Sign up to save your podcasts
Or

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းမှာ အခုလအတွင်း ရက်ရှည်မိုးရွာနိုင်ပြီး မိုးများနိုင်တဲ့အကြောင်း
- မွန်မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့ စစ်ကောင်စီဆက်လုပ်နေတဲ့သတင်း
- ထားဝယ်ခရိုင်တစ်ခုလုံး ဧပြီတစ်လတာ အချိန်ပိုင်းလျှပ်စစ်မီးပြတ်မယ့်အကြောင်း
- ရေဖြူက ဇာဒီရွာကိုရောက်နေတဲ့ စစ်ကြောင်းက ရွာသားအချို့ကိုဖမ်းဆီးခဲ့တဲ့သတင်းအပါအဝင်
- ငလျင်ဘေး နောက်ဆုံးအခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့ငလျင်ဘေး ဧပြီလ ၁ ရက်နေ့အထိ ရရှိထားတဲ့ သတင်းအနှစ်ချုပ်တွေအကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာမှာ ကင်းထောက်လေယာဉ်ဝဲနေလို့ ဗုံကြဲမှာကို ဒေသခံတွေစိတ်ပူနေတာ
- ပုလောမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့အခြေအနေ
- မြိတ် တုံးဗျောရွာမှာ စစ်ကောင် ရိက္ခာစီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အကြောင်း
- စစ်ကောင်စီက သယ်ယူခွင့်ပိတ်ထားလို့ တကူနဲ့ သာရဘွင်ရွာတွေမှာ ဆန်ပြတ်လုနီးပါးကြုံနေရတဲ့အခြေအနေ
- စစ်ကောင်စီက သယ်ယူခွင့်ပိတ်ထားလို့ တနင်္သာရီမြို့နယ်က ကွမ်းသီးခြောက်ဈေးတွေ ကျဆင်းလာနေတာ
- ထိုင်း- မြန်မာနယ်စပ် မောတောင်မြို့မှာ တောမီးလောင်နေတာ လေးရက်ဆက်ရှိလာနေပေမယ့် ငြှိမ်းသတ်ပေသူမရှိတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အလှူလုပ်ဖို့ ဆန် ၄ အိတ်ဝယ်လာတဲ့ ဘန်းလမွတ်ဒေသခံကို PDF ထောက်ပို့ဆိုပြီး စစ်ကောင်စီဖမ်းဆီးတဲ့ သတင်း
- မြိတ်ဘက်ကနေ တနင်္သာရီကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဥ်တန်းကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်တဲ့ အခြေအနေ
- ဆေးရုံပိတ်ခံထားရတာကို မသိဘဲရက်ချိန်းလာပြတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်ကားပေါ်ကလေးမွေးတဲ့ အကြောင်း
- တကူကျေးရွာအုပ်စုမှာ တောခုတ်လုပ်သားရှားနေတဲ့အတွက် စရန်ငွေကြိုထုတ်ပေးနေရတဲ့ အခြေအနေ
- ထားဝယ်ထောင်မှာ ထောင်ဝင်စာပို့ပစ္စည်းတွေကို X-Ray စက်နဲ့ စတင်စစ်ဆေးတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၂၃ ရက်ကနေ မတ်လ ၂၉ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ မတ်လ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ခရီးသည်ဟန်ဆောင်ပြီး ထွက်ပြေးတဲ့ ခလရ ၁၀၃ ယာယီတပ်ရင်းမှူးကို ဖမ်းမိတဲ့အကြောင်း
- ရမ်းဖိုရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်တဲ့သတင်း
- တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တစ်သောင်းကျော် သုံးလကြာတဲ့အထိ နေရပ်မပြန်နိုင်သေးတဲ့အခြေအနေ
- ကင်းကျတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး မြစ်အတွင်းခုန်ချထွက်ပြေးလို့ တစ်ဦးရေနစ်သေဆုံးခဲ့တဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲထပ်ဖြစ်တဲ့သတင်း
- Facebook အကောင့်ခိုးပြီး ထားဝယ်ဒေသခံတွေကို ပစ်မှတ်ထားငွေလိမ်တာများလာတဲ့အကြောင်း
- ရေဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာပြီး လက်နက်တွေ သိမ်းဆည်းရမိတဲ့အကြောင်းတွေကို တင်ဆက်ထားပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- တူရကီတွင် အတိုက်အခံရုပ်သံလိုင်း ထုတ်လွှင့်မှုကို ဆယ်ရက်ကြာ ရပ်နားခိုင်း
- ဓါးစာခံများ ပြန်မလွှတ်ပါက ဂါဇာကို သိမ်းမည်ဟု အစ္စရေးဝန်ကြီးချုပ်ဆို
- ဘိုလီးဗီးယားတွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူ ၅၀ ကျော် သေဆုံး
- ကားအခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ကြေညာ
- ယီမင်တွင် အသက် ၅ နှစ်အောက် ကလေးငယ်ထက်ဝက် အာဟာရချို့တဲ့နေ
- ထိုင်းဝန်ကြီးချုပ် အယုံအကြည်မရှိအဆို ရှုံးနိမ့်
- တောင်ကိုးရီးယား တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံး
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးနဲ့ စစ်ကိုင်းမြို့ကြီးတွေအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အင်အားပြင်းတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တဲ့သတင်း
- နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လှုပ်နိုင်သေးတယ်လို့ သတိပေးထားတဲ့အကြောင်း
- ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အထပ်မြင့်အဆောက်အအုံပြိုကျတဲ့သတင်း
- ကျိုက်ထိုတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
- ပုလော ရှပ်ပုံရွာက ပျူစောထီးခေါင်းဆောင်ပစ်သတ်ခံရတဲ့သတင်း
- ဘန်ကောက်ခရီးစဉ်မတိုင်မီ ထိုင်းငါးဖမ်းလုပ်သားလေးဦးကို စစ်ကောင်စီက လွတ်ငြိမ်းဖြင့်ပြန်လွှတ်တဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်လေယာဉ်တွေ နေ့တိုင်းနီးပါး ပျံဝဲနေလို့ ဘုတ်ပြင်းဒေသခံတွေစိုးရိမ်နေရတဲ့အကြောင်း
- ရမ်းဖိုရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက်တဲ့သတင်း
- ကင်းစောင့်ကျတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး မြစ်အတွင်းခုန်ချထွက်ပြေးလို့ တစ်ဦးရေနစ်သေဆုံးတဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲထပ်ဖြစ်တဲ့သတင်း
- ချင်းမိုင်က မြန်မာစားသောက်ဆိုင် စစ်ဆေးခံရပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရတဲ့အ အခြေအနေ စတဲ့သတင်းအကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြစ်ကူးတံတားဖွင့်ပွဲနီးချိန် စစ်ကောင်စီတပ် အင်အားတိုးချပြီးစစ်ဆေးလို့ ဒေသခံတွေစိုးရိမ်နေတဲ့ သတင်း
- တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တစ်သောင်းကျော် သုံးလကြာတဲ့အထိ နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေ
- ထားဝယ်မှာ ငါးဖမ်းလှေပေါ် သုံးလောင်းပြိုင်လူသတ်မှုဖြစ်တဲ့ သတင်း
- Facebook အကောင့်ခိုးပြီး ထားဝယ်ဒေသခံတွေကို ပစ်မှတ်ထားငွေလိမ်တာများလာတဲ့ အခြေအနေ
- တနင်္သာရီအခြေစိုက် ခမရ ၅၅၈တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး လက်နက်နဲ့ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် ညင်းထွေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တဲ့အကြောင်း
- ချောင်းလမုရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆီအုန်းလုပ်သမားနှစ်ယောက် သေဆုံးသွားတာ
- မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့နယ်ဘက်ကိုလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အခြေအနေ
- ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးခဲ့တဲ့အကြောင်း
- မြိတ်မြို့မှာ သုံးနှစ်ထဲ ဒညင်းသီးဈေးသုံးဆနီးပါးမြင့်တက်လာတ
- မွန်အမျိုးသားညီလာခံကို ဧပြီလ ပထပအပတ်မှာ ကျင်းပဖို့ရှိတဲ့အခြေအနေ
- ဘန်ကောက်က မြန်မာအလုပ်သမားနှစ်ဦး ဓာတ်လိုက်သေဆုံးတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed