Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဒီဇင်ဘာလ ၁၃)

    Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။


    ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။


    ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

    6 min
  • "ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို တွေ့ရလိမ့်မယ် "

    ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

    -----------------

    ဒီနေ့ညမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကို စတင်ရှုစားရပါတော့မယ်။ အားပြိုင်မယ့်အသင်းနှစ်သင်းကတော့ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ပါပဲ။ 


    အာဂျင်တီးနားအတွက်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလား စိတ်မကျေပွဲ ပြန်ကစားရတာပါ။ အဲ့ဒီတုန်းကပွဲမှာ ခရိုအေးရှားက သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် မနက် ၁ နာရီခွဲမှာ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားမှာပါ။ 


    မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားနဲ့ မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားတို့အနက် ဘယ်အသင်းက ဖိုင်နယ်တစ်နေရာစာကို ရယူသွားလေမလဲဆိုတာ ရင်ခုန်လိုက်ကြပါစို့။

    3 min
  • 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဒီဇင်ဘာလ ၁၂)

    Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။


    ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။


    ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

    5 min
  • “နှစ်သစ်ကူးလက်ဆောင်အဖြစ် အောင်လက အနိုင်ပွဲ ရယူသွားနိုင်မလား”

    တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်း


    Dawei Watch၊ ဒီဇင်ဘာ ၁၂


    လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကိုရောက်ရင် ကချင်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းက ပွဲကြီးပွဲကောင်းတစ်ပွဲကို ထိုးသတ်တော့မှာပဲဖြစ်ပါတယ်။ 


    အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းကမှ ပူပူနွေးနွေးဆိုသလို နိုင်ပွဲတစ်ပွဲ ရရှိထားတာပါ။ 


    ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အိုကာမီနဲ့ထိုးသတ်ခဲ့ပြီး ပထမပွဲချီမှာတင် အောင်လအန်ဆန်းက ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 


    အောင်လအန်ဆန်းဟာ One Championship နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီးပြီလို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ 


    ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်းက One On Prime Video 6 ပွဲစဉ်အဖြစ် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ဝေါင်းနဲ့ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ 


    ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က IMPACT STADIUM မှာ ထိုးသတ်ရမှာပါ။ ဒီတော့ အောင်လအန်ဆန်းနဲ့ ဖန်ဝေါင်းတို့အနက်က ဘယ်သူ အောင်ပွဲခံသွားလေမလဲဆိုတာဟာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

    4 min
  • ‘ရှင်ကိုးရှင်’ အကြောင်းကို သမိုင်းရှုထောင်မှ ရဲရဲတင်းတင်း တင်ပြခြင်း

    ‘ရှင်ကိုးရှင်’ ဆိုတာ ဘယ်အချိန်ကစပေါ်တာလဲ၊ ဘာကြောင့်ပေါ်လာတာလဲ၊ ‘ရှင်ကိုးရှင်’ ပေါ်လာတဲ့အတွက် ဘယ်သူတွေ အကျိုးရှိနေလဲ၊ ဘာတွေဆုံးရှုံးသွားရလဲ ဆိုတာကို သမိုင်းရှုထောင်မှ ရဲရဲတင်းတင်း တင်ပြထားတာကို နားဆင်နိုင်ပါပြီ။

    16 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဒီဇင်ဘာလ ၅ ရက်ကနေ ၁၁ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    8 min
  • ဥတုဒဏ်သင့် လယ်သမား

    အမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ

    4 min
  • ပြင်သစ်နဲ့ အင်္ဂလန် အားပြိုင်မယ့်ည၊ မော်ရိုကို ဘာလုပ်ပြနိုင်မလဲ ဆက်စောင့်ကြည့်ရမယ့်ည

    ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ သီအိုရီအရဆိုရင်တော့ မနေ့တုန်းက ကွာတားဖိုင်နယ်ပွဲစဉ် နှစ်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်တွေအထိ ရောက်ခဲ့တာကြောင့် ဒီနေ့ နှစ်ပွဲမှာ အဲ့ဒီလိုတွေ ပြန်ဖြစ်လာဖို့ မလွယ်နိုင်လောက်ပါဘူး။ အနိမ့်ဆုံးအဖြစ် ဒီနေ့ပွဲစဉ် နှစ်ပွဲမှာ တစ်ပွဲက မိနစ် ၉၀ အတွင်း အဖြေပေါ်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲထဲမှာ အရှုံးရလဒ် လုံးဝမကြုံတွေ့သေးတဲ့ အသင်းသုံးသင်း ကျန်နေပါသေးတယ်။ 


    အဲ့ဒီသုံးသင်းအနက်က နှစ်သင်းဟာ ဒီနေ့ညမှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကြတော့မှာပါ။ ဒီနှစ်သင်းကတော့ မော်ရိုကိုနဲ့ အင်္ဂလန်တို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာ မော်ရိုကိုနဲ့ ပေါ်တူဂီတို့ အားပြိုင်ဖို့ ရှိနေပြီး နောက်တစ်နေ့ကို ကူးပြောင်းပြီးလို့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲကိုရောက်ရင်တော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ယှဉ်ပြိုင်တော့မှာပဲဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ဆီ နောက်ထပ် တက်လှမ်းလာမယ့်အသင်းနှစ်သင်းကို ရင်ခုန်လိုက်ကြပါစို့လား။

    6 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာ ၃ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • အာဏာသိမ်းဂယက်အောက် ဒင်နာစားချိန်ပြောင်းသွားတဲ့ ဦးရှင်ကြီးနဲ့ အလိုက်သိလာတဲ့ ရွာရှင်နတ်များ

    ကြယ်ရောင် လရောင်အောက်မှာ ဒင်နာစားလေ့ရှိတဲ့ ဦးရှင်ကြီးဟာ အခုတော့ နေရောင်အောက်မှာပဲ စားရတဲ့ ဘဝရောက်သွားပါပြီ။


    ရွာရှင်နတ်တွေလည်း ခေတ်နဲ့အညီ အလိုက်တသိနေတတ်လာပါပြီး နတ်အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခံရနေပြီဆိုကာ နတ်သဘင်အစည်းအဝေး လုပ်နေလောက်ပြီပေါ့။


    အာဏာသိမ်းဂယက်အောက်က အပြောင်းအလဲတွေအကြောင်း တင်ဆက်ထားတာကို ကြည့်ရှုနားဆင်နိုင်ပါပြီ။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။