
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တော်လှန်ရေးအင်အားစုတွေစိုးမိုးလှုပ်ရှားနယ်မြေမှာ နတ်ပွဲအကြောင်းပြု လောင်းကစားဝိုင်းတွေကို ဖမ်းဆီးခြင်းမရှိတဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေရှိနေတဲ့သတင်း
- ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းများကို စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီး
- လူငယ်များ ထဲထဲဝင်ဝင် တိုက်ပွဲဝင်ကြရန် မွန်လူငယ်များဖြင့်ဖွဲ့ထားသည့် NRFF တိုက်တွန်း
- နယ်မြေမအေးချမ်းလို့ သံတိုသံစဝယ်သူတွေ အလုပ်ရပ်နားမှုများလာ
- ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးမှု အချိန်မီမပြီးနိုင်တဲ့ပေါ် ထိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ကြတဲ့သတင်းနဲ့
- ရွှေနဲ့ ဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မနေ့တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘောက်ဆင်းဒေးနေ့ပွဲတွေမှာ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ခြေချော်သွားခဲ့ပါတယ်။ အသင်းကြီးတွေထဲကဆိုရင် လီဗာပူးပဲ နိုင်ခဲ့တာပါ။
အခုအတိုင်းဆိုရင် လီဗာပူးက ပြိုင်ဘက်တွေကို အမှတ်ထပ်ဖြတ်နိုင်ဖို့ နှာတစ်ဖျား ပြန်သာသွားခဲ့ပြန်ပါပြီ။
နော်တင်ဟမ်က ဇယားထိပ်ပိုင်းကို တက်နေပေမယ့် အချိန်တန်ရင် သူ့နေရာမှန်ဆီ သူပြန်ရောက်သွားမှာပါ။ အာဆင်နယ်က ဒီညမှာတော့ အစ်ဆွစ်ချ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
အစ်ဆွစ်ချ်ကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အာဆင်နယ်အတွက် အခွင့်အလမ်းကောင်းတချို့ ပြန်လည်ပေါ်ထွက်လာမှာပါ။
အိမ်ကွင်းမှာ ကစားရမယ့်ပွဲဖြစ်နေလို့ အာဆင်နယ်က အသာရသလို ရှိလို့နေပါတယ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့နယ် ရှမ္မတွင်းရွာမှာ တိုက်ပွဲဖြစ်မှာကိုစိုးရိမ်ပြီး ရွာသားအချို့ရွှေ့ပြောင်းနေတဲ့အကြောင်း
- စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေချိန် ထားဝယ်အရှေ့တောဒေသမှာ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲထပ်ဖြစ်ပွားခဲ့တာ
- လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်တွေ အစားအသောက်အနဲ့ အနွေးထည်တွေအကူအညီလိုအပ်နေတဲ့အခြေအနေ
- စစ်ကောင်စီတပ်ဖမ်းထားတဲ့ ခွေးမဖောရွာသား ကိုဝေဠုကျော် ပြန်လွတ်လာခဲ့တာ
- ဝဥတူးရာသီမှာ ဈေးနှစ်ဆလောက်မြင့်တက်လာနေတဲ့အခြေအနေ
- အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေက အလုပ်ရှင်ကို အမှုဖွင့်လိုက်ကြတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကြောင်းထိုးနေတဲ့ထားဝယ်အရှေ့တောဒေသမှာ ဒေသခံတွေ အဖမ်းခံထားရတဲ့သတင်း
- စစ်ကောင်စီစစ်ကြောင်းကြောင့် ပိတ်မိနေတဲ့အဘွားတစ်ဦး အချိန်မီဆေးမကုရလို့ ကွယ်လွန်သွားတဲ့အကြောင်း
- ပုလောမှာစစ်ကောင်စီတပ်က နေစဉ်နီးပါးဒရုန်းနဲ့ဗုံးချတိုက်ခိုက်နေတဲ့အခြေအနေ
- ရေးမြို့ခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင် ၁၅ နှစ်စီချလိုက်တဲ့သတင်း
- စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ကျိုက်ထိုဒေသခံတွေ သေဆုံးဒဏ်ရာရသွားတဲ့အခြေအနေ
- ဝမ်းရောဂါကြောင့် နယ်စပ်ပိတ်ထားချိန် မဲဆောက်ကိုတရားမဝင်လာတဲ့ မြန်မာသုံးဦးအဖမ်းခံရတာ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးက ကျောက်နီမော်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း
- နေပြည်တော်မှုခင်းဌာနက ရဲမေတစ်ဦး လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတဲ့သတင်း
- ရေဖြူမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီက ကြည်း ရေ နှစ်ဖက်ညှပ်ပစ်ခဲ့တဲ့ အကြောင်း
- မြိတ်မြို့ဝန်းကျင်ရှိ ကြက်ဝိုင်းတွေကြောင့် တိုက်ကြက်မွေးသူများလာတဲ့အခြေအနေ
- ထိုင်းက ခရိုင်အချို့မှာ အခြေခံလုပ်အားခ တစ်ရက် ဘတ် ၄၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးဒေသခံတွေ လေကြောင်းအန္တရာယ်သတိထားဖို့ ပကဖသတိပေးတဲ့သတင်း
- ရေဖြူမှာစစ်ကြောင်းကဖမ်းထားတဲ့ရွာသားတစ်ဦးအသတ်ခံရတဲအကြောင်း
- စစ်ကြောင်းတပ်စွဲထားတဲ့ဇာဒီရွာသားတချို့အဖမ်းခံထားရပြီး အိမ်တွေ မီးရှို့ခံထားရတဲ့အခြေအနေ
- မြန်မာနယ်စပ်နားက ထိုင်းလေပိုင်နက်ထဲကို လေယာဉ်တစ်စီးဝင်လာတဲ့ သတင်း
- ထိုင်းတောင်ပိုင်းက လိပ်ကျွန်းမှာမြန်မာတစ်ဦး ကြိုးဆွဲချသေဆုံးသွားတဲ့အ ကြောင်းနဲ့အတူ
- ဒီကနေ့ထားဝယ်ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ရွှေ နဲ့ ဘတ် ဈေးအတက်အကျအခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ကယန်းကျားသစ်မလေးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကယန်းဖိုက်တာမလေး ဗရော်နီကာ ဟာ အမှတ်တရ တီရှပ်အင်္ကျီ ရောင်းချပေးပါတော့မယ်။
ဗရော်နီကာ ဟာ တီရှပ်အင်္ကျီတစ်ထည်ကို တန်ကြေး ဘတ် ၄၀၀ သတ်မှတ်ထားပြီး အထည် ၁၀၀ ပဲ ရောင်းပေးသွားမယ်လို့ သိရှိရပါတယ်။
အထည် ၁၀၀ တာသာ ရောင်းချပေးမှာဖြစ်လို့ အမှတ်တရ Limited Edition ထုတ်လုပ်တဲ့သဘောလို့တောင် ပြောနိုင်ပါတယ်။
ကယန်းကျားသစ်မလေး ဗရော်နီကာ ကလည်း အင်္ကျီကို သဘောကျတယ်ဆိုရင် ကြိုမှာထားဖို့နဲ့ မကြာခင်မှာ ရောင်းချပေးသွားတော့မှာပဲဖြစ်တယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
ဖိုက်တာ ဆရာဝန်မလေးရဲ့နာမည်က မင်ရှီ ဖြစ်ပါတယ်။ မင်ရှီ ဟာ ထိုးအားကောင်းသလို ပြိုင်ဘက်တွေအပေါ် ဖိအားပေးနိုင်စွမ်းမြင့်မားတဲ့သူလို့ နာမည်ကြီးပါတယ်။
UFC Fight Night 248 မှာတော့ ဖိုက်တာ ဒေါက်တာမလေးရဲ့အစွမ်းပြသမှုကို အားလုံးက အံ့အားသင့်သွားခဲ့ရသလို အသိအမှတ်ပြုပြီး ချီးမွမ်းခန်းလည်း ဖွင့်ခဲ့ရပါတယ်။
သတင်းမီဒီယာတွေကဆိုရင် ဖိုက်တာဆရာဝန်မလေးရဲ့အမြင့်ခြေကန်ချက်ကို တခမ်းတနားပဲ ရေးသားဖော်ပြနေကြတာပါ။
UFC Fight Night 248 မှာ ဖိုက်တာ ဆရာဝန်မလေး ဒေါက်တာ မင်ရှီ က ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သူ ဇောင်ကန်ဖင်းနဲ့ ထိုးခဲ့ရပြီး ဒီပွဲမှာ အားပါပြင်းထန်လှတဲ့ မင်ရှီရဲ့ခြေကန်ချက်ဟာ ဇောင်ကန်ဖင်းရဲ့ခေါင်းကို တိတိကျကျကြီး ထိမှန်ပြီး ဇောင်ကန်ဖင်းဟာ ပုံလျက်သား လဲကျသွားခဲ့ရပါတယ်။
သံဇကာ Cage ထဲကနေပြီး ဇောင်ကန်ဖင်းကို ထမ်းစင်နဲ့ သယ်ထုတ်သွားရတဲ့အထိကို ဖြစ်သွားခဲ့ပြီး ဆေးရုံဆီကို ချက်ချင်းတင်ပို့လိုက်ရပါတယ်။
အဲ့ဒီ High Kick ခြောကန်ချက်ကြောင့်ပဲ ဖိုက်တာ ဆရာဝန်မလေး မင်ရှီ ကို လူသိများသွားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၂၁ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ ဒီဇင်ဘာလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းနဲ့မြန်မာ ရေလုပ်သားတွေကိုထောင်လေးနှစ်စီချခံရတဲ့အကြောင်း
- သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ ကံပေါက်ဒေသမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့သတင်း
- ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားက စစ်ကောင်စီတပ်ဂိတ် တိုက်ခိုက်ခံရတဲ့အခြေအနေ
- ထားဝယ်အရှေ့တောဒေသက KTLA စခန်းငါးခုကို ရှင်းလင်းခဲ့တယ်လို့ KNUပြောတဲ့အကြောင်း
- စစ်ကောင်စီတပ်သားတစ်ဦး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်ဆီ ဘက်ပြောင်းခိုလှုံတဲ့သတင်း
- ထိုင်း-မြန်မာနယ်စပ်ဘက် ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အကြောင်း
- တနင်္သာရီမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့သတင်း
- မြိတ်မှာ ဖခင်က ဆယ်ကျော်သက်သမီးအရင်းကို အဓမ္မကျင့်တဲ့အကြောင်း
- မြိတ် ဓနိရည်ချို ယခင်နှစ်ထက် ရောင်းအားကျနေတဲ့သတင်း
- ပုလောမှာ စစ်ကောင်စီတပ်က အထက်တန်းကျောင်းသားတွေကိုပါ ပေါ်တာဆွဲတဲ့အကြောင်း
- ပုလောက တပိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့သတင်း အခြေအနေ တွေကို နားဆင်ရမှာပါ။
From the publisher's feed