Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ ဇန်နဝါရီလ ၂၆ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်အကျဥ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်မရတဲ့အကြောင်း


    - ပြည်ထောင်စုလမ်းပေါ်ရှိ ရွှေဂူစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့လိုက်တဲ့ အခြေအနေ


    - ကမြောကင်းတံတားဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်တဲ့ သတင်း


    - တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု စစ်စည်းကမ်းဖောက်မှုနဲ့ NUG က ထောင်‌ခြောက်နှစ်ချလိုက်တဲ အကြောင်း


    - ထားဝယ်မြို့ပေါ် လောင်းကစားဝိုင်းနှစ်ခု စစ်ကောင်စီတပ်ဝင်ဖမ်းတဲ့သတင်း


    - မြိတ်မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီး စစ်သားစုဆောင်းလာတဲ့ အကြောင်း


    - တနင်္သာရီမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးငါးဦးဒဏ်ရာရသွားတဲ့အကြောင်းတွေကို တင်ဆက်ထားပါတယ်။

    11 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - ဆိုမာလီယာမှာ မိုးခေါင်ရေရှားလို့ သုံးနှစ်အတွင်း လူ ၇၀၀၀၀ ကျော် သေဆုံး


    - တောင်ကိုရီးယား သမ္မတကို အစိုးရရှေ့နေတွေ တရားဝင် စွဲချက်တင်


    - ပါလက်စတိုင်း ၅ သိန်းကျော် ဂါဇာမြို့ထဲ နေရပ်ပြန်


    - အစ္စရေး-ဟာမတ်စ် တတိယအကြိမ် အကျဉ်းသားလဲ


    - မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့လို့ Google ကနေ ပြောင်းလဲမယ်


    - အမေရိကန်တွင် ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိလို့ လူ ၆၇ ဦး သေဆုံး


    - ဆီးရီးယား တော်လှန်ရေးခေါင်းဆောင်ကို ကြားကာလသမ္မတ ခန့်


    - ၅ နှစ်အတွင်း အိန္ဒိယနဲ့ တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲဖို့ ပြန်လည်သဘောတူ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min
  • ဇန်နဝါရီလ ၃၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်က လောင်းကစားဝိုင်းနှစ်ခု စစ်ကောင်စီတပ်ဝင်ရောက်ဖမ်းဆီးခဲ့တဲ့အကြောင်း


    - မြိတ်မြို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီး စစ်သားစုဆောင်းနေတယ်လို့ ပြောဆိုနေတာ


    - ရွှေဂူစစ်ဆေးရေးဂိတ် PDF မီးရှို့ဖျက်ဆီးလိုက်ပြီးမှာ စစ်ကောင်စီတပ် အင်အားရာချီသုံးပြီး စစ်ကြောင်းပြန်ထိုးတဲ့အခြေအနေ


    - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီးလေးဦးဒဏ်ရာရသွားတဲ့အကြောင်း


    - ပုလောမြို့နယ် တပို့ရွာက ဒေသခံတစ်ဦး စစ်ကောင်စီတပ် စစ်ကြောရေးတွင် သေဆုံးသွားခဲ့တာ


    - ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာစာသင်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာဆရာလေးဦး ဖမ်းဆီးခံလိုက်ရတဲ့အထြေအနေ


    - ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖမ်းဆီးများနေပြီး မနေ့ကတော့ မြန်မာ ၁၅၀ ခန့် ဖမ်းဆီးခံလိုက်တဲ့အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၂၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကမြောကင်းတံတားဂိတ်မှာ စားသောက်ကုန်သယ်ခွင့် တင်းကျပ်လိုက်တဲ့သတင်း


    - ကမြောကင်းတံတား ပစ်ခတ်မှုအပြီး မပေါက်ဘဲကျန်နေတဲ့ လက်နက်ကြီးကို ဖောက်ခွဲရှင်းလင်းလိုက်တဲ့အကြောင်း


    - မလွှဲတောင်မှာ မှန်လုံကားတစ်စီး တိမ်းမှောက်လို့ သုံးဦးဒဏ်ရာရသွားတဲ့ အခြေအနေ


    - ကော့သောင်းမှာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း


    - သရက်ချောင်းအောက်ဘက်ကို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတဲ့အခြေအနေ


    - ရနောင်းမှာ မြန်မာမိန်းကလေးကို ထိုင်းနှစ်ဦးက တစ်ပတ်ကြာပိတ်လှာင်ပြီး အဓမ္မကျင့်ခဲ့တဲ့အကြောင်း

    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၂၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကမြောကင်းတံတားတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပြန်ပစ်တဲ့အကြောင်း


    - ထိန်းသိမ်းခံမြန်မာတွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို တိုက်တွန်းတဲ့သတင်း


    - ကျွန်းစုမှာ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သ တ်လိုက်တဲ့အကြောင်း


    - တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု၊ စစ်စည်းကမ်းဖောက်မှုနဲ့ NUG က ထောင်‌ခြောက်နှစ်ချလိုက်တဲ့သတင်း


    - ရခိုင်နဲ့ထိစပ်တဲ့ တိုင်းသုံးခုမှာ AA ထိုးစစ်ဆင်လာတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၂၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရေဖြူက တော်လှန်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရတဲ့အကြောင်း


    - ထားဝယ်အကျဉ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်မရတဲ့အခြေအနေ


    - တရုတ်နှစ်သစ်ကူးနီးချိန် နှမ်းဈေးနှစ်ဆကျော်တက်လာတဲ့အကြောင်း


    - စစ်ရေးတင်းမာနေတဲ့ ရေးမှာ စစ်ကောင်စီတပ်က စားနပ်ရိက္ခာသယ်ခွင့်ပိတ်ပင်လိုက်တဲ့ သတင်း


    - ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇန်နဝါရီလ ၁၉ ရက်ကနေ ဇန်နဝါရီလ ၂၅ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ ဇန်နဝါရီလ ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မှာ တော်လှန်ရေးအဖွဲ့အချို့ တပ်သားသစ်ဖိတ်ခေါ်နေကြတဲ့သတင်း


    - ထားဝယ်ရေနက်ဆိပ်ကမ်းကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရတဲ့အခြေအနေ


    - ထားဝယ်က တည်းခိုခန်းတစ်ခုမှာ တည်းနေသူ ၅၀ လောက်ကို စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့အကြောင်း


    - မြိတ်-တနင်္သာရီလမ်းပိုင်းကို NUG တောင်ပိုင်းတိုင်းစစ်ဌာနက ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တဲ့သတင်း


    - စစ်ကောင်စီ လက်နက်ကြီးကြောင့် တနင်္သာရီမှာ ကလေးနှစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရသွားတဲ့အကြောင်း


    - ပုလောက စစ်ဘေးရှောင်တွေ လေးလကြာတဲ့အထိ အကူအညီလုံးဝမရတဲ့အခြေအနေ


    - ထားဝယ်အရှေ့တောက ဝကုန်းရွာမှာ ဒေသခံတစ်ဦး မိုင်းနင်းမိတဲ့အကြောင်းတွေကို တင်ဆက်ထားပါတယ်။

    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထောင် ၁၄ နှစ် ချမှတ်ခံရ


    - တောင်ကိုရီးယား သမ္မတကို ရက်ထပ်တိုးဖမ်းဆီးထား


    - ထိုင်းမှာ လိင်တူလက်ထပ်ခွင့် စတင်အသက်ဝင်


    - အစ္စရေးနဲ့ ဟားမတ်စ်တို့ စတင်အပစ်ရပ်


    - ကယ်လီဖိုးနီးယားတောမီး ဆက်လက်လောင်ကျွမ်းနေ


    - ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူ


    - အင်ဒိုနီးရှားမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံး


    - တောင်ကိုးရီးယားမှာ ၉ နှစ်အတွင်း ကလေးမွေးဖွားနှုန်း ပြန်မြင့်တက်လာ


    - ရီးရဲလ်မက်ဒရစ်ဘောလုံးအသင်း တစ်နှစ်ဝင်ငွေ ယူရို ၁ ဘီလီယံကျော်ရရှိပြီး စံချိန်တင်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    9 min
  • ဇန်နဝါရီလ ၂၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ခေါဇာမြို့က ခလရ ၃၁ တပ်ရင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်တဲ့သတင်း


    - မဲဆောက်မှာ စစ်ဆေးဖမ်းဆီးမှု ပိုများလာလို့ မြန်မာတွေ စိုးရိမ်မှုမြင့်တက်နေတာ


    - ရွှေနဲ့ထိုင်းဘတ်ဈေးသတင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။