားပြီဆိုတဲ့ ပုံစံမျိုး။ အဲ့လိုမျိုးရည်မှန်းချက်တစ်ခုခုရှိတော့မှပဲလည်း ပြန် map လုပ်ပြီးတော့မှ ဘယ်နေရာမှာဘာလုပ်ရမလဲ ဆိုတာဖြစ်တာကိုး။ ကျွန်တော်ဆိုရင် တွေးထားတဲ့ life goal တစ်ခုရှိတယ်ပေါ့နော်။ ကလေးတွေအတွက် ကျောင်းဖွင့်ချင်တာ။ လူနည်းနည်းနဲ့ သူတို့စိတ်ဝင်စားတဲ့ဟာမျိုးကို အနီးကပ်ပညာရေးပေါ့လေ။ ကိုယ် ဝါသနာပါတဲ့ဟာကို သင်ပေးနိုင်တဲ့ကျောင်းတစ်ခု လုပ်ပေးချင်တာပေါ့နော်။ ကျွန်တော်ကတော့ ဘာလုပ် လေ့ရှိလဲဆိုတော့ ရှစ်တန်းလောက်ကတည်းက ပြောပါတယ်။ သူများတွေလိုက်လုပ်ချင်လုပ်၊ မလုပ်ချင် နေပေါ့နော်။ ကျွန်တော်လုပ်တဲ့ပုံစံကတော့ goal တစ်ခုကို ဆယ်နှစ်စာ၊ ငါးနှစ်စာ၊ သုံးနှစ်စာ၊ တစ်နှစ်စာ၊ ခြောက်လစာ၊ သုံးလစာဆိုပြီး အကုန်လုံးပြန်ပြီး map လုပ်ထားတာ။ အသက်သုံးဆယ်မှာ ကိုယ်ပိုင် စီးပွားရေးစကိုစရမဲ့ goal တစ်ခုရှိတယ်ပေါ့နော်။ အသက် ၂၇ နှစ်မှာ level up ကိုစလုပ်တယ်။ ၂၅ မှာ CMHR ကနေ YOMA Bank ကနေ အခု level up ကိုရောက်တယ်ပေါ့နော်။ ဆိုတော့ကျွန်တော့်ရဲ့ dream ထဲမှာကိုက ကိုယ်ပိုင် business တစ်ခုကိုစရမဲ့ goal တစ်ခုရှိနေတာဆိုတော့ စလိုက်တာပေါ့လေ။ ဆိုလိုချင်တာက ဆယ်နှစ်ပြီးတဲ့အချိန်မှာ ငါးနှစ်ရယ် သုံးနှစ်ရယ် တစ်နှစ်ရယ်ဆိုတဲ့ goal လေးတွေချပါ။ ဒီနှစ်မှာတခြားဟာကို မဖြစ်ရင်နေ။ ကျွန်တော်လည်းငယ်ငယ်တည်းက သိတယ်မလား။ new year resolution ဆိုပြီး weight ဘယ်နှစ်ပေါင်ကျမယ်ဆိုပြီး ကြွေးကြော်ခဲ့တာတွေရှိတာပေါ့နော်။ တကယ် လည်းဖြစ်တာမဟုတ်ဘူး။ ဆိုလိုချင်တာက ကိုယ့်ရဲ့ career နဲ့သွားချင်တယ်ဆိုရင် marketer တွေ အတွက်ပါ။ ထားပါတော့ ကိုယ့်ရဲ့ goal က Coca Cola တစ်ကမ္ဘာလုံးရဲ့ CMO ဖြစ်ရမယ်ဆိုတဲ့ goal ကအသက်ငါးဆယ်မှာပဲထားလိုက်ပါ။ အဲ့တော့ အသက်လေးဆယ်မှာ Coca Cola ကိုရောက်နေမှဖြစ်မှာ။ အသက်သုံးဆယ်မှာ နိုင်ငံခြားကိုသွားမှဖြစ်မှာ။ အဲ့တာဆိုရင် အသက်နှစ်ဆယ်လောက်ကတည်းကနေ marketing ထဲခြေစုံပစ်ဝင်ပြီးတော့ ဘယ်လိုမျိုး trend တွေ၊ foundation တွေသိရမယ်ဆိုတဲ့ဟာမျိုးရယ်၊ အသက်နှစ်ဆယ့်ငါးနှစ်လောက်မှာ manager ဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုးလုပ်ရမယ်။ တစ်နှစ်ချင်းစီ မှာလည်း ကျွန်တော့်အနေနဲ့ကတော့ ဘာရှိလဲဆိုတော့ quantity goal တွေရှိတယ်။ သုံးလတစ်ခါ ကိုယ့်ကိုကိုယ် research လုပ်တဲ့ဟာတွေရှိတယ်။ ဥပမာအနေနဲ့ SEO learn လုပ်ရမယ် ဒီသုံးလဆိုရင် လုပ်တယ်။ ကျွန်တော်ဆိုရင် ဒီသုံးလကို strategy နဲ့ HR နှစ်ခုကို learn လုပ်နေရတယ်။ ပြီးရင် level up ရဲ့ရှယ်ယာတချို့ ရောင်းဖို့ပြင်နေတယ်ပေါ့နော်။ Finance pitch ရဖို့ရယ် ဆက်ပြီးတော့ grow ချင်လို့လည်းပါတယ်။ အဲ့အချိန်မှာ level up ကို valuation လုပ်တယ်။ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို ဖြတ်ဖို့အတွက် learn လုပ်ရတယ်။ ပြီးတော့မှ level up ကိုရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့သူတွေကို pitch သွားလုပ်တဲ့ အချိန်မှာ အဲ့ valuation ကပြန် လိုတာကိုး။ အဲ့တော့ ကျွန်တော်သည် marketing ကလာတာ။ valuation တွေ finance တွေ HR တွေကိုမသိဘူး။ အဲ့တော့ကျွန်တော့်ရဲ့ဒီ ဒီကာလမှာလည်း ၂၉ ၊ ၃၀ နဲ့ ၃၅ နှစ်ကြားထဲမှာ ကျွန်တော် learn လုပ်ချင်တဲ့ဟာတွေက how to grow the business ပေါ့လေနော်..။ ကျွန်တော် ဆိုတော့ estimate goal တစ်ခုထား။ ပြီးရင် ဆယ်နှစ်၊ ငါးနှစ်၊ တစ်နှစ်၊ ခြောက်လ၊ သုံးလကို ပြန်ပြီး map လုပ်လိုက် မယ်ဆိုရင်က ဘယ်နေရာမှာဘာလုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးလေး ကိုယ့်အတွက် တစ်ခုခုရလာပါလိမ့်မယ်။ အဲ့ကြားထဲမှာလည်း အများကြီးဖြစ်သွားနိုင်တယ်။ ကျွန်တော်ဆိုရင် ၂၀၂၀ တုန်းက ကျွန်တော့်အစ်ကိုဆုံးတယ်။ ကျွန်တော့်ရဲ့ family တစ်ခုကိုတာဝန်ယူရတော့မယ်ဆိုတဲ့အချိန်မှာ ရုတ်တရက်ပြောင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ goal ကကိုယ့်ဟာကိုယ် adjust လို့ရတယ်။ နည်းနည်းလေး ကိုယ့်ဟာကိုယ်မညှာဖို့နဲ့ အရှိအတိုင်းလက်ခံဖို့က အရေးကြီးတာကိုး။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ဖြစ် မြောက်မြောက် agency မှာအကြာကြီးနေလာခဲ့တဲ့ကောင် မဟုတ်ဘူးဆိုတော့ အခု level up မှာလည်း ကျွန်တော့် ticket တွေမြင်ရတာပဲ။ အဲ့လိုမျိုးပေါ့လေ learn လုပ် နောက်တစ်ခေါက်မှာ ဘယ်လို ကောင်းအောင်လုပ်မလဲဆိုတာလေး ကြိုးစားကြမယ်ဆိုရင်တော့ ကျွန်တော့်အတွက်ကတော့ လောလောဆယ်အထိ အိုကေနေသေးတယ်။ ကျွန်တော်သည် motivation Speaker မဟုတ်သလို ဘာမှလဲ မဟုတ်ပါဘူး.. ကျွန်တော်လက်ရှိလုပ်နေတာ အဆင်ပြေတယ်ဆိုတာပြောပြတာ။ ဒါသည် ကျွန်တော့်ရဲ့ Road map နဲ့ apply လုပ်တဲ့ပုံစံပါ.။ လုပ်ချင်ရင်လိုက်လုပ်နိုင်ဖို့အတွက် share လုပ်ပေးတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm...more10minPlay
December 15, 2022Facebook က ငွေပိုဖြတ်တာဘာလို့လဲ...? (Bank နဲ့ဆိုင်တာလား)Q: ဒီနေ့ငွေပိုဖြတ်သွားတာဆိုတော့ Bank ကိုပြောရတော့မယ် Master Card ၂ခုရှိပြီးပြောင်းသုံးတာ အဲ့လို ပိုပိုဖြတ်နေလို့ရယ်A: ပိုပိုတော့မဖြတ်ဘူး ဒါပေမဲ့ ဘာလည်းတော့မသိဘူး ဆိုတာက တစ်ခုပေါ့ ကိုယ့်ရဲ့ Card ဘဲ hack ခံရလားမသိဘူး တခါတလေကျလို့ရှိရင် အဲ့လိုမျိုး hack ခံရပြီးတော့ ဖြတ်သွားတဲ့ဟာမျိုးတွေရှိတယ် အဲ့တာဆိုလို့ရှိရင်က ဒေါ်လာထောင်နဲ့ချီပြီး ဖြတ်ချသွားတာ ဒေါ်လာ ထောင်နဲ့ချီပြီး Facebook ကနေပြီး billing သယ်လာတာ အဲ့အချိန်မှာ ကျွန်တော်တို့က ဟိုဘက်ကို သွားအကြောင်းကြားတာပေါ့ ငါတို့က အဲ့လောက်မသုံးဘူး ဒီမှာကြည့် ဆိုတဲ့ဟာနဲ့ ပြန်ပြီးပြရတယ်၊ ဒါပေမဲ့ ပိုဖြတ်တယ်ဆိုတဲ့ Facebook billing ထဲမှာ ads account , business manager ထဲက billing ထဲမှာသွားကြည့်လိုက် ဘာကိုမြင်ရလဲဆိုတော့ ဘယ် ads အတွက်ကို ဘယ်လောက်ဖြတ်လဲဆိုတဲ့ ဟာကအစ အတိအကျမြင်ရတယ် bank ကိုသွားပြောတယ်ဆိုလို့ရှိရင် bank က Facebook ကနေပြီးတော့ တက်လာတဲ့ condition တက်လာတဲ့ ပြေစာပေါ်မှာမူတည်ပြီးတော့ receive ပေါ်မှာမူတည်ပြီးတော့ ဘဏ်ကဖြတ်ချတာ ဆိုတော့ Facebook မှာကတည်းက ဒေါ်လာ ၅၀/၁၀၀ ဆိုရင် သူတို့ရဲ့ exchange rate နဲ့ Transaction rate နဲ့ ၂ခုပေါင်းပြီး ဖြတ်ချမှာဘဲလေ အဲ့တာဆိုရင် bank မှားတာမဟုတ်ဘူး၊ Facebook ရဲ့ကိုယ့်ကို check လုပ်တဲ့ဟာမှားနေတာ ကျွန်တော်တို့ ads manager အောက်က billing မှာသွားပြီးစစ်ကြည့်ပါ၊ Data တွေမြင်ရပါလိမ့်မယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 14, 2022Sponsored ads တွေကို Admin ကော page like ထားတဲ့သူတွေပါ မြင်ရအောင်ဘယ်လိုလုပ်ရမလဲ..?Q: Account တစ်ခုကို ads အကောင့်ဘယ်နှစ်ခုရလဲအကို၊ Business manager admin ဘယ်လို add လို့ရလဲဗျ Boost လုပ်ရင် ကိုယ်က admin ဖြစ်ပေမဲ့ sponsored ads ကိုတစ်ခါမှမမြင်ရဘူး ကိုယ်ကော like ထားသူတွေကော မြင်ရအောင်ဘယ်လိုလုပ်လို့ရမလဲ အကိုတစ်ချက်ပြောပေးပါလားဗျ၊ တစ်ချက်ပြပေးလို့ရမလားဗျA: Boost လုပ်တယ်ဆိုလို့ရှိရင်က ကိုယ်က admin ဖြစ်တယ်ဆိုပေမဲ့ sponsored ads ကိုတခါမှ မမြင်ရဘူး၊ကိုယ်ကောlike ထားသူတွေကော မြင်ရအောင် ဘယ်လိုလုပ် လို့ရမလဲ ဆိုတော့ကျတော့ ကျွန်တော်အနေနဲ့ကတာ့ အာမမခံဘူး သူကဘာဖြစ်တတ်လဲဆိုတော့ကျတော့ ပုံမှန်က ကိုယ့်ရဲ့ချိန်ထားတဲ့ targetထဲမှာ ကိုယ်ရောပါလား ဥပမာ ကိုယ်ကအသက်က ၃၀ ဖြစ်နေတဲ့အချိန် ချိန်ထားက ၂၈၊ ၂၉ အဲ့ခါကျရင် မြင်ရမှာမဟုတ်ဘူး ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ Agency က ads တွေတခါမှ မြင်ဖူးဘူး၊ အရမ်းရှားတယ် ကျွန်တော်တို့ Agency က တခါကိုင်ထားတဲ့ အကောင့်တွေအများကြီးထဲမှာမှ တခါကိုင်ရင် တစ်လမှာ ads ၂ခုလောက်ဘဲ ကျွန်တော်မြင်တယ်၊ ဘာလို့လဲဆိုတော့ တစ်ခုနှစ်ခု မြင်ရရင် မြင်ရတဲ့ ကြော်ငြာက ကျွန်တော်စိတ်မဝင်စားရင် အဲ့ဒီ content creator ရော media ပိုင်းရော သွားပြောတာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကို target ထားပြီး တော့စိတ်ဝင်စားစရာ မကောင်းတဲ့ကြော်ငြာတွေလာပြနေလို့ ပုံမှန်ကတော့ မမြင်ရဘူးဆိုတာက ကိုယ့်ရဲ့ target market က ကိုယ်မဟုတ်တာ အဲ့လိုမျိုးအချိန်တွေမှာ မြင်ရမှာမဟုတ်ဘူး၊ နောက်တစ်ခုကကျတော့ ကိုယ့်အနေနဲ့ မပြောတတ်ဘူး ကိုယ့်ရဲ့ fan တွေ ကိုယ့်ရဲ့ page ကို like ထားတဲ့သူတွေ မြင်စေချင်တယ် ဆိုရင်တော့ လုပ်လို့ရတာတစ်ခုက Facebook ရဲ့ assets ထဲမှာ people who like your page ဆိုတဲ့ဟာ တစ်ခုရှိတယ်၊ အဲ့ဟာကို on ထားလိုက်တယ် ဆိုလို့ရှိရင် လူတွေက ကျွန်တော်တို့ရဲ့ ads ကို မြင်ရ ပါလိမ့်မယ် အဲ့ဒီနည်းလမ်းနဲ့ ကျွန်တော်တိုဆက်ပြီးသွားမယ်ဆို အဆင်ပြေနိုင်ပါတယ်၊ အဲ့တာတော့ ကျွန်တော် ads နဲ့ပတ်သက်ပြီးဖြေပေးတာပါ။#marketing #digitalmarketing #market #career #askalex #askalexmm...more3minPlay
December 13, 2022Boost ပြီး မရောင်းရတာ ဘာလုပ်ရမလဲ..?Q: Boost ပေမဲ့ တစ် post ထဲကနေဘဲ ရောင်းနေရတယ် အစ်ကို၊ ပြီးတော့ content, graphics သေချာပြင်ပြီး boost လည်း အဆင်မပြေဘူး ဖြစ်နေလို့ပါ။A: ကျွန်တော်ပေးချင်တဲ့ suggestion ကတော့ content ပိုလုပ်ဖို့ပါဘဲ အဓိကကတော့ တော်တော်များများက ကိုယ်လုပ်လိုက်တဲ့ content ပေါ်မှာမူတည်ပြီးတော့ lead တွေဝင်လာမယ်လို့ ပိုက်ဆံ boost လိုက်မယ်ဆို ရင် lead တွေဝင်လာမယ်လို့ မျှော်လင့်ထားကြတာများတာပေါ့ ကျွန်တော်ကတော့ ဒါနောက်ပိုင်း ကျွန်တော် boost ပေမဲ့ lead ဝင်တဲ့ဟာက တော်တော်လေးကို နည်းသွားနိုင်ပါတယ်။ သတင်းကောင်းမဟုတ်ဘူးဆိုပေမဲ့ပေါ့လေ.. တစ်ခုကတော့ ကျွန်တော်အကြံပေးချင်တာက content လုပ်တဲ့အချိန်မှာ ညီမလေးရေးထားတာကတော့ တစ် post ထဲကနေဘဲ ရောင်းနေရတယ်ဆိုတော့ အနည်းဆုံးတော့ something work ဗျာ အဲ့ တစ် post ထဲကပုံစံမျိုး ကိုဘဲ ပွားပွားပြီးတော့ ရေးကြည့်မယ်ဆိုလို့ရှိရင် content visual guide design လုပ်နိုင်မယ်ဆိုလို့ရှိရင် အများကြီးပိုပြီးတော့ အဆင်ပြေနိင်မယ်လို့တော့ ယူဆပါတယ်။ အဲ့တော့ boosting နဲ့အဆင်မပြေဘူး ဆိုတာက ခဏခဏ လည်း ပြောလေ့ရှိပါတယ်၊ Boost တာသည် effectiveness က ၃၀% လောက်ဘဲ effectiveness ကရှိတာပါ ၊ Boost လို့ရောင်းရတယ်ဆိုတဲ့ ခေတ်က တဖြေးဖြးရှိမှာမဟုတ်တော့ဘူး။ Boost တိုင်းသာ ရောင်းရတယ်ဆိုလို့ရှိရင်က ထားပါတော့ ကျွန်တော်တို့ ဒီ Telecom တွေ Mobile brand တွေ စတဲ့စတဲ့ brand တွေက ဒေါ်လာကို တစ်လ တစ်လကို ထောင်နဲ့ချီပြီး Boost လုပ်လို့ရတာပေါ့၊ Boost တိုင်းရောင်းရဖို့က အများကြီးခဲယဉ်းသွားပြီ။ ဒါပေမဲ့ ဒီကာလကတော့ ကျွန်တော်မြင်တာက Boost လုပ်တဲ့အချိန်မှာ ကျွန်တော်က brand သမားဆိုတော့ ကိုယ့်ရဲ့ brand က ဘယ်လောက်ထိ ယုံကြည်နိုင်မလဲဆိုတဲ့ ဟာပေါ်မှာ အများကြီးမူတည်ပြီးတော့ ကြည့်ကြတယ်လို့တော့ ကျွန်တော်အနေနဲ့ မြင်တယ်၊ ဒါကလည်း အခုနောက်ပိုင်း online shop ဆိုလို့ရှိရင် online shop အကြီးကြီး ဆိုတာက နှစ်ရှည်ရှည် customer service ကောင်းကောင်း လုပ်နိုင်တဲ့ online shop တွေဘဲ အခုနောက်ပိုင်း လူတွေကသွားတိုး ပြီးတော့ ဝယ်ကြတဲ့ဟာဘဲ မြင်ကြတာဆိုတော့ တစ်ခုဘဲ Boosting Boosting ဘဲ သွားနေတယ် ဆိုတာထက် ကိုယ့်ရဲ့ Brand တစ်ခု legacy တစ်ခုကို သွားစေချင်ပါတယ်၊ မဟုတ်ရင်က ဒီ online shop နေပြီးတော့လည်း လူတွေအကုန်လုံးက customerပါးဝလာကြပြီ၊ ဘာကြောင်း အဲ့လိုပြောရလဲဆိုတော့ တစ်ခုခုမြင်လိုက်လို့ အပြင်လိုဘဲဗျာ အရင်တုန်းက တခါမှ အွန်လိုင်းရှော့မဝယ်ဖူးတဲ့သူတွေက နည်းနည်း များတယ် အဲ့အခါဘယ်လိုဖြစ်လဲဆိုတော့ post တက်လာပြီးဆိုကတည်းက send message မြင်တည်းက ဝယ်လိုက်တဲ့ဟာများတယ်၊ အခုဟာကျတော့ ပစ္စည်းတမျိုးကိုဘဲ လူတိုင်းကရောင်းနေတာ online shop တိုင်းကရောင်းနေတာ အဲ့တော့ကျွန်တော်တို့က အဲ့ပစ္စည်းတမျိုးရဲ့ နာမယ်ကိုဘဲ Facebook search boxမှာ search လုပ်ပြီး ရိုက်ချရင် အများကြီးထွက်လာတယ်၊ အဲ့အများကြီးထဲမှာမှ ဘယ်ဟာက စျေးသက်သာလဲ၊ ဘယ်ဟာက customer service ကောင်းလဲ မကောင်းလဲ တစ်ထိုင်ထဲဖုန်းပွတ်ပြီးတော့ ရွေးလို့ရနေတဲ့ အချိန်ဖြစ်နေပြီ ဆိုတော့ကျတော့ boost လုပ်တိုင်း မက်ဆေ့ဝင်မယ် boost လုပ်တိုင်းရောင်းရမယ် ဆိုတဲ့ခေတ်က အများကြီးကျန်ခဲ့ပြီလို့ ကျွန်တော်အနေနဲ့ မြင်တာဘဲ၊ အဲ့လိုမျိုးထက်စာလို့ရှိရင် ကျွန်တော်က ဘယ်လိုမျိုးရှေ့ဆက်ပြီးတော့ brand တစ်ခုအနေနဲ့ ရပ်တည်နိုင်မလဲဆိုတဲ့ ဟာမျိုးလေးတွေ စဉ်းစားမယ်ဆိုလို့ရှိရင်တော့ အများကြီးပိုပြီးတော့ coming လာမဲ့နှစ်တွေမှာ ပိုပြီးအဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။ boost တိုင်းတော့ နောက်ပိုင်းက အဆင်ပြေနိုင်ဖို့က ကိုယ်ရဲ့ brand ကို ယုံကြည်မှုတစ်ခု တည်ဆောက်မထားနိုင်ဘူးဆိုရင် အဲ့တာ သိပ်တော့အဆင်ပြေမှာ မဟုတ်ဘူးဗျ။#marketing #digitalmarketing #market #career #askalex #askalexmm...more5minPlay
December 12, 2022Facebook chat support နဲ့ ဘယ်လိုစကားပြောလို့ရလဲ..?Q: Facebook chat support နဲ့ ဘယ်လိုစကားပြောလို့ရလဲအကို mail ကပို့ရင်လည်း တခါမှပြန်မပို့လို့ အဲ့ဒါလေးကောဖြေပေးလို့ရမလားဗျA: Facebook chat support ကကျွန်တော်သိသလောက်က ဘယ်ကနေသွားပြောတာလဲဆိုတော့ facebook.com/business/help ဆိုတဲ့အထဲကပါ ကျွန်တော်ဝင်ပြမယ် ကျွန်တော်ပြောလို့ ရသေးလား မသိဘူး ။ help ထဲမှာ ပုံမှန်ကတော့ ကျွန်တော်တို့ ဝင်ရတာပေါ့ get started ကိုနှိပ်မယ်ဆိုရင်က ကျွန်တော့ အကောင့်နဲ့ ကျွန်တော် နောက်ကနေဝင်ကြည့်လိုက်အုန်းမယ်၊ ကျွန်တော် screen လေး နောက်တစ်ခု ထပ် share ပါမယ်၊ ကျွန်တော်တို့အခု Facebook ဝင်ထားတဲ့ အကောင့်က သုံးမရဘူး၊ သုံးမရဘူးဆိုတာက ဖွင့်ထားတာ မကြာသေးဘူးဆိုတော့ ဝင်မရဘူး ကျွန်တော်ရဲ့ ကိုယ်ပိုင်အကောင့် ရှိတယ် ကိုယ်ပိုင်အကောင့်နဲ့ ချိတ်ပြပါမယ်။ ဒီထဲမှာ ကျွန်တော်တို့က facebook.com/business/help မှာသွားထားတာပါ ဒီဟာလေးကိုတွေ့မယ် အောက်ကိုဆင်းမယ် ဒီအောက်ထဲမှာ help ထဲမှာ get started ကိုနှိပ်လိုက်တယ် ဆိုရင်က အောက်က box လေးကျလာလိမ့်မယ် လိုချင်တဲ့ ကိုယ့်ရဲ့ အကောင့် တစ်ခုကိုရွေးပါ၊ အဲ့မှာ content support ဆိုတာ ရှိတယ် အဲ့ဒီမှာ ကျွန်တော့်ရဲ့ Alex khine ဆိုတဲ့ အကောင့်အဲ့တာကိုရွေးလို့ရတယ် အဲ့တော့ ဒီထဲမှာဘဲကျွန်တော်တို့က chat လုပ်လို့အဆင်ပြေတယ် အဓိကတော့ ဆိုလိုချင်တာ facebook.com/business/help ထဲကသွားယူရတာပါ၊ အဲ့ဒီကနေပြီးတော့ ဝင်လို့ရပါတယ်၊ ပြလို့မရလို့ ကျွန်တော် screen share မရလို့ ကွန်ပျုတာနဲ့ ပြလိုက်တာ.. အဲ့ဒီကနေ ဝင်ပြီးတော့ chat လို့ရပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more6minPlay
December 11, 2022Ads manager Campaign နဲ့ Boost Run တဲ့အခါ ငွေက ဘယ်လိုဖြတ်တာလဲ..?Q: Ads manager Campaign နဲ့ Boost Run တဲ့အခါ ငွေက ဘယ်လိုဖြတ်တာလဲဗျ၊ Campaign တွက် တစ်ခါ Ads set တွက် တစ်ခါဆိုပြီး ငွေပေါင်းဖြတ်တာလားဗျ ဒါမှမဟုတ် ၃ခုလုံးကို ပြထားတဲ့ အမောင့်က တစ်ခုဘဲ ဖြတ်တာလားဗျ အခုထိမကွဲသေးလို့။A: ဘယ်အချိန်မှာဖြတ်လည်းဆိုတော့ ၂ကြိမ်မှာဖြတ်ပါတယ်၊ ဒုတိယမေးခွန်းကို အရင်ဖြေပါမယ် Campaign အတွက် Ads set အတွက်ဆိုပြီးတော့ ပေါင်းဖြတ်တာမဟုတ်ဘူး အဲ့ ၃ခုလုံးက တစ်ခုဘဲ၊ နောက်တခါ ကြော်ငြာတစ်ခုဘဲ တခါဘဲဖြတ်တာ ၃ခုလုံးကို ပြထားတဲ့ amount က တစ်ခုဘဲဖြတ်တာ၊ အပေါ်ကမေးခွန်းပြန်ဖြေမယ် သူတို့ဘက်က ၂ချိန်ဖြတ်လို့ရတယ်၊ တစ်ချိန်က ကျတော့ ကျွန်တော်တို့ရဲ့ Ads Manager ထဲမှာ ဘယ်လောက် billing ဆိုတဲ့ tap ထဲမှာ ဘယ်လောက်ပြည့်သွားရင် ဥပမာ ဒေါ်လာ ၃၀ ပြည့်သွားရင် ဒေါ်လာ ၅၀/ ၁၀၀ ပြည့်သွားရင် ငွေဖြတ်ပါဆိုတဲ့ဟာကို သွားပြီး ဆက်လုပ်လို့ရတယ်၊ Ads manager အောက်က billing အောက်ထဲမှာ အဲ့တာကို ကျွန်တော် ဆက်လုပ်လိုက်တယ်ဆိုရင်က ဥပမာ ၃၀ ဖိုးပြည့်တိုင်း ဖြတ်ပါဆိုရင် ဒီဘက်က ၃၀ ဖိုး boost ပြီးပြီဆိုတာနဲ့ ၄၀ ဆိုလည်း ၄၀၊ ၅၀ ဆိုလည်း ၅၀ ၃၀ ပြည့်တိုင်း ၄၀ ပြည့်တိုင်း၊ ၅၀ ပြည့်တိုင်း ဖြတ်သွားလိမ့်မယ်၊ အဲ့လိုမဟုတ်ရင် ကျွန်တော်တို့က တစ်လပြည့်ရင် တခါဖြတ်တယ် ဘယ်လောက်ဘဲဖြစ်ဖြစ် ဥပမာ ကျွန်တော်တို့က ၃၀ ပေးထားတယ်၊ တစ်လ လုံးမှ ၂၀ ဖိုးဘဲ boost လုပ်တယ် ဆိုလို့ရှိရင်လကုန်သွားရင် ၂၀ဖိုးဖြတ်ပါတယ်၊ အဲ့တာက facebook ads manager အနေနဲ့ ဘယ်လိုမျိုးဖြတ်တယ် ဆိုတာလေးပါ။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 10, 2022See First favorite လုပ်ရင် ပြုတ်ပြုတ်သွားတာ ဘာလို့လဲ..?Q: See First favorite လုပ်ရင် ပြုတ်ပြုတ်သွားတာ ဘာလို့လဲ..?A: နောက်ဆုံးမေးခွန်း ကိုစိုးစံအောင်ကတော့ ကျွန်တော် Facebook ကိုဘဲ ပြောပြဖို့ပြောထားတယ် ဘာလို့လဲ ဆိုတော့ favorite လုပ်ထားရင် ပြုတ်သွားလို့ဆိုပြီး သူက ကျွန်တော်တို့ရဲ့ FYI ကိုပြောထားပါတယ် ဆိုတော့ FYI ကို Follow လုပ်ပြီးတော့ favorite လုပ်ကြည့်ထားဖို့လည်း ကျွန်တော် မေတ္တာရပ်ခံပါတယ်၊ သူကတော့ မရဘူးလို့ပြောတယ်၊ ကျန်တဲ့သူတွေရော ကျွန်တော်တို့ FYI ကို ဘယ်နှစ်ယောက်ဝယ်ပြီးတော့ ဘယ်နှစ်ယောက် See First လုပ်ထားလဲ မသိဘူး ကျွန်တော်ကိုယ်တိုင်ဝယ်ပြီးတော့ ကျွန်တော်ကိုယ်တိုင် See First လုပ်ထားတယ်၊ ဘာလို့လဲဆိုတော့ တစ်လွဲတွေထလုပ်မှာစိုးလို့..။#marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 09, 2022Page Story က Admin ရဲ့ Friend တွေကိုပဲသွားပြပေးတာ ဘယ်လိုလုပ်ရမလဲ..?Q: အခုနောက်ပိုင်း page story တင်ရင် အရင်လို public မဟုတ်ဘဲ privacy setting မှာ friends ဆိုပြီးပဲပေါ်နေလို့ပါ။ တင်တဲ့ admin ရဲ့ friends တွေကိုပဲ သွားပြတာပါ။ profile account နဲ့ရောနေသလိုမျိုးကြီးဖြစ်နေလို့ပါ။ A: နောက်တစ်ခုက အခုနောက်ပိုင်း page story တင်ရင် အရင်လို public မဟုတ်ဘဲ privacy setting မှာ friends ဆိုပြီးပဲ ပေါ်နေလို့ပါ။ တင်တဲ့ admin ရဲ့ friends တွေကိုပဲ သွားပြတာပါ။ profile account နဲ့ရောနေသလိုမျိုးကြီး ဖြစ်နေလို့ပါဆိုတော့ အဲ့လောက်ကြီး detail technical ကျတော့ ကျွန်တော်လည်းမသိဘူး။ check support ကိုသွားမေးတာပဲ ကောင်းပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more1minPlay
December 08, 2022Engagement နဲ့ Boost ပြီးသား Post ကို Message နဲ့ ပြောင်း boost ရင် ပြပြီးတဲ့သူတွေဆီပဲထပ်ပြတာလား..?Q: Hi Ko Alex! Same post ကို target audience မပြောင်းဘဲ objective မှာ engagement နဲ့ boost ပြီးမှ message ပြောင်း boost ရင်ပြပြီးသားသူတွေပဲ သွားပြမှာလား။ A: objective ပြောင်းတယ်ဆိုတာက campaign ပြောင်းသွားတာလေနော်။ campaign ပြောင်းတယ်ဆို ကတည်းက ပြပြီးသားသူတွေကိုလည်း ပြနိုင်ပါတယ်။ တခြားသူတွေကိုလည်း ပြနိုင်ပါတယ်။ objective နဲ့ Facebook ကဘယ်လိုပြန်ပြီး map လုပ်လည်းဆိုတော့ Facebook အနေနဲ့က engagement နဲ့ပဲ boost လိုက်တယ်ဆိုရင် အဲ့လို post မျိုး တခြားသော post တွေသန်းနဲ့ချီပြီး တစ်ကမ္ဘာလုံးမှာ နေ့တိုင်းကို တက်နေတာ။ အဲ့လိုအချိန်မှာ Facebook ကကျွန်တော်တို့လို post တွေကို engage လုပ်နေတဲ့ target ထားတဲ့လူတွေကို အရင်ဆုံးသွားပြသေးတယ်။ အဲ့လူတွေက engage လုပ်တဲ့အချိန်မှာ ဆက်ပြီးပြသွားတာ ပေါ့နော်။ message လည်းထိုနည်းတူစွာပဲ ကျွန်တော်တို့လို post တွေကို message ပို့နေတဲ့လူတွေ ရှိတယ်။ အဲ့လူတွေကို ဦးစားပေးပြပေးတာပါ။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့က engage လုပ်တတ် ပြီးတော့ message ပို့တဲ့သူကတစ်ယောက်တည်း ဖြစ်နေနိုင်တယ်။ အဲ့တာဆိုရင် ပြပြီးသားသူကိုလည်း ပြနိုင်သလို တခြားအပြင်လူကိုလည်း Facebook အနေနဲ့ ဆက်ပြီးတော့ပြနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm...more2minPlay
December 07, 2022Content Writer နဲ့ Digital Marketing ဘယ်လို ဆက်စပ်လဲ..?Q: content writer တစ်ယောက်က digital marketing နဲ့အများကြီးသက်ဆိုင်လားရှင့်။ digital marketing ကိုအဓိကလေ့လာသင့်လား သိချင်တာပါ။ content writer လမ်းကိုသွားနေလို့ပါ။A: စျေးရောင်းတာဆိုရင်တော့ marketing ကသိကိုသိရမှာပါ။ content writer မှတော့မဟုတ်ဘူး။ ဘယ်သူမဆို communicate လုပ်မယ်ဆိုရင်က ဥပမာ-NGO လိုအဖွဲ့မျိုးအဖွဲ့တစ်ခုကနေ ကိုယ့်ရဲ့ donor တွေ၊ အလှူခံမယ့်သူတွေကို communicate လုပ်မယ်ဆိုရင်လည်း marketing ကိုသိရပါတယ်။ ဒါမှမဟုတ် personal branding လုပ်မယ်ဆိုလို့ရှိရင်လည်း marketing သိရပါတယ်။ marketing ရဲ့အောက်ထဲမှာပဲ content creation/ content creative ဆိုတာပါလာတာဖြစ်တဲ့အတွက် marketing သိတယ်ဆိုရင် ဥပမာ- PESO paid earned shared owned ဆိုတဲ့ channel တွေရှိတယ်။ Maslow’s law တွေရှိတယ်။ ပြီးရင် customer journey awareness, interest, insight, advocate ဆိုတဲ့လေးခုမှာ ဘယ် stage ရောက်ပြီဆိုလို့ရှိရင် ဘယ်လိုမျိုး content တွေရေးပေးရမှာလဲ သိချင်တယ်ဆိုရင် သိသင့်ပါတယ်။ အဲ့တာတွေအကုန်လုံးက marketing သိတော့မှပဲ ပိုပြီးတော့ effective ဖြစ်မှာပါ။ content writer သည် ကျွန်တော်တို့ရဲ့ creative ဖြစ်တဲ့အပိုင်းကိုသွားတာပါ။ ဘယ်လိုရေးရင် ဘယ်လိုစိတ်ဝင်စားမှာလဲဆိုတဲ့ ဟာမျိုးလေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့တစ်ခုအကြံပေးချင်တာက creative ကိုပဲသွားတာမဟုတ်ဘဲနဲ့။ creative ဆိုတာ art ဗျာ။ အဲ့ဒီ art ကိုဒီဘက်က logic နဲ့ပြန်ပြီးတွဲရတယ်။ တွဲတဲ့အချိန်မှာ ဒီလူတွေက ဒီ brand ကိုလုံးဝမသိသေးဘူး။ ဒီလို content မျိုးလေးတင်မယ်။ ဒီလူတွေကသိနေပြီ မဝယ်သေးဘူး။ ဒါလေးတင်မယ်။ ဒီလူတွေကသိပြီး သွားပြီ။ product ကိုလည်းစသုံးနေပြီ။ အဲ့တာကြောင့် ဒီလို content လေးတင်မယ်စတဲ့ customer journey ပေါ်မှာမူတည်ပြီးတော့ သူတို့ကိုပြရမယ့် content မျိုးလေးတွေကကွာသင့်ပါတယ်။ အဲ့တာဆိုရင် ပိုပြီးစိတ်ဝင်စားနိုင်တယ်။ ကျွန်တော့်အနေနဲ့က content writer တွေ၊ နောက်ဆုံး designer တွေကိုပါ marketing သင်ပေးပါတယ်။ ကျွန်တော်ရုံးက designer တွေကိုလဲ Marketing သင်ပေးပါတယ်။ ကျွန်တော်သိတဲ့ branding exercise တွေကိုပြန်ပြီးရှင်းပြတယ်။ သူတို့ရဲ့ creative point of views ကိုပြန်ပြီးနားထောင်တယ်။ အဲ့လိုမျိုးလုပ်လေ့ရှိပါတယ်။#marketing #digitalmarketing #market #career #askalex #askalexmm...more4minPlay
FAQs about AskAlex:How many episodes does AskAlex have?The podcast currently has 260 episodes available.