
Sign up to save your podcasts
Or


အက်စတွန်ဗီလာရဲ့အိမ်ကွင်း ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာနဲ့ မန်စီးတီးတို့ အားပြိုင်ကြပါတော့မယ်။
အက်စတွန်ဗီလာ ဟာ နည်းပြ ယူနိုင်းအမ်မရီ လက်ထက်မှာ အရမ်းပဲ တိုးတက်လာခဲ့လို့ မန်စီးတီးဟာ သတိကြီးကြီးထားပြီး ရင်ဆိုင်ရမှာပါ။
မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၁ ပွဲမှာ နိုင်ပွဲဆိုလို့ တစ်ပွဲပဲ ရှာတွေ့ခဲ့ပါတယ်။ အက်စတွန်ဗီလာက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၁၁ ပွဲမှာ ရှုံးပွဲတစ်ပွဲပဲ ရှိထားတဲ့အသင်းပါ။
မန်စီးတီးဟာ ပျောက်သောလမ်းမှာ စမ်းတဝါးတွေ ဆက်ဖြစ်ပြီး နိုင်ပွဲပျောက် အမှောင်လမ်းလေးထဲ ဆက်လျှောက်နေရလေဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါပဲ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- ပြင်သစ်မှာ အမျိုးသားက ဇနီးသည်ကို ဆေးခတ်ပြီး မိတ်ဆွေများနဲ့အတူ ဆယ်စုနှစ်ကြာအောင် အဓမ္မကျင့်
- တောင်ကိုရီးယားသမ္မတကို ဖယ်ရှားဖို့ လွှတ်တော် မဲခွဲဆုံးဖြတ်
- ယူကရိန်းက ရုရှားဗိုလ်ချုပ်ကို မော်စကိုမှာ လုပ်ကြံ
- FIFA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဗီနီစီးယက် ရရှိ
- ပစိဖိတ်ကျွန်းနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်၊ အနည်းဆုံး ၂၃ ဦးသေဆုံး
- ဆီးရီယားပြည်သူ့စစ်ခေါင်းဆောင်ဟောင်းကို ဂျာမနီမှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်
- ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားရေနံချက်စက်ရုံ မီးလောင်
- အမေရိကန်ပြည်သူတွေ လူ့သက်တမ်း ၁ နှစ် ပိုရှည်လာ
- တောင်အာဖရိက TikTok ဆယ်လီတစ်ဦး ရှားပါးရောဂါကြောင့် အသက် ၁၉ နှစ်မှာ ကွယ်လွန်
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားက စစ်ကောင်စီတပ်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်း
- တနင်္သာရီမြို့နယ် ရေဖြူရွာနဲ့ ထုံခါရွာအနီးမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်း
- ရေး-သံဖြူဇရပ်လမ်းပိုင်းက စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်း
- ထားဝယ်အရှေ့တောဒေသက KTLA စခန်း ၅ ခုကို KNU ရှင်းလင်းခဲ့တဲ့သတင်းနဲ့
- ကံပေါက်အဝင်လမ်းကို စစ်ကောင်စီက အချိန်အကန့်အသတ်နဲ့ပြန်ဖွင့်ပေးနေတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တိုက်ပွဲဖြစ်နေတဲ့ ကံပေါက်တိုက်နယ်မှာ ဆက်သွယ်ရေးနဲ့ လမ်းပိုင်း ဖြတ်တောက်ခံထားရတဲ့အကြောင်း
- ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ပြန်လွတ်လာတဲ့အခြေအနေ
- ကျွန်းစုမြို့နယ်က ဒေါင်းနက်လက်နက်ကိုင်တပ်ဖွဲ့နဲ့ဖြစ်တဲ့ ပြဿနာအပေါ် တိုင်းစစ်ဌာနတာဝန်ရှိသူက ပြန်လည်ဖြေရှင်းထားတာ
- မနေ့က ပုလော တပိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ရနောင်းမှာ ဈေးကွက်ထဲ ရေနဂါးဈေးနှုန်းကျဆင်းနေတာ
- မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းလိုက်တဲ့အခြေအနေ
- သက်တမ်းတိုးခ လျှော့ပေးဖို့ တောင်းဆိုတဲ့ ထိုင်းနိုင်ငံ သံစက်ရုံက မြန်မာလုပ်သားတွေ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြိတ်မှာ ဖခင်က ဆယ်ကျော်သက်သမီးအရင်းကို အဓမ္မပြုကျင့်တဲ့ သတင်း
- ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့အခြေအနေ
- ထိုင်းတောင်ပိုင်းမှာ လောင်းလုံးဒေသခံတစ်ဦး ရေစီးနဲ့မျောပါသေဆုံးသွားတဲ့အကြောင်း
- တရားမဝင် ဝင်လာတဲ့ မြန်မာတွေ စီးလာတဲ့ကား ထိုင်းရဲကားကိုဝင်တိုက်လို့ ရဲတစ်ဦးသေဆုံးတဲ့ အခြေအနေ
- သက်တမ်းတိုးစရိတ်များနေလို့ မြန်မာလုပ်သား တစ်ထောင်ကျော် ဆန္ဒပြရာက ဘတ် ၇၅၀၀ နှုန်းပြေလည်သွားတဲ့ သတင်း
- ချွန်ဘူရီက မြန်မာဇနီးမောင်နှံ ထိုင်းထီ ဘတ် ၁၂ သန်း ပေါက်တဲ့အကြောင်း အပါအဝင်
- ဘတ်နဲ့ ရွှေစျေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မန်ယူဟာ ခရာဘောင်းဖလားကွာတားဖိုင်နယ်ကို စပါးနဲ့ ကစားရပါတော့မယ်။ စပါးကလည်း နွံနစ်နေတဲ့ကြားကနေ ဆောက်သမ်တန်ကို ၅ ဂိုးပြတ်အနိုင်ယူပြီး လမ်းကြောင်းမှန်ထက်ဆီ ပြန်တက်ဖို့ ကြိုးစားလာပါတယ်။
မန်ယူကလည်း ဒါဘီပွဲမှာ မန်စီးတီးကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရလိုက်ပြီးတဲ့နောက် ဘယ်လောက်အထိ တိုးတက်မှုရှိလာလေမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။
နှစ်သင်းလုံးက ကစားပုံ မတည်ငြိမ်ကြပါဘူး။ အခုနောက်ပိုင်းနှစ်တွေမှာ စပါးနဲ့ဆုံရင် မန်ယူက ရေကုန်ရေခမ်း ကစားရတာမျိုးတွေဖြစ်လာသလို ရလဒ်တွေလည်း သိပ်မစွံလှတော့ပါဘူး။
ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပရီးမီးယားလိဂ်အသင်းတွေအချင်းချင်း ထိပ်တိုက်တွေ့နေလို့ ပွဲကောင်းတွေဖြစ်လာပါလိမ့်မယ်။ မန်ယူဟာ စပါးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ဆီ ဆက်လက် တက်လှမ်းနိုင်ပါ့မလား။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းနဲ့မြန်မာ ရေလုပ်သားတွေကိုထောင်လေးနှစ်စီချခံရတဲ့အကြောင်း
- မောရဝတီရေတပ်က ကံပေါက်ဒေသဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ပြီး လမ်းကိုလည်းပိတ်လိုက်တဲ့အခြေအနေ
- စစ်ကောင်စီတပ်သားတစ်ဦး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်ဆီ ဘက်ပြောင်းခိုလှုံတဲ့သတင်း
- ရေဖြူက ရော်ဘာခြံမှာ မိုင်းကွဲလို့ အမျိုးသားတစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ်ဘက် ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့သတင်း
- ထားဝယ်မှာ မသန်စွမ်းတစ်ဦး နှစ်လကြာပျောက်နေပြီး အဆက်အသွယ်မရသေးတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဒေါင်းနက်အဖွဲ့ကို ကျွန်းစု ပကဖ ဖမ်းဆီးခဲ့တဲ့အကြောင်း
- ပုလောမှာ စစ်ကောင်စီတပ်က အထက်တန်းကျောင်းသားတွေကိုပါ ပေါ်တာဆွဲတဲ့ အခြေအနေ
- ကွမ်းသီးစျေးကောင်းချိန် ဘုတ်ပြင်းတွင် ကွမ်းသီးအခိုးခံရမှုများလာတဲ့သတင်း
- မြိတ် ဓနိရည်ချို ယခင်နှစ်ထက် ရောင်းအားကျနေတဲ့အခြေအနေ
- စစ်ကောင်စီဖမ်းထားတဲ့ ရေလုပ်သားတွေပြန်လွတ်ရေး တာဝန်ယူလုပ်ပေးဖို့ ထိုင်းအစိုးရကိုတောင်းဆိုတဲ့အကြောင်း အပါအဝင်
- လောင်းလုံး အင်းဝန်းရွာသားတစ်ဦး ငါးဖမ်းရာက ရေနစ်သေဆုံးတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၈ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
မန်စီးတီး - မန်ယူ
ဒီတစ်ပတ်ရဲ့ စူပါဆန်းဒေးမှာတော့ မန်စီးတီးနဲ့ မန်ယူတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ် ရှိလို့နေပါတယ်။
နှစ်သင်းလုံးက ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေကြရလို့ ဘယ်အသင်းက နိုင်ပွဲရှာဖွေသွားနိုင်လေမလဲဆိုတာ စိတ်ဝင်စားစရာပါ။
မန်ယူနည်းပြ အေမိုရင် ဟာ စပို့တင်းလစ္စဘွန်းမှာ ရှိတုန်းက စပို့တင်းလစ္စဘွန်းကို ဦးဆောင်ပြီး ချန်ပီယံလိဂ်မှာ မန်စီးတီးကို အနိုင်ကစားပြခဲ့ဖူးပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာလည်း နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၁ ပွဲတည်းသာ နိုင်ခဲ့လို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါပြီ။
ဂွါဒီယိုလာဟာ အခုအခြေအနေကို ဘယ်လိုအလှည့်အပြောင်းလုပ်ပြလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
မန်ယူကလည်း ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးခဲ့ပြီးပြီဖြစ်လို့ နိုင်ပွဲပြန်ရဖို့ လိုအပ်နေပါပြီ။ အရှုံးချင်းပြိုင်ရတဲ့ပွဲမှာ ဘယ်သူနိုင်သွားလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
From the publisher's feed