
Sign up to save your podcasts
Or


တနင်္သာရီတိုင်းထဲမှာ ဒီဇင်ဘာလ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးက အင်းဇောက်ရွာစျေးကို နွားနို့သွားပို့တဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်ပစ်သတ်ခဲ့တဲ့သတင်း
- စစ်ကောင်စီတပ်က ဖမ်းထားတဲ့အရပ်သားတစ်ဦးကိုပစ်သတ်ပြီး တစ်ချို့ကိုပြန်လွှတ်လိုက်တဲ့ အကြောင်း
- KNLA တပ်ရင်း ၁၂ က ဒုတပ်ခွဲမှူးကို ကော်သူးလေတပ်က ပစ်သတ်လိုက်တဲ့ သတင်း
- တနင်္သာရီတိုင်းမှာ မိုးရွာနိုင်တယ်လို့ မိုးဇလထုတ်ပြန်လိုက်တဲ့အခြေအနေ
- ဘုတ်ပြင်းမှာ ပျူစောထီးအဖွဲ့ကို လာဘ်ငွေပေးပြီး မူးယစ်ဆေးပေါ်တင်ရောင်းနေကြတဲ့အကြောင်း
- စစ်ကောင်စီတပ် ရက်ရှည်စစ်ကြောင်းထိုးနေတဲ့ ပုလောမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့သတင်း
- တနင်္သာရီမှာ စစ်ကောင်စီတပ်က လမ်းအသုံးပြုခွင့်ပိတ်ပြီး မိုင်းထောင်ထားလို့ စားသောက်ကုန်တွေပြတ်လပ်နေတဲ့အကြောင်း
- သရက်ချောင်းရှိ ဥယျာဉ်ခြံတွေကို တော်လှန်ရေးအဖွဲ့က သိမ်းပြီးသီးစားချနေတယ်ဆိုတဲ့ အကြောင်း
- မြိတ်မြို့ဝန်းကျင်မှာ အုပ်ချုပ်ရေးမှူးတွေဦးဆောင်တဲ့ လောင်းကစားဝိုင်းတွေ စည်ကားနေတဲ့သတင်း
- မြိတ်မှာ လုပ်သားရှားပါးတာကြောင့် အနည်းဆုံးတစ်နှစ်စာချုပ်နဲ့ အလုပ်ခေါ်တာများလာလာတဲ့အကြောင်း
- တိုက်ပွဲတွေကြောင့် မြိတ်မှာ အိမ်ခြံမြေအရောင်းသွက်နေတဲ့ အခြေအနေ တွေကို နားဆင်ရမှာပါ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- ပြင်သစ်နဲ့ယူကရိန်းသမ္မတတို့ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံ
- နယူးယောက် ကျန်းမာရေးအာမခံကုမ္ပဏီစီအီးအိုကို ပစ်သတ်ခဲ့သူကို ဖမ်းမိ
- တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း အကျဉ်းထောင်ထဲ သေကြောင်းကြံ
- တောင်ကိုးရီးယားဆန္ဒပြပွဲမှာ ကေပေါ့ပ်သီချင်းသံတွေ ပြန့်လွင့်
- လက်ဘနွန်တောင်ပိုင်းက အစ္စရေးတပ်တွေနေရာမှာ လက်ဘနွန်တပ်တွေနဲ့ အစားထိုး
- ဆီးရီးယား တော်လှန်ရေးအဖွဲ့က အာဆတ်အစိုးရရဲ့ လုံခြုံရေးအဖွဲ့ကို ဖျက်သိမ်း
- ဆီးရီးယားအတွက် ဂျာမနီက ယူရို ၈ သန်း ထောက်ပံ့ပေး
- Taylor Swift ရဲ့ ဖျော်ဖြေရေးခရီးစဉ် ဒေါ်လာ သန်း ၂၀၀၀ ကျော်ရ
- ထိုင်းအဆိုတော်တစ်ဦး အနှိပ်ခန်းမှာ ဇက်ချိုးရာက သေဆုံး
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးက အင်းဇောက်ရွာစျေးကို နွားနို့သွားပို့တဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်ပစ်သတ်လိုက်တဲ့သတင်း
- တနင်္သာရီတိုင်းမှာ မိုးရွာနိုင်တယ်လို့ မိုးဇလထုတ်ပြန်လိုက်တဲ့ အခြေအနေ
- သံဖြူဇရပ်မှာ လူငယ်တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတဲ့အကြောင်း
- တောင်ကိုးရီးယားဆန္ဒပြပွဲမှာ ကေပေါ့ပ်သီချင်းတွေနဲ့ လူထုကိုပိုမိုဆွဲဆောင်နိုင်တဲ့သတင်း
- ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှာ ကလေးပျောက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းသွားတဲ့ ဖားချောင်းရွာသား တစ်လကြာအထိ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေတဲ့အကြောင်း
- လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ေကာင်စီတပ်က မင်းရပ်ရွာသားတစ်ဦးကို ပစ်ခတ်ပြီး အခြားတစ်ဦးကိုလည်း ဖမ်းဆီးထားတာ
- ဒီဇင်ဘာ ၁၆ ရက်နေ့မှစပြီး ဘတ်အသစ် နာမည်စာရင်း လျှောက်ထားနိုင်တော့မယ့်အခြေအနေ
- မလေးရှားသွားမဲ့ ရိုဟင်ဂျာ ၈၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း
- ထိုင်းဘတ်ဈေးနဲ့ ရွှေဈေးကွက်အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ စစ်ကောင်စီတပ်က ဖမ်းထားသူတစ်ဦးကိုပစ်သတ်ပြီး တစ်ချို့ကိုပြန်လွှတ်လိုက်တဲ့သတင်း
- တိုက်ပွဲတွေကြောင့် မြိတ်မှာ အိမ်ခြံမြေအရောင်းသွက်နေတဲ့အခြေအနေ
- လောင်းလုံးမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်း
- ဘုတ်ပြင်းမှာ ပျူစောထီးအဖွဲ့ကို လာဘ်ငွေပေးပြီး မူးယစ်ဆေးရောင်းနေတဲ့အခြေအနေ
- စစ်ကောင်စီတပ် ရက်ရှည်စစ်ကြောင်းထိုးနေတဲ့ ပုလောမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့အကြောင်း အပါအဝင်
- ဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လမ်ပီးနီးချန်ပီယံရွှေခါးပတ်လုပွဲမှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ထိုင်းကရင်စပ် လေဒီဘွိုင်း ပက်ချွန်းပူနဲ့ မြန်မာဖိုက်တာ ကာရီ တို့ ထိုးကြတဲ့ပွဲကို လူအများအပြား စိတ်ဝင်စားခဲ့ကြပါတယ်။
ပက်ချွန်းပူ က အနီထောင့်ကနေ ထိုးခဲ့ပြီး ကာရီ ကတော့ အပြာထောင့်က ထိုးခဲ့တာပါ။
ဒီပွဲမှာ သုံးချီပြည့်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရပြီး အမှတ်ပေးဒိုင်လူကြီးတွေက မြန်မာဖိုက်တာ ကာရီ ကို အနိင်ပေးလိုက်ပါတယ်။
သိန်းမင်းကို အနိုင်ရခဲ့တဲ့ ပက်ချွန်းပူ ဟာ ဒီပွဲမှာတော့ မြန်မာဖိုက်တာ ကာရီကို အရှုံးပေးသွားခဲ့ရပါတယ်။
၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုတွေ ထွက်လာတယ်။ မြန်မာကလည်း တကယ့်ကို ဇာတာပါပဲ။
ခြေစစ်ပွဲအုပ်စု မဲခွဲသူတွေဟာ မြန်မာကို တူရာတူရာ စုပေးလေသလားတောင် ထင်မှတ်ရပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားတော့လည်း ဂျပန်ကလွဲရင် မြန်မာ ရင်ဆိုင်ခဲ့ရတာက ဆီးရီးယားနဲ့ မြောက်ကိုရီးယား ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုမဲခွဲတုန်းကတော့ ဆီးရီးယား ဟာ အာဆတ်ဒ်ရဲ့လက်အောက်မှာပါ။
အခုတော့ အနေအထားချင်း ယှဉ်လိုက်ရင် ဆီးရီးယားက သာသွားခဲ့ပါပြီ။ အာဆတ်ဒ် လက်အောက်ကနေ လွတ်မြောက်သွားပြီဆိုတော့ ဘိန်းစားချင်းအတူတူမှာ ဆီးရီးယားက တစ်လုံးပိုရှူခွင့် ရသွားတာပါပဲ။
အခုလည်း ၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုအဆင့်ကို မဲခွဲလိုက်တော့ မြန်မာက ဆီးရီးယားနဲ့ပဲ ပြန်ဆုံပါတယ်။
ထူးခြားတာက မြန်မာနဲ့ ဆီးရီးယားတို့ရဲ့အုပ်စုထဲကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ပါ တွဲထည့်ပေးလိုက်တာပါပဲ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- KNLA တပ်ရင်း ၁၂ က ဒုတပ်ခွဲမှူးကို ကော်သူးလေတပ်က ပစ်သတ်လိုက်တဲ့အကြောင်း
- KNDO တပ်ဖွဲ့ဝင် အသတ်ခံရတဲ့ကိစ္စ PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတဲ့ အခြေအနေ
- တနင်္သာရီမှာ စစ်ကောင်စီတပ်က လမ်းအသုံးပြုခွင့်ပိတ်ပြီး မိုင်းထောင်ထားလို့ စားသောက်ကုန်တွေပြတ်လပ်နေတဲ့သတင်း
- ရန်ကုန်မှာ ပျောက်သွားတဲ့ တနင်္သာရီတိုင်းက အမျိုးသားနှစ်ဦး လအတော်ကြာတဲ့အထိ ရှာမတွေ့သေးတဲ့အကြောင်း
- မဲဆောက်ဆေးရုံကြီးမှာ မြန်မာတစ်ဦးရဲ့ ကျောက်ကပ်တစ်စုံကို ပေးလှူတဲ့သတင်း
- ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Apple Underwear က မြန်မာဖိုက်တာလေး သန့်ဇင်ကို စပွန်ဆာစာချုပ်,ချုပ်ဆိုလိုက်ပါပြီ။
Apple Underwear ဟာ ဖိုက်တာလေး သန့်ဇင်နဲ့ စပွန်ဆာစာချုပ်,ချုပ်ဆိုတာကို ဗီဒီယိုဖိုင် လွှင့်တင်ထားသလို သန့်ဇင် ကြော်ငြာရိုက်ပေးထားတဲ့ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။
Underwear က ရေးသားပြီး သန့်ဇင်နဲ့ ရို၊က်ကူးထားတဲ့ ကြော်ငြာဓာတ်ပုံတွေကို လွှင့်တင်ဖော်ပြထားပါတယ်။
သန့်ဇင်ရဲ့ပရိသ၊တ်တွေကလည်း သန့်ဇင်အတွက် အခုလို အခွင့်အလမ်းတစ်ခု ထွက်ပေါ်လာတာကို ကျေနပ်အားရဖြစ်လို့နေပါတယ်။
အခုမတိုင်ခင်မှာ Fary Taxi ကလည်း သန့်ဇင် ကို စပွန်ဆာ စာချုပ်,ချုပ်ခဲ့ပါတယ်။ Fary Taxi စီးပွားရေးလုပ်ငန်းစုဟာ မြန်မာဖိုက်တာလေး သန့်ဇင် ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က စပွန်ဆာစာချုပ်,ချုပ်ဆိုလိုက်တာပါ။
စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နိုဗိုတယ်လ်ဟိုတယ်မှာ Fary Taxi စီးပွားရေးလုပ်ငန်းစုက ကျင်းပခဲ့တာဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းရှိ ဥယျာဉ်ခြံတွေကို တော်လှန်ရေးအဖွဲ့က သိမ်းပြီးသီးစားချနေတယ်ဆိုတဲ့ အကြောင်း
- ထားဝယ်က တံတားတစ်စင်းကို စစ်ကောင်စီတပ် ဖျက်ဆီးလိုက်တဲ့အကြောင်း
- မြိတ်မြို့ဝန်းကျင်မှာ အုပ်ချုပ်ရေးမှူးတွေဦးဆောင်တဲ့ လောင်းကစားဝိုင်းတွေ စည်ကားနေတဲ့သတင်း
- မြိတ်မှာ လုပ်သားရှားပါးတာကြောင့် အနည်းဆုံးတစ်နှစ်စာချုပ်နဲ့ အလုပ်ခေါ်တာများလာတဲ့အခြေအနေ
- အယုဒ္ဓယ က ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာ ၄၀ နီးပါး အဖမ်းခံရတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed