Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မေလ ၁၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - သရက်ချောင်း ဘုတ်တောင်ပေါ်က KNLA စခန်းကို စစ်ကောင်စီဗုံးကြဲသတင်း

    - ထားဝယ်မှာ သွေးလိုတဲ့လူနာတွေကို ပစ်မှတ်ထား ငွေရှာတဲ့အဖွဲ့ပေါ်လာတဲ့အကြောင်း

    - ထားဝယ်အရှေ့တောပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦး သေဆုံးတဲ့သတင်း

    - ရေဖြူဒေသထွက်အုန်းသီး စျေးနှစ်ဆတက်တဲ့အခြေအနေ

    - ငလျင်အပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၈၀ ကျော်သေဆုံးတယ်လို့ NLD ထုတ်ပြန်တဲ့အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • မေလ ၁၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - စစ်ကောင်စီက တနင်္သာရီတိုင်းမှာ ပျူစောထီး ၆၀၀ ဝန်းကျင်ကို အရန်အင်အားအဖြစ်စုဖွဲ့ထား တဲ့သတင်း

    - ထားဝယ်မြို့အထွက် ကျောက်ရပ်ရွာ သစ်ဆိုင်က အမျိုးသားကိုဖမ်းပြီး ဆိုင်နဲ့အိမ်ကို စစ်ကောင်စီတပ်သိမ်းထားတဲ့ အကြောင်း

    - ရေဖြူမှာ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေပြီး လူ ၂၀ ဒဏ်ရာရသွားတဲ့ အခြေအနေ

    - ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ၁၀ကျော်သေဆုံးတဲ့ သတင်း

    - ကန်ချနဘူရီမှာ အလုံပိတ်ကားထဲ လိုက်ပါလာတဲ့ မြန်မာ ၂၆ ဦး ဖမ်းဆီးခံရတဲ့ အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မေလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - တနင်္သာရီတိုင်းမှာ ရုရှားဘာသာစကားသင်တန်းဖွင့်ဖို့ တိုင်းစစ်ကောင်စီလုပ်ဆောင်နေတဲ့အကြောင်း

    - စမ်းလှမ်းကျေးရွာသားငါးဦးကို လောင်းလုံးပကဖတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာ

    - ဘုတ်ပြင်းမြို့နယ် ရေငံကြီးရွာသားတစ်ဦး တောဆင်ရိုင်းနင်းခံလိုက်ရတဲ့အခြေအနေ

    - တနင်္သာရီတိုင်းမှာ လာမယ့် ရှစ်ရက်ထဲ မိုးကြီးနိုင်ခြေရှိတယ်လို့ မိုးဇလက သတိပေးထားတာ

    - ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ မြန်မာတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်လို့ တစ်ဦးသေဆုံးသွားခဲ့တဲ့အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မေလ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထားဝယ်မှာ မွေးကင်းစကလေး ဆက်မမွေးချင်လို့ ပေးအပ်မှုဆက်တိုက်ဖြစ်နေတဲ့အကြောင်း

    - ထားဝယ်မြို့ပေါ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များနေတဲ့အခြေအနေ

    - ထားဝယ်မြို့နားက တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်ဖျက်ဆီးလိုက်တဲ့သတင်း

    - ထိုင်းမှာ မြန်မာတစ်ဦးကို လူသတ်မှုနဲ့ ဝရမ်းထုတ်ထားတဲ့အကြောင်း

    - ဒီပဲယင်းမှာ စာသင်ကျောင်းကိုလေယာဉ်နဲ့ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၁၇ ဦးသေဆုံးတဲ့ အခြေအနေ

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။

    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၄ ရက်ကနေ မေလ ၁၀ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။

    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့

    - အမေရိကန် ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်

    - မြောက်ကိုးရီးယာက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်

    - အိန္ဒိယ-ပါကစ္စတန်ကြား တိုက်ခိုက်မှု အပြန်အလှန် ရှုတ်ချ

    - ဖင်လန်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ထွက်ပြေးလွတ်မြောက်

    - ရုရှားနဲ့ ယူကရိန်း အကျဉ်းသား ၂၀၀ ကျော် လဲလှယ်

    - ကနေဒါက ရောင်းကုန်မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဒေါ်နယ်ထရမ့်ကိုပြော

    - အင်္ဂလန်မှာ ကင်ဆာကာကွယ်နိုင်တဲ့ ဆေးစထိုး

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    7 min
  • မေလ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - လေကြောင်းပစ်ကူပေးနေတဲ့ကြားက ထီးခီးနယ်စပ်စခန်းကို စစ်ကောင်စီလက်လွတ်လိုက်ရတဲ့သတင်း

    - RFA မြန်မာပိုင်းအစီအစဉ် လုံးဝရပ်နားလိုက်ပြီလို့ ကြေညာလာတဲ့သတင်း

    - ထားဝယ်မှာ ကွမ်းသီးခြောက်ဈေး အမြင့်ဆုံးရောက်လာအကြောင်း

    - အိန္ဒိယဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်ပြောဆိုတဲ့သတင်းနဲ့

    - ရွှေနဲ့ဘတ်ဈေးသတင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်

    ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်

    • စစ်ကောင်စီတပ်သားတွေက စားဆီတစ်ဘူးအတင်းသောက်ခိုင်းတဲ့ အမျိုးသမီးသေဆုံးသွားတဲ့အကြောင်း

    • ကျွန်းစုမှာ သတ္တုလုပ်ကွက်တိုးချဲ့ဖို့ ကျပ်ငါးသိန်းပေးပြီး နေအိမ်တွေအဓမ္မဖယ်ခိုင်းနေပေမယ့် ဒေသခံတွေ လက်မခံတဲ့အခြေအနေ

    • သရက်ချောင်း လေကြောင်းတိုက်ခိုက်မှု အရပ်သားနှစ်ဦးသေဆုံးတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    • ဒါ့အပြင် “ခေတ်ဆိုးချိန် တနင်္သာရီက မိုးဦးကျ သတ္တုမှိုတွင်းတွေ”အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။

    DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

    Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

    15 min
  • မေလ ၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ထားဝယ်ရှမ္မတွင်းရွာမှာ ကလေးတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတဲ့သတင်း

    - တနင်္သာရီ ညောင်ပင်ကွင်းရွာအနီးကပ်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိတဲ့သတင်း

    - စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ပစ်နေလို့ ရေဖြူက နတ်ကြီးစင်ရွာသားတွေ ထွက်ပြေးနေရတဲ့ အခြေအနေ

    - စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေ‌လို့ ပြည်ကြီးမဏ္ဍိုင်မြို့ခံအားလုံးနီးပါးတိမ်ရှောင်နေရတဲ့အကြောင်း

    - ရေး-ထားဝယ်လမ်းပိုင်းမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့အခြေအနေ

    - ကျိုက်ထိုမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံတစ်သောင်းလောက် စစ်ဘေးရှောင်နေရတဲ့အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • မေလ ၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထီးခီးနယ်စပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်သားတွေ ထိုင်းဘက် ထွက်ပြေးတဲ့ သတင်း

    - ထားဝယ်မြို့ အထွက် ပေါက်တိုင်းတံတားစစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီး လေယာဉ်ပျံဝဲနေတဲ့ အခြေအနေ

    - ပုလောမြို့ပေါ် အရက်ဆိုင်မှာ ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံးတဲ့ အကြောင်း

    - သိန်ခွန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး KNU တပ်မဟာ၄ ဆီ လက်နက်နဲ့အတူ ခိုလှုံတဲ့သတင်း

    - ရန်ကုန်-မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရပြီး ရထားခရီးစဉ်တွေ ဖျက်သိမ်းတဲ့အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။