
Sign up to save your podcasts
Or


ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဖမ်းဆီးနိုင်ဖို့ တရုတ်အာဏာပိုင်တွေက ဘယ်လိုနည်းပညာတွေ သုံးထားသလဲဆိုတာ နားဆင်နိုင်ပါပြီ။
ဒီအကြောင်းကို The New York Times ကဆောင်းပါးရေးသားဖော်ပြခဲ့ပြီး Connect Burma က ဘာသာပြန်ဆိုခဲ့ပါတယ်။ Connect Burma ရဲ့ ခွင့်ပြုချက်နဲ့ Dawei Watch က ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
--------------------
ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်နှစ်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကစားစေဖို့ ရှိနေပါတယ်။
ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းရယ်လို့ ထိပ်ဆုံးနေရာမှာ သတ်မှတ်ခံထားရဆဲဖြစ်တဲ့ ဘရာဇီးကို ရင်ဆိုင်ရမယ့် တောင်ကိုရီးယား၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဒုတိယဆု ရယူခဲ့သူ ခရိုအေးရှားကို ရင်ဆိုင်ရမယ့် ဂျပန်တို့ရဲ့အခြေအနေတွေကို စောင့်ကြည့်ကြရမှာပါ။
အာရှမြေမှာ အာရှအသင်းတွေက အံ့အားသင့်စရာတွေကို ဖန်တီးပြနိုင်လေဦးမလားဆိုတာက စိတ်ဝင်စားစရာပါပဲ။
လက်ရှိအချိန်မှာတော့ ကစားပြီးခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ် လေးပွဲမှာ ပရိသတ်ကြိုက် အသင်းကြီးတွေကချည်း အောင်ပွဲခံသွားခဲ့ပါတယ်။
ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ဂျပန်နဲ့ ခရိုအေးရှားတို့ရဲ့ပွဲစဉ် စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ်နေ့ကို ကူးပြောင်းပြီးတဲ့နောက် မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာတော့ ဘရာဇီးနဲ့ တောင်ကိုရီးယားတို့ အားပြိုင်တာကို ရှုစားကြရဖို့ ရှိပါတယ်။
Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/989DKmiz5P4
ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
----------------
ဒီနေ့ညမှာလည်း ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေထဲက ပွဲစဉ်ကောင်း နှစ်ပွဲကို ဆက်လက်ရှုစားရပါတေ့မယ်။
မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်က ပိုလန်နဲ့ ကစားရမှာပါ။
နောက်တစ်နေ့ဆီကို ကူးပြောင်းပြီးလို့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲဖြစ်ရင် နာမည်ကြီး အင်္ဂလန်နဲ့ အာဖရိကနိုင်ငံများဖလား ချန်ပီယံ ဆီနီဂေါတို့ရဲ့အားပြိုင်ပွဲ ဆက်လက် ရောက်ရှိလာပါလိမ့်မယ်။
ဒီနေ့ပွဲစဉ်တွေမှာ အနိုင်ရတဲ့အသင်းနှစ်သင်းက ကွာတားဖိုင်နယ်မှာ ထိပ်တိုက်ဆုံဖို့ ရှိနေပါတယ်။
ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ပြိုင်ဘက်တွေကို လွယ်လွယ်ကူကူ အနိုင်ရပါ့မလား၊ အသည်းသန် ရုန်းကန်ကစားရလေမလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။
တနင်္သာရီကို လူတိုင်းသိပေမယ့် တိုင်းအနေနဲ့သာ သိကြပါတယ်။ တနင်္သာရီမြို့ဆိုရင် လူတော်တော်များများက ကြောင်တောင်တောင် ဖြစ်သွားတတ်ပါတယ်။
ဒီအပတ် Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုများစွာ၊ သမိုင်းကြောင်း မြောက်မြားစွာဖြင့် လှပနေတဲ့ တနင်္သာရီမြို့ အကြောင်းကို တင်ဆက်လိုက်ပါတယ်။
တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းဖြစ်ရပ်များ၊ ဓလေ့များကို တင်ဆက်ပေးနေတဲ့ ဒီအစီအစဉ်လေးကို ပိုမိုကောင်းမွန်ဖို့ အကြံပြုချက်တွေကို ပေးပို့ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
-------------
ဒီနေ့မှာတော့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို စတင်ယှဉ်ပြိုင်ရပါတော့မယ်။
ပထမဆုံးပွဲစဉ်အဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို စတင်ဖွင့်လှစ်မှာကတော့ နယ်သာလန်နဲ့ အမေရိကန်တို့ပါပဲ။ ဒီပွဲစဉ်အကြောင်းကို မပြောခင်မှာ အခုလိုအဆင့်တွေရဲ့ ဖြစ်တတ်လေ့ရှိတဲ့အလေ့အထတွေကို ပြောပြချင်ပါတယ်။
အုပ်စုအဆင့်ပွဲစဉ်တွေတုန်းက ကမောက်ကမရလဒ်တွေ အများအပြား ပေါ်ထွက်ခဲ့တဲ့အကျိုးဆက်ဟာ အခုပွဲစဉ်ဆီကိုလည်း သက်ရောက်လာနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အင်အားနည်းတဲ့အသင်းတွေဟာ အသင်းကြီးတွေကို အချိန်ပိုတွေ၊ ပင်နယ်တီအဆုံးအဖြတ်တွေအထိ တစ်ခါတစ်ရံမှာ ဆွဲခေါ်သွားတတ်လေ့ရှိလို့ပါပဲ။
Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/8A1CZPh_nz8
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ 3 ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။
ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
--------------
ဒီနေ့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်ပွဲစဉ်တွေကို နောက်ဆုံးယှဉ်ပြိုင်ကစားမယ့်နေ့ပဲ ဖြစ်ပါတယ်။
အုပ်စု(G)နဲ့ အုပ်စု(H)တို့မှာ ပါဝင်တဲ့အသင်းတွေက အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားတော့မှာပါ။
အုပ်စု(G)က ဘရာဇီးနဲ့ အုပ်စု(H)က ပေါ်တူဂီတို့ဟာ နောက်တစ်ဆင့်ဆီကို တက်ရောက်ခွင့် ရထားပြီးပါပြီ။
အုပ်စုနောက်ဆုံးပွဲစဉ်တွေကို လေ့လာကြည့်လိုက်ရင် ဘရာဇီးနဲ့ ပေါ်တူဂီတို့ကပဲ အုပ်စုဗိုလ်အသင်းတွေအဖြစ် နောက်တစ်ဆင့်ဆီကို တက်လှမ်းလာဖို့ ရာခိုင်နှုန်းများနေပါတယ်။
ဒီတော့ ဒီအုပ်စု နှစ်ခုမှာ ဒုတိယနေရာကို ရယူသွားတာက ဘယ်အသင်းတွေ ဖြစ်သွားလေမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။
မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ တောင်ကိုရီးယားနဲ့ ပေါ်တူဂီ၊ ဂါနာနဲ့ ဥရုဂွေးတို့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး
နောက်တစ်နေ့ကို ကူးပြောင်းပြီးတဲ့နောက် ဒီဇင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲကိုရောက်ရင်တော့ ကင်မရွန်းနဲ့ ဘရာဇီး၊ ဆားဘီးယားနဲ့ ဆွစ်ဇာလန်တို့ရဲ့ပွဲစဉ်တွေကို ရှုစားရပါလိမ့်မယ်။
ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
-----------
ဒီနေ့မှာတော့ အုပ်စု(E) နဲ့ အုပ်စု (F) တို့က အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေတော့မှာပါ။
အုပ်စု(F) က ပွဲစဉ်နှစ်ပွဲကို မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်စေဖို့ ရှိနေပြီး အုပ်စု(E)က ပွဲစဉ်တွေကတော့ နောက်တစ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားရမှာဖြစ်ပါတယ်။
အုပ်စု(F)မှာ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်က အုပ်စုကို အဆုံးအဖြတ်ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အခြေအနေတွေအရတော့ ဒီနှစ်သင်းထဲက တစ်သင်းဟာ အုပ်စုအဆင့်နဲ့တင် ကျေနပ်လိုက်ရဖို့ ကျိန်းသေသလောက်ရှိနေပါတယ်။
အုပ်စု(E)ကတော့ စပိန်ရဲ့ဖန်တီးမှုလမ်းကြောင်းအတိုင်း အဖြေထွက်လာမှာပါ။ ဂျာမနီကတော့ ကော်စရီကာကို အနိုင်ကစားပြီး နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ရေးအတွက် လုံးပန်းရပါလိမ့်မယ်။
From the publisher's feed