Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - အပစ်ရပ်ရေး အမေရိကန် အဆိုပြုချက် ဟားမတ်စ် လက်မခံ


    - လီဗာပူးပရိသတ်အုပ်စုကို ကားဖြင့် ဝင်တိုက်သူကို အမှုဖွင့်


    - တရုတ်ကျောင်းသားဗီဇာတွေကို အမေရိကန် ရုပ်သိမ်းမယ်


    - ထိုင်းနဲ့ ကမ္ဘောဒီးယား ပစ်ခတ်မှုဖြစ်၊ ကမ္ဘောဒီးယားစစ်တပ်ဘက်က သေဆုံး


    - မက္ကဆီကိုနေအိမ်ထဲ အလောင်း ၁၇ လောင်းတွေ့


    - ကုန်သွယ်ရေးစစ်ပွဲကြောင့် TEMU ဝင်ငွေ ထက်ဝက်ကျဆင်း


    - တောင်အာဖရိကမှာ အသက် ၆ နှစ် သမီးဖြစ်သူကို လူကုန်ကူးမှုနဲ့ မိခင်ကို ထောင်တစ်သက်ချ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min
  • မေလ ၃၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ် ဖမ်းသွားတဲ့ ရေဖြူဒေသခံ ၁၀ကျော် ပြန်မလွတ်သေး


    - ကံပေါက်မှာ နေအိမ်ဖောက်ထွင်းခိုးယူခံရမှုတွေ ဆက်တိုက်ပြန်ဖြစ်လာ


    - မြိတ်မှာ အိမ်သုံးဆေးဝါးသယ်ဆောင်မှုနဲ့ ဖမ်းဆီးခံရသူငါးဦးအဆက်အသွယ်ပြတ်


    - စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ လက်နက်နဲ့အတူခိုလှုံလာ


    - ဂါဇာအပစ်ရပ်ရေး အမေရိကန်အဆိုပြုချက်သစ်ကို ဟားမတ်စ် ငြင်းပယ်


    - ရွှေနဲ့ဘတ်ဈေးသတင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်


    • ကမ်းရိုးတန်းတိုင်းစစ်ဌာချုပ်ရှိရာ မြိတ်မြို့လယ် လမ်းတွေပေါ် လုယက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အခြေအနေ


    • ထားဝယ်မှာ ဘိလပ်မြေပြတ်လပ်နေတဲ့အကြောင်း


    • ထားဝယ်အရှေ့တောမှာ KTLA တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့သတင်း


    • တနင်္သာရီ မော်တုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့အကြောင်း အပါအဝင်

    တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    • ဒါအပြင် “စစ်ကောင်စီရဲ့ ကာလရှည် စက်သုံးဆီ ဖြတ်တောက်ထားမှုကြောင့် အခက်ကြုံနေရတဲ့ပြည်သူတွေ” အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။


    DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။


    Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။


    #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း

    15 min
  • မေလ ၂၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ဂဏဝိမုတ်ကူးတို့ဂိုဏ်း ဒုတိယဂိုဏ်းချုပ် ဇေယျဝတီတိုက်အုပ် ဆရာတော် ပျံလွန်တော်မူတဲ့သတင်း


    - ထားဝယ်အထူးစီးပွားရေးဇုန်မှာ တိုက်ပွဲထပ်ဖြစ်တဲ့အခြေအနေ


    - ထားဝယ်အထူးစီးပွားရေးဇုန်က ဒေသခံတစ်ဦး အသတ်ခံရမှု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကို ထိန်းသိမ်းထားတဲ့အကြောင်း


    - ထိုင်းမှာမြန်မာလုပ်သားသေဆုံးမှု နစ်နာကြေးအတွက် အလုပ်ရှင်တာဝန်မယူဘဲ မိသားစုဝင်ကို ခြိမ်းခြောက်တဲ့ သတင်း


    - ကန်အစိုးရ စွမ်းဆောင်ရည်ဌာနကနေ အီလွန်မတ် နုတ်ထွက်တော့မယ့် အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • မေလ ၂၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ကလေးတစ်ဦးထပ်မံသေဆုံးသွားတဲ့အကြောင်း


    - စစ်ကောင်စီစစ်ကြောင်းက မင်းဒပ်ရွာသားအချို့ကို ဖမ်းဆီးတဲ့သတင်း


    - သမုတ်ချုံးရွာမှာစစ်ကောင်စီတပ်က ပစ်ခတ်လို့ ကလေးတစ်ဦးသေဆုံးတဲ့အခြေအနေ


    - ကော့သောင်းမှာ မိုးသည်းလို့ နှစ်ချို့မန်ကျည်းပင်ကြီး ဘုန်းကြီးကျောင်းပေါ်လဲကျတဲ့သတင်း


    - ပုလော ဆင်ထိုးကြီးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • မေလ ၂၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်မြို့မှာ ဖုန်းဆိုင်ဖောက်ထွင်းပြီး ကျပ်သိန်း ၁၇၀ ကျော် အခိုးခံရ


    - စစ်ကောင်စီ လေကြောင်းရန်ကြောင့် သရက်ချောင်းမှာ ကျောင်းဖွင့်ဖို့ ခက်ခဲ


    - စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းနေချိန် ထိုင်းက မြန်မာ ၈၀ ကျော် ကော့သောင်းမြို့ကို ထပ်ပို့


    - မြိတ်မှာ ငါးလထဲ မူးယစ်ဆေးပြား နှစ်သိန်းကျော်ဖမ်းမိလို့ စစ်ကောင်စီထုတ်ပြန်


    - ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ တရုတ်ရဲ့ ကြွေးမြီ စံချိန်တင် မြင့်တက်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • မေလ ၂၆ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်


    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကံပေါက်အခြေစိုက် ခလရ ၂၇၃ အနောက်ဘက်တောင်ကြောမှာ မှိုသွားရှာတဲ့ကလေး မိုင်းနင်းမိပြီးခြေတစ်ဖက် ဆုံးရှုံးသွားတဲ့ သတင်း


    - ကျွန်းစုမှာ ရှေးဟောင်းစေတီတစ်ဆူ မိုးကြိုးထိမှန်တဲ့ အခြေအနေ


    - အိန္ဒိယသံအမတ်နဲ့ ထားဝယ်အထူးစီးပွား‌ရေးဇုန်အကြောင်းဆွေးနွေးခဲ့တယ်လို့ တိုင်းစစ်ကောင်စီထုတ်ပြန်တဲ့ အကြောင်း


    - ဖူးခက်မှာ ခရုကောက်သွားတဲ့ ထားဝယ်ဒေသခံတစ်ဦး ရေနစ်သေဆုံးတဲ့သတင်း


    - စစ်ကောင်စီရဲ့ စက်သုံးဆီကန့်သတ်မှုကြောင့် ဘုတ်ပြင်းမှာ တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်တဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မိုးဒဏ်၊ လေဒဏ်၊ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ဒဏ် ခါးစည်းခံကြရမယ့် စစ်ရှောင်တွေ

    တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၇ သောင်းခွဲအထိ ရှိလာပါပြီ စစ်ဘေးရှောင်အများစုက ထားဝယ်နဲ့ မြိတ်ခရိုင်မှာ ရှိနေပြီး နီးစပ်ရာ ဥယျာဉ်ခြံ၊ တောတောင်တွေမှာ ယာယီတဲထိုးပြီးနေထိုင်ရသလို စစ်ဘေးလွတ်တဲ့ အခြားရွာတွေမှာ ရှောင်တိမ်းနေကြတာပါ။


    အခုလို မိုးလေပြင်းထန်တဲ့ကာလမှာ စစ်ဘေးရှောင်တွေအတွက် အခက်အခဲများစွာ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေမှာ အခက်အခဲ၊အကျပ်အတည်း များစွာနဲ့ရင်ဆိုင်နေကြရပါတယ်။

    8 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၁၈ ရက်ကနေ မေလ ၂၄ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ဘတ် ၁၀ ဘီလီယံ ပေးလျော်ဖို အမိန့်ချ


    - အမေရိကမှာ လေယာဉ်ငယ်ပျက်ကျမှုကြောင့် ၆ ဦး သေဆုံး


    - မြောက်ကိုးရီးယား စစ်သင်္ဘော ရေချချိန် ပျက်စီးလို စုံစမ်းစစ်ဆေးခံနေရ


    - ဂရိမှာ ပြင်းအားမြင့် ငလျင်လှုပ်


    - တောင်အာဖရိကမှာ လူဖြူမျိုးတုံးအောင် လုပ်နေတယ်လို သမ္မတ ထရမ့်ဆို


    - ဆန်ဝယ်ရန် မလိုကြောင်း ပြောတဲ့ ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးက နုတ်ထွက်


    - Miss Grand International ဆုရှင် ဗီယက်နမ်အလှမယ် ဖမ်းဆီးခံရ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။