Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ မတ်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်အထူးစီးပွားရေးဇုန်အတွက် စစ်ကောင်စီကြိုပြင်နေပြီး ထိုင်း-ဂျပန်တို့နဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်တဲ့အကြောင်း


    - ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်ပြီး ဖုန်းဆက်ဝင်ခွင့်တောင်းရမယ့်အပေါ် မြို့ခံတွေဝေဖန်နေတဲ့သတင်း


    - ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီး မြစ်ကမ်းဘေးက ကညုံကျွန်းရွာကို လက်နက်ကြီးနဲ့ပြန်ပစ်တဲ့အကြောင်း


    - ဘန်းလမွတ်မှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့သတင်း


    - တနင်္သာရီမှာ ဒီတိုနေတာပေါက်ကွဲလို့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရသွားတဲ့အခြေအနေ


    - တနင်္သာရီမှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး ဒရုန်းနဲ့ပါဗုံးချတဲ့သတင်း


    - လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းကနေတိုက်ခိုက်လို့ ဒေသခံတွေဒဏ်ရာရသွားတဲ့အကြောင်း သတင်းတွေကို တင်ဆက်ထားပါတယ်။

    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးများ ပစ်ခတ်


    - ပါကစ္စတန်မှာ ရထားတစ်စီး ပြန်ပေးဆွဲ တိုက်ခိုက်ခံရ


    - ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဆီး


    - အမေရိကန်မှာ ဘတ်ဂျက်လိုငွေပြမှု စံချိန်တင်မြင့်တက်နေ


    - ဂျပန်က နိုင်ငံခြားဆန်တင်ပို့မှု ၈ ဆတိုးဖို့ ရည်ရွယ်


    - အမေရိကန်က ဥပရောကို အရက်ခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ခြိမ်းခြောက်


    - အီတလီမှာ ငလျင်ကြောင့် ပြည်သူတွေ လမ်းပေါ်ထွက်အိပ်


    - သီရိလင်္ကာမှာ ဆရာဝန်အမျိုးသမီးတစ်ဦး လိင်စော်ကားခံရမှုကြောင့် ဆရာဝန်တွေ သပိတ်မှောက်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min
  • မတ်လ ၁၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မှာ လှေဝင်ချိန် ရွာပြန်တဲ့ လူငယ်သုံးဦး စစ်မှုထမ်းစုဆောင်းခံရသတင်း


    - ကုန်စည်သယ်ခွင့်ပိတ်ပြီးနောက် ပဝနဲ့ လယ်သစ်ရွာမှာ ကုန်ပစ္စည်းတွေဈေးတက်လာတဲ့သတင်း


    - တနင်္သာရီမှာ လေကြောင်းအန္တရာယ်ကြောင့် နွေစပါးရိတ်ဖို့ အခက်တွေ့နေကြတဲ့သတင်း


    - မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း


    - ရနောင်း-ဘန်ကောက် အဝေးပြေးကား ဓာတ်တိုင်ကိုဝင်တိုက်မိလို့ မြန်မာ ၁၀ကျော်အပါ အဝင် ၃၀ကျော် ဒဏ်ရာရတဲ့သတင်း


    - ရွှေနဲ့ ဘတ်ဈေးသတင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မတ်လ ၁၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ဘုတ်ပြင်းက ယုဇနဆီအုန်းခြံထဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရသွားတဲ့သတင်း


    - ဘန်းလမွတ်ရွာမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့အကြောင်း


    - တနင်္သာရီမှာ ဒီတိုနေတာပေါက်ကွဲလို့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရတဲ့ သတင်း


    - လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်းကနေတိုက်ခိုက်လို့ ဒေသခံတွေ ဒဏ်ရာရသွားတဲ့ အခြေအနေ


    - အဓမ္မစစ်မှုထမ်းစုဆောင်းပြီး ရှေ့တန်းပို့ခံရသူနှစ်ဦး တနင်္သာရီ ပကဖဆီ ဘက်ပြောင်းခိုလှုံတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မတ်လ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်အထူးစီးပွားရေးဇုန်အတွက် တနင်္သာရီတိုင်းစစ်ကောင်စီ ကြိုပြင်နေပြီး ထိုင်း-ဂျပန်တို့နဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်တဲ့သတင်း


    - ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်ပြီး လူနာလာရင် ဖုန်းဆက်ဝင်ခွင့်တောင်းရမယ့်အပေါ် မြို့ခံတွေဝေဖန်နေတဲ့အကြောင်း


    - ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီးနောက် မြစ်ကမ်းနားက ကညုံကျွန်းရွာကို လက်နက်ကြီးနဲ့ပြန်ပစ် တဲ့သတင်း


    - တနင်္သာရီမှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး ဒရုန်းနဲ့ပါဗုံးချခဲ့တဲ့အခြေအနေ


    - ခရုအုန်း ဖမ်းဆီးရရှိတာနည်းလာပြီး ဈေးလေးဆနီးပါးမြင့်တက်လာတဲ့အကြောင်း


    - တနင်္သာရီ ဘန်းလမွတ်ရွာမှာ လမ်းသွားလမ်းလာအရပ်သား ၂၀လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့သတင်း


    - မြိတ်မြို့မှာ တစ်ညတည်း ဆိုင်ကယ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး အမျိုးသားလေးဦးဒဏ်ရာရသွားတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    12 min
  • မတ်လ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ဆေးရုံသုံးရုံပိတ်ခံထားရတဲ့အချိန် ထားဝယ်မြို့ပေါ်မှာ ဝမ်းပျက်၊ ဝမ်းလျှောအဖြစ်များနေတဲ့အကြောင်း


    - ဘုတ်ပြင်းက ခဲချောင်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ သားအဖနှစ်ဦး ဒဏ်ရာရသွားတဲ့အခြေအနေ


    - သရက်ချောင်းမှာ ယာဉ်တိုက်မှုဖြစ်လို့ အမျိုးသမီးနှစ်ဦးသေဆုံးသွားတာ


    - တနင်္သာရီမြို့နယ်က ပြည်သူ့အခြေပြုကျောင်းတွေအတွက် ပညာမီးအိမ်ကမ်ပိန်း ပြုလုပ်‌နေကြတဲ့အကြောင်း


    - ထားဝယ်မြို့မှာ တပေါင်းလပြည့်‌နေ့ကျရင် အန္တရာယ်ကင်း ပုရိတ်လှည့်လည်ရွတ်ဖတ်ဖို့ရှိနေတာ


    - မုဒုံမြို့နယ် ကလော့သော့ကျေးရွာမှာ လူငယ်နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့အခြေအနေ


    - ဘန်ကောက်က မြန်မာလုပ်သားဆီကနေ ရွှေဆွဲကြိုးအလစ်သုတ်တဲ့ ထိုင်းတစ်ဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း


    - နိုင်ငံသားအခွင့်အရေး ချိုးဖောက်မှု စောင့်ကြည့်ရမယ့်နိုင်ငံတွေအထဲ အမေရိကန်နိုင်ငံပါဝင်လာတဲ့အခြေအနေ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • မတ်လ ၁၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွား တဲ့သတင်း


    - ကော့သောင်းမြို့ ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပိုင်ရှင်မဲ့အလောင်းတွေ့တဲ့ အကြောင်း


    - ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ လေးရက်ဆက်တိုက်ခိုက်တဲ့ အခြေအနေ


    - လောင်းလုံးမြို့ပေါ်တိုက်ပွဲမှာ ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ဒဏ်ရာရသွားတဲ့သတင်း


    - ကံ့ကော်ပန်းတက်ခူးတဲ့မိန်းကလေး အပင်ခွကြားညှပ်နေလို့ ထားဝယ်မီးသတ်ကယ်တင်လိုက်တဲ့အကြောင်း


    - အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူတွေ ထပ်ထွက်ပြေးပြီး နှစ်ဦးက မြိတ်ပကဖဆီခိုလှုံတဲ့သတင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၂ ရက်ကနေ မတ်လ ၈ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ မတ်လ ၂ ရက်ကနေ ၈ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ဒရုန်းတပ်ကို အားကောင်းအောင် ပြင်ဆင်နေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနပြောတဲ့သတင်း


    - အရှေ့တောဒေသက ထားဝယ်ခရိုင် PDF တပ်ရင်း ၁ ရဲ့ စခန်းမီးရှို့ခံရတဲ့အကြောင်း


    - စစ်ကောင်စီတပ်က ဖမ်းထားတဲ့ တနင်္သာရီ သိန်ခွန်းရွာက စစ်ရှောင် ၁၈ဦး အဆက်အသွယ်မရသေးတဲ့ အကြောင်း


    - တနင်္သာရီမှာ လေကြောင်းကဗုံးကြဲလို့ ကလေးနှစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦးဒဏ်ရာရသွားတဲ့သတင်း


    - ပုလော ဆင်ထိုးကြီးရွာမှာ စစ်ဘေးရှောင်ရွာသားတွေကို ပြန်နေထိုင်ခွင့်ပြုတယ်လို့ KNLA ပြောတဲ့ သတင်း


    - သရက်ချောင်းမြို့နယ် ဝင်းကဖော်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲအကြောင်း


    - ထားဝယ်မြို့မှာ ပုဂ္ဂလိကဆေးရုံ ၃ ရုံ ဆက်တိုက်ပိတ်ထားတဲ့သတင်း


    - တနင်္သာရီတိုင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ ငါးထောင်နီပါးဝင်ဖြေမယ့်အကြောင်း သတင်းတွေကို တင်ဆက်ထားပါတယ်။

    12 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - အမေရိကန် တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မြောက်ကိုးရီးယား ရှုတ်ချ


    - လပေါ်သို့ ပုဂ္ဂလိက လဆင်းယာဉ်တစ်စီး အောင်မြင်စွာ ဆင်းသက်


    - ပြင်သစ်က ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက် မျှဝေမယ်


    - ဥရောပကို လက်နက်ပြန်တပ်ဆင်သွားမယ်


    - အမေရိကန်နဲ့ ဘယ်လိုစစ်ပွဲမဆို ရင်ဆိုင်ရန် အသင့်လို့ တရုတ်ပြော


    - ပါကစ္စတန်မှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံး


    - အမေရိကမှာ အော်စကာ ရုပ်ရှင်ဆုပေးပွဲ ကျင်းပ


    - ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း ကမ္ဘာ့ဂရင်းနစ် စံချိန်တင်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။