Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • စိုးလင်းဦး နိုင်ခဲ့ရင် ဦးသမန်းကျားအတွက်၊ ဆက်ခ်ဆန် နိုင်ခဲ့ရင် မွေးနေ့အမှတ်တရအတွက်ဖြစ်လာမယ့်ပွဲ

    စိုးလင်းဦး နိုင်ခဲ့ရင် ဦးသမန်းကျားအတွက်၊ ဆက်ခ်ဆန် နိုင်ခဲ့ရင် မွေးနေ့အမှတ်တရအတွက်ဖြစ်လာမယ့်ပွဲ

    3 min
  • ဇန်နဝါရီလ ၂၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ရေးပြင်းထန်လာနိုင်လို့ မြိတ်-တနင်္သာရီလမ်းပိုင်းသွားလာတာကို ပိတ်လိုက်တဲ့အကြောင်း


    - ထားဝယ်အရှေ့တောဒေသခံတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားတာ


    - စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တနင်္သာရီမြို့နယ်က ဒေသခံ ၇ ဦး ဒဏ်ရာရသွားတဲ့အခြေအနေ


    - ထားဝယ်ခရိုင် အခြေစိုက် တော်လှန်ရေးအဖွဲ့အချို့ တပ်သားသစ်ဖိတ်ခေါ်နေတဲ့အကြောင်း


    - သရက်ချောင်းနဲ့ ရေဖြူမှာ ယာဉ်မတော်တစ်ဆမှု‌ကြောင့် လူခြောက်ဦး သေဆုံးခဲ့တာ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇန်နဝါရီလ ၂၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်ရေနက်ဆိပ်ကမ်းကို အင်အားဖြည့်လာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့သတင်း


    - သပြေချောင်းရွာသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းထားတဲ့အခြေအနေ


    - ပုလောမြို့နယ်က စစ်ဘေးရှောင်တွေ လေးလကြာတဲ့အထိ အကူအညီလုံးဝမရကြသေးတဲ့အကြောင်း


    - ပုလောမှာအုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် အရပ်သားနှစ်ဦးအဖမ်းခံရတဲ့အခြေအနေ


    - ကံ‌ပေါက်တိုက်နယ်ကလမ်းတွေကို လူကြီးလမ်းကြောင်းဆိုပြီး စစ်ကောင်စီတပ်က ပိတ်ထားတဲ့သတင်း


    - ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ တရားမဝင်လာတဲ့ ရိုဟင်ဂျာ ၅၀ နီးပါးအဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇန်နဝါရီလ ၂၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်ကျွန်းစု ရေခူဈေး နှစ်ဆမြင့်တက်နေတဲ့သတင်း


    - ထိုင်းရဲတပ်ဖွဲ့ လက်နက်တွေကို မြန်မာဘက် ခိုးရောင်းမှုနဲ့ ထိုင်းအမျိုးသမီးတစ်ဦး အဖမ်းခံရတဲ့အခြေအနေ


    - မြိတ်မှာ သဇင်ပန်းအထွက်နည်းလို့ စျေးတက်နေတဲ့သတင်း


    - ဘုရားသုံးဆူက ဝင်လာတဲ့ မြန်မာ ၁၀ကျော် ကန်ချနဘူရီမှာ အဖမ်းခံရတဲ့အခြေအနေ


    - ဖူးခက်က ဒီဂျေပွဲတော်မှာ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး မြန်မာအပါအဝင်သုံးဦး အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • မြန်မာဖိုက်တာတွေ ကံကောင်းတဲ့ အပြာထောင့်ကနေ သန့်ဇင်နဲ့ စိုးလင်းဦးတို့ ထိုးရမယ်

    မြန်မာဖိုက်တာတွေဟာ ဒီနှစ်ထဲမှာတော့ အပြာထောင့်နဲ့ ကံစပ်လို့နေပါတယ်။


    ၂၀၂၅ ခုနှစ် နှစ်ဦးကာလထဲမှာ မြန်မာဖိုက်တာ ၄ ယောက် ပွဲထွက်ထားပြီးပါပြီ။ နော်ဥမ္မာစိုး၊ သွေးလင်းထက်၊ စိုးမိုးဇော်နဲ့ စောဂျွန်တို့ပါပဲ။


    လေးယောက်လုံးဟာ အပြာထောင့်တွေကနေ ပွဲတက်ထိုးပြီး နိုင်ပွဲတွေ အရယူနိုင်ခဲ့ကြပါတယ်။ ONE 170 မှာ စိုးလင်းဦးနဲ့ သန့်ဇင်တို့က အပြာထောင့်ကနေ ထိုးရမယ့်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။


    အပြာထောင့်ကနေ ဖိုက်တာတွေ ရလဒ်ကောင်းနေချိန်မှာ အပြာထောင့်ကနေ ပွဲထိုးခွင့်ရတာကတော့ သန့်ဇင်နဲ့ စိုးလင်းဦးတို့အတွက် ကံကောင်းမှုပါပဲ။


    အခုမတိုင်ခင်မှာ အပြာထောင့်ကနေ ပွဲထိုးခွင့်ရပြီး နိုင်ပွဲကိုယ်စီရရှိခဲ့ကြတဲ့ မြန်မာဖိုက်တာတွေလို သန့်ဇင်နဲ့ စိုးလင်းဦးတို့လည်း အပြာထောင့်နဲ့ကံစပ်ပြီး နိုင်ပွဲတွေ ရယူပြနိုင်လေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။

    4 min
  • ဇန်နဝါရီလ ၂၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်က တည်းခိုခန်းတစ်ခုမှာ တည်းနေသူ ၅၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့သတင်း


    - နယ်စပ်မြို့မောတောင်ဘက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ရက်ဆက်တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း


    - ဆင်ထိုးကြီးရွာသားတွေ လချီစစ်ဘေးရှောင်နေရလို့ အခက်ကြုံနေတဲ့အခြေအနေ


    - မြိတ်မှာ ဆေးခန်းလာပြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့တဲ့သတင်း


    - မွန်တော်လှန်ရေးတပ် လေးဖွဲ့ပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်းတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးသူ ဒီရစ်ဒါ က UFC မှာ ဆက်တိုက် အစွမ်းပြနေပြီ

    UFC 311 မှာ ဟော်လန်ဖိုက်တာ ရိုင်နီရာ ဒီရစ်ဒါကတော့ နှစ်ပွဲထိုး၊ နှစ်ပွဲနိုင် မှတ်တမ်းကို ရယူသွားခဲ့ပါပြီ။


    ONE ကနေ UFC ဆီကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပုံစံကောင်းကို ထုတ်ဖော်ပြသနိုင်လို့ ဒီရစ်ဒါ က မှတ်ချက်ကောင်းတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။


    ONE မှာတုန်းက အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးတဲ့ ဒီရစ်ဒါ ဟာ UFC ဘက်ကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပထမဆုံးပွဲမှာ အောင်လအန်ဆန်းရဲ့သူငယ်ချင်းကို အနိုင်ယူပြခဲ့တာပါ။


    အခုပွဲစဉ်မှာတော့ အောင်လအန်ဆန်းနဲ့အတူတကွလေ့ကျင့်ပြီး ဒီရစ်ဒါက အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။


    UFC 311 မှာ ပြိုင်ဘက်ဖြစ်တဲ့ ကီဗင်ဟော်လန်ကို ပထမပွဲချီမှာတင် လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူပြပြီး ဘောနပ်စ်ဆုကိုလည်း ဒီရစ်ဒါက ရရှိသွားခဲ့ပါပြီ။


    နောက်ပွဲကိုရောက်ရင် သူ့ကို Top 5 စာရင်းဝင်ဖိုက်တာတွေထဲက တစ်ယောက်လောက်နဲ့ ပွဲတည်ပေးဖို့အကြောင်းလည်း ဒီရစ်ဒါက တောင်းဆိုသွားခဲ့ပါသေးတယ်။

    4 min
  • လော့စ်အိန်ဂျလိစ်တောမီးကို သက်စွန့်ဆံဖျား ငြှိမ်းသတ်ပေးနေတဲ့ ပါဝါရိန်းဂျားပန်းရောင်

    ဒါက ပါဝါရိန်းဂျား အနီကောင် မဟုတ်ပါဘူး။ ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေး ဖြစ်ပါတယ်။


    ပါဝါရိန်းဂျား ခေတ်ဦးဇာတ်ကားတွေကိုကြည့်ဖူးရင် သူမက ဘယ်သူလဲဆိုတာကို အားလုံး သိရှိနေမှာပါ။


    ပန်းရောင်ပါဝါရိန်းဂျားဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးလေးဟာ ဒီနေ့ ဒီအချိန်မှာ တကယ့်ကို ပါဝါရိန်းဂျားအစစ်ဖြစ်လို့နေပါပြီ။


    ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်မင်းသမီးဘဝကို ကျောခိုင်းပြီးတဲ့နောက် ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေးက မီးသတ်တပ်ဖွဲ့ထဲကို ဝင်ရောက်လိုက်လို့ပါပဲ။


    လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို သက်စွန့်ဆံဖျား လိုက်လံ ငြှိမ်းသတ်ပေးနေသူတွေထဲမှာ ပါဝါရိန်းဂျား ပန်းရောင်မင်းသမီးလေးလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။


    အခုလို မီးသတ်သမားဘဝဆီ ကူးပြောင်းဝင်ရောက်သွားခဲ့သူ ပါဝါရိန်းဂျားပန်းရောင်ကောင်မလေးရဲ့နာမည်ကတော့ ပက်ထရစ်ရှာ ဂျာလီး ပါပဲ။

    2 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇန်နဝါရီလ ၁၂ ရက်ကနေ ဇန်နဝါရီလ ၁၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။