Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီး အသက် ၁၁၆ နှစ်မှာ ကွယ်လွန်


    - ကနေဒါဝန်ကြီးချုပ် ရာထူးက နုတ်ထွက်မယ်


    - တိဗက်ဒေသ ငလျင်ကြောင့် အနည်းဆုံး ၁၂၀ ဦး သေဆုံး


    - ကယ်လီဖိုးနီးယားမှာ တောမီး အကြီးအကျယ်လောင်


    - ကွယ်လွန်သူ သမ္မတဂျင်မီကာတာအတွက် နိုင်ငံတော် ဈာပနာ ကျင်းပ


    - ဂါဇာစစ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်း ၄၆၀၀ အထိ ရှိလာ


    - ဟောလိဝုဒ်ထိပ်တန်းအနုပညာရှင်နှစ်ဦး ၈ နှစ်အကြာမှာ ကွာရှင်းမှု ပြီးပြတ်


    - တရုတ်မှာ ဟင်းသီးဟင်းရွက်ဈေး မီးလောင်လို့ လူ ၈ ဦး သေဆုံး


    - ခြင်္သေ့ဘေးမဲ့တောထဲ လမ်းပျောက်နေတဲ့ ကလေးငယ်ကို ၅ ရက်အကြာမှာ ပြန်တွေ့


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min
  • ဇန်နဝါရီလ ၁၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    ဇန်နဝါရီလ ၁၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    *************

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့သတင်း

    - လေပြင်းတိုက်ခတ်မှုနှင့် နေ့အပူချိန်မြင့်တက်မှုရှိနေတာကြောင့် မီးဘေးအန္တရာယ်သတိထားဖို့ မိုးလေဝသလေ့သူတစ်ဦးက သတိပေးထားတဲ့သတင်း

    - ကံပေါက်တိုက်နယ် နေရာအများစုမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်

    - ရေးမြို့နယ်မှာ လက်နက်ကြီးပစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေထွက်ပြေးနေရတဲ့သတင်း

    - မြန်မာဟာ ရုရှားနဲ့ အမေရိကန်ကို ကျော်တက်ပြီး ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု ဒုတိယအများဆုံးဖြစ်လာတဲ့သတင်းနဲ့

    - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - မြိတ်မြို့က ရေကန်ဘောင်မှာ စုံတွဲတစ်တွဲ ဓားဖြင့်ထိုးပြီး ပစ္စည်းလုယက်ခံလိုက်ရတဲ့အကြောင်း


    - လောင်းလုံးမြို့နယ်က နတ်ပွဲတွေမှာ လောင်းကစားဝိုင်းတွေ တကျော့ပြန်ကြီးစိုးလာနေတာ


    - အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းထဲ ဘိန်းစာပင်စိုက်ပျိုးသူတွေ သိသိသာသာများပြားလာနေတဲ့အခြေအနေ


    - ရော်ဘာ လုပ်သားရှားပါးနေလို့ ခြံရှင်တွေအခက်တွေ့နေပြီး ခြံအချို့ကို ပစ်ထားရတဲ့အထိဖြစ်နေတဲ့အကြောင်း


    - ကော်သူးလေတပ်ဖွဲ့ဝင် ၂၀ ကျော်နုတ်ထွက်ပြီး အချို့က KNU ဘက်ကို ပူးပေါင်းသွားတဲ့အခြေအနေ


    - ထားဝယ် အာယုဒါနအဖွဲ့ရဲ့ အောက်ဆီဂျင်ထုပ်လုပ်မှု ငါးရက်ရပ်နားမယ်ဆိုတာ


    - ချင်းမိုင်မြို့မှာ ကလေးတွေကို အဓမ္မကျင့်ပြီး ဗီဒီယိုရောင်းစားတယ်လို့ သံသယရှိသူ မြန်မာတစ်ဦးဖမ်းဆီးခံရတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇန်နဝါရီလ ၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - လောင်းလုံးမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတဲ့သတင်း


    - ထားဝယ်‌အရှေ့တောမှာ တိုက်ပွဲမဖြစ်ပဲ စစ်‌ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အကြောင်း


    - ကျောက်နီမော်တိုက်ပွဲမှာ အိမ်ခြေ ၂၅၀ လောက် မီးလောင်သွားတဲ့အခြေအနေ


    - လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွားတဲ့ မန္တလာမင်းခရီးသည်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် သုံးရက်ကြာတဲ့ အထိ မလွတ်သေးတဲ့အကြောင်း


    - ထိုင်းကို တရားမဝင်လမ်းကနေဝင်လာတဲ့ မြန်မာ ၂၀ ကျော်အဖမ်းခံရတဲ့အခြေအနေ


    - မဟာချိုင်ဘုရားပွဲမှာ ထိုင်းလူငယ်ကို အုပ်စုဖွဲ့ရိုက်တဲ့ မြန်မာလူငယ်တွေ အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ပုလော စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်က စီးနင်းပြီးမီးရှို့လိုက်တဲ့သတင်း


    - ပြည်ထောင်စုလမ်းပေါ်ရှိ ပုလော စက်တော်ရာရွာမှာ တိုက်ပွဲဖြစ်တဲ့အကြောင်း


    - မြိတ် တောင်ပုလဲရွာမှာ ပျူစောထီးတွေက လစဉ်ဆက်ကြေးကောက်ခံနေတဲ့သတင်း


    - ထားဝယ်က ရှစ်မိုင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတဲ့အခြေအနေ


    - ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်မှာ အစစ်အဆေးတင်းကျပ်နေတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဇန်နဝါရီလ ၆ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - လောင်းလုံးက လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အကြောင်း


    - မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတားကို ညဘက်ဖြတ်သန်းခွင့်ပိတ်လိုက်တဲ့သတင်း


    - ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်း ဖြတ်သန်းခွင့်ပိတ်လိုက်တဲ့သတင်း


    - တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တစ်သောင်းကျော် အကူအညီလိုနေတဲ့အကြောင်း


    - ကလိန်အောင်မြို့ အင်းပြားရွာသားနှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရသွားတဲ့အခြေအနေ


    - ကံပေါက်က ဖောင်းတောရွာမှာ စစ်လာရှောင်သူတွေကို ထောက်ခံစာအသစ်ထပ်လုပ်ခိုင်းတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မန်ယူဟာ လီဗာပူးကို ဘယ်လိုမှ နိုင်စရာအကြောင်းမရှိဘူးလို့ပြောရင် လက်ခံပေးပါ

    ဒီညမှာတော့ အခုတစ်ပတ်ရဲ့ BIG MATCH လည်းဖြစ်၊ စူပါဆန်းဒေးပွဲလည်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ယူတို့ရဲ့ ပွဲကို ယှဉ်ပြိုင်ရပါတော့မယ်။ မန်ယူဟာ လီဗာပူးရဲ့ကွင်းမှာ အနိုင်မရခဲ့တာ ခြောက်ပွဲဆက်တိုက် ရှိလာခဲ့ပါပြီ။ အဲ့ဒီပွဲစဉ်ခြောက်ပွဲမှာ လီဗာပူးဘက်ကို မန်ယူ ပြန်သွင်းနိုင်ခဲ့တဲ့ဂိုးက တစ်ဂိုးတည်းသာ ရှိခဲ့ပါတယ်။ လီဗာပူးဟာ ချန်ပီယံပြေးလမ်းထက်က ပြိုင်ဘက်တွေကို အမှတ်ဖြတ်ဖို့အတွက် အိမ်ကွင်းပွဲစဉ်အားလုံးကို အနိုင်ရအောင် ကြိုးစားအားထုတ်နေပါတယ်။ မန်ယူဟာ အရင်ကလောက် ကစားအားမကောင်းတော့သလို အသင်းအထိုင်လည်း ပျက်ယွင်းနေပါပြီ။ လီဗာပူးကို မန်ယူ အပြန်အလှန် ယှဉ်ကစားနိုင်ပါ့မလား။

    3 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၂၉ ရက်ကနေ ဇန်နဝါရီလ ၄ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min
  • မန်စီးတီး နိုင်ပွဲဆက်တဲ့ည ဖြစ်လာပါလိမ့်မယ်

    ဒီညမှာတော့ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လာပါပြီ။


    မန်စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး လန်ဒန်မြို့ခံပြိုင်ဘက်အချင်းချင်း ထိပ်တိုက်တွေ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ချယ်လ်ဆီးပွဲကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။


    အာဆင်နယ်ကတော့ ခြေစွမ်းမာတဲ့ ဘရိုက်တန်နဲ့ ကစားရမှာပါ။


    ဒီညမှာ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူနိုင်လေမလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    4 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ ဒီဇင်ဘာလ ၂၉ ရက်ကနေ ဇန်နဝါရီလ ၄ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဝန်ကြီးများအိမ်ရာနဲ့ တိုင်းရဲရုံး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတဲ့အကြောင်း


    - စစ်ရေးလှုပ်ရှားမှုတွေကို အနှောင့်ယှက်မပေးဖို့ သရက်ချောင်းအခြေစိုက် KNLA တပ်ခွဲ ၂ သတိပေးတဲ့ သတင်း


    - မြိတ်မှာ ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းကြောင့် လူသွားလူလာနည်းပြီး စားသောက်ဆိုင်အချို့ စောစောပိတ်နေကြတဲ့အကြောင်း


    - တနင်္သာရီမှာ CDM စစ်သားက ၁၅ နှစ်အရွယ် ကျောင်းသူကို မုဒိမ်းကျင့်ခဲ့တဲ့သတင်း


    - တနင်္သာရီမှာ စစ်ဘေးရှောင်တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတဲ့အကြောင်း


    - လောင်းလုံးမှာ စစ်‌ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့သတင်း


    - တနင်္သာရီတိုင်းလူဦးရေရဲ့ ထက်ဝက်ကျော်ပဲ သန်းခေါင်စာရင်းကောက်နိုင်တဲ့ အခြေအနေ


    - ဘုတ်ပြင်း အလယ်မန်‌ရွာမှာ ဂုံးချော အထွက်များနေပြီး ဈေးကောင်းရတဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။