Sign up to save your podcasts
Or

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကံပေါက်မှာ ကားပြင်နေချိန်ကားနင်းမိလို့ ဝပ်ရှော့ဆရာသေဆုံးတဲ့သတင်း
- ရိုဟင်ဂျာတစ်ရာကျော်ကို ထောင်ဒဏ် ၂ နှစ်ချပြီး ကော့သောင်းထောင်ပို့လိုက်တဲ့အကြောင်း
- ပေါင်မြို့နယ်မှာ ပစ်ခတ်ခံရလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးသေပြီး ဇနီးဖြစ်သူဒဏ်ရာရသွားတဲ့အခြေအနေ
- ပေါင်မြို့နယ်ရဲ့ မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဒုဦးစီးမှူးနဲ့လုပ်ငန်းရှင်တွေကို စစ်ကောင်စီကဖမ်းဆီးတဲ့အကြောင်း
- ထိုင်းမှာ လေ့လာရေးခရီးကား တိမ်းမှောက်ပြီး လူ ၂၀နီးပါးသေဆုံးသတင်း
- ရနောင်းမှာ အွန်လိုင်းစျေးသည် မြန်မာနှစ်ဦးအဖမ်းခံရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့နယ် ဝကုန်းရွာမှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့အကြောင်း
- ထားဝယ်မြို့မှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်းတွေ တောင်းယူစစ်ဆေးနေလို့ စိုးရိမ်နေကြတဲ့အခြေအနေ
- ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်လာမှာကို မကြိုက်ရင် ထားဝယ်သားမဟုတ်ဘူလို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်တာ
- ပုလောမြို့နယ်က KNLA စစ်ဆေးရေးဂိတ်တစ်ခုမှာ အရပ်သားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့အကြောင်း
- တောင်သူတွေလက်ထဲ ကွမ်းသီးခြောက်ပြတ်လပ်သွားတဲ့ချိန် ဈေးနှစ်ဆနီးပါးအထိ မြင့်တက်လာနေတာ
- တနင်္သာရီတိုင်းမှာ ဒီလထဲ အချိန်အခါမဟုတ် လေးရက်ဆက် မိုးရွာဖို့ရှိနေတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အဓမ္မစစ်မှုထမ်း စုဆောင်းနေချိန် မြန်မာ ၂၀၀ ကို ထိုင်းက စစ်ကောင်စီဆီ ပြန်ပို့
- စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ဘန်းလမွတ်ရွာသားခုနစ်ဦး ပြန်မလွတ်သေး
- မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမှာ စစ်ဆေးရေးဂိတ်နှစ်ဆတိုးပြီး ငွေတောင်းကြမ်း
- ထားဝယ်မှာ နေအိမ်နှစ်ဆောင် ဖောက်ထွင်းခိုးယူခံရ
- ဂျာမနီရွေးကောက်ပွဲ လက်ယာယိမ်းပါတီတွေ အသာရ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီလ ၂၂ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့-တနင်္သာရီမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံငါးဦးဒဏ်ရာရသွားတဲ့အကြောင်း
- ညောင်ပင်ကွင်းရွာမှာ တိုက်ပွဲဖြစ်ပြီး နေအိမ် ၂၀ ကျော်ပျက်စီးသွားတဲ့သတင်း
- တနင်္သာရီအခြေစိုက် ခမရ ၅၅၈ က စစ်မှုထမ်းသင်တန်းဆင်း ၇ ဦး ဒေါနတပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာတဲ့အကြောင်း
- ထားဝယ်မြို့ပေါ်က နတလ ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့သတင်း
- ထားဝယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု မီးရှို့ခံရပြီး လက်နက်အချို့သိမ်းဆည်းခံရတဲ့အခြေအနေ
- ထားဝယ် ရှမ္မတွင်းရွာက ပစ္စည်းတွေကို စစ်ကောင်စီတပ် ခိုးယူနေတဲ့သတင်း
- အရှေ့တောမှာ ငါးရှာသွားတဲ့ဇနီးမောင်နှံ မိုင်းနင်းမိလို့ အမျိုးသမီးသေဆုံးသွားတဲ့အကြောင်း
- အမျိုးသမီးလစဉ်သုံးပစ္စည်း ဈေးနှစ်ဆကျော်တက်သွားတဲ့အခြေအနေတွေကို တင်ဆက်ထားပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- ကနေဒါမှာ လေယာဉ်ဆင်းစဉ် တိမ်းမှောက်
- အိန္ဒိယဘူတာရုံမှာ လူအုပ်ပြိုလို့ အနည်းဆုံး ၁၈ ဦး သေဆုံး
- ဥရောပနဲ့ ဆက်ဆံရေးမြှင့်ဖို့ တရုတ် ကြိုးပမ်း
- ကျန်းမာရေးကြောင့် ပုပ်ရဟန်းမင်းကြီး ဘာသာရေးပွဲတက် ရပ်နား
- ဓါးစားခံ လေးဦးရဲ့ အလောင်းကို ဟားမတ်စ်က အစ္စရေးကို ပြန်လွှဲ
- ယူကရိန်းသမ္မတနဲ့ အမေရိကန်သံတမန် တွေ့ဆုံ
- တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းတွေကို အမေရိကန်က ပနားမား တောထဲပို့
- တောင်ကိုးရီးယား ကလေးသရုပ်ဆောင်မင်းသမီး ကင်ဆေးရွန် သေဆုံး
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမှာ ရပ်ကျေးစာရေးဟောင်းတစ်ဦးကို ပကဖ ဖမ်းဆီးတဲ့သတင်း
- ရေဖြူမှာ စစ်ကောင်စီက ပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း
- တိုင်းအတွင်းက နေရပ်စွန့်ခွာသူ တစ်သောင်းကျော်ကို စစ်ကောင်စီက ငွေကြေးထောက်ပံ့တဲ့သတင်း
- ဘန်ကောက်မှာ စပါးကြီးမြွေကို လက်ဗလာနဲ့ ဖမ်းဆီးပြခဲ့တဲ့ ကရင်လူငယ်နာမည်ကြီးနေတဲသတင်း
- ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီး မြန်မာဘက်ကို နေရပ်ပြန်ပို့ခံရသူ နှစ်ထောင်ကျော်ရှိတဲ့သတင်း
- ဇန်နဝါရီလမှာ တနင်္သာရီတိုင်းအတွင်းက အရပ်သားနေအိမ်လေးဆယ်ကျော်မီးရှို့ဖျက်ဆီးခံရတဲ့သတင်းနဲ့
- ရွှေနဲ့ဘတ်ဈေးသတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံငါးဦးဒဏ်ရာရသွားတဲ့ သတင်း
- ထားဝယ် ရှမ္မတွင်းရွာက ပစ္စည်းတွေကို စစ်ကောင်စီတပ် ခိုးယူနေတဲ့အကြောင်း
- တိုက်ပွဲမဖြစ်ဘဲ လောင်းလုံးက စခန်းကြီးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့သတင်း
- AAC ရုံး အဆောက်အအုံကို တစ်လအတွင်း ဖြိုဖျက်ဖို့ ထိုင်းအစိုးရညွှန်ကြားတဲ့အကြောင်း
- ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ မြန်မာအမျိုးသားတစ်ဦး အဖမ်းခံရတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောမှာ ငါးရှာသွားတဲ့ဇနီးမောင်နှံ မိုင်းနင်းမိပြီး အမျိုးသမီးသေဆုံးတဲ့သတင်း
- ပကာရီရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံသုံးဦးဒဏ်ရာရသွားတဲ့အခြေအနေ
- ဘုတ်ပြင်းမှာ သုံးရက်ဆက်ပစ်ခတ်မှုဖြစ်ပြီး ဒေသခံတစ်ရာကျော် စစ်ဘေးရှောင်နေရတဲ့အကြောင်း
- ထားဝယ်အရှေ့ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ တိမ်းရှောင်နေရတဲ့အခြေအနေ
- စစ်မှုထမ်းရှောင်လာသူ အများစုပါဝင်တဲ့ မြန်မာ ၁၆၀ကျော် ကန်ချနဘူရီမှာ အဖမ်းခံရတဲ့ အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာမှာ တိုက်ပွဲဖြစ်ပွားလို့ နေအိမ်နှစ်ဆယ်ကျော် မီးလောင်းပျက်စီးခဲ့တဲ့အကြောင်း
- ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နတလရုံး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့အခြေအနေ
- သာဂရမြို့ဟောင်း မြို့ရိုးဖြိုချမှုတွင် မပါဝင်ဟု ဗထူးတပ်မတော် ထုတ်ပြန်လိုက်တာ
- တနင်္သာရီတိုင်းမှာ လာမယ့်နှစ်ရက်ထဲ မိုးရွာဖို့ရှိနေတဲ့အကြောင်း
- ဗီဇာသက်တမ်းကုန်သွားတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ ခရီးသွားခွင့် ကန့်သတ်ခံနေရတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed