
Sign up to save your podcasts
Or


UFC 310 ပြိုင်ပွဲမှာတော့ ချင်းဖိုက်တာလေး ဂျိုရွှာဗန်အစွမ်းပြသွားခဲ့ပါတယ်။ ချင်းဖိုက်တာလေး ဂျိုရွှာဗန် ဟာ ဝါရင့်ဖိုက်တာကြီး ကိုဒီဒါဒန်ကို အမှတ်နဲ့ အနိုင်ယူသွားခဲ့တာပါ။
ဂျိုရွှာဗန်အတွက် ခက်ခဲလောက်မယ်လို့ ယူဆခဲ့ပေမယ့် အမှန်တကယ် ပွဲကစားချိန်မှာတော့ ဂျိုရွှာဗန်က အသာစီးကနေ ထိုးသွားခဲ့ပါတယ်။
ကိုဒီဒါဒန် ဟာ မာဂုဏ်မြင့်တဲ့ဖိုက်တာတစ်ယောက်ဖြစ်တာကြောင့်သာ အမှတ်နဲ့ဆုံးဖြတ်ခံရတဲ့အခြေအနေအထိ ဂျိုရွှာဗန်ကို ဆွဲခေါ်သွားနိုင်ခဲ့တာပါ။
တော်တန်ရုံဖိုက်တာမျိုးဆိုရင် ဂျိုရွှာဗန် အလဲထိုးပြနိုင်လိုက်မှာက သေချာသလောက် ရှိနေပါတယ်။
ဂျိုရွှာဗန်ဟာ ဒီပွဲကို အနိုင်ရလိုက်တဲ့အတွက် UFC Flyweight မှာ Ranking ဝင်တဲ့ကစားသမားဖြစ်လာဖို့ နီးစပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ချင်းဖိုက်တာလေး ဂျိုရွှာဗန်က ရှေ့လာမယ့်ပွဲတွေမှာ သူ့ကို မြန်မာအလံခြုံလွှမ်းပြီး ကစားခွင့်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။
Soma Fight Series 13 ပြိုင်ပွဲရဲ့ ခေါင်ပွဲကို ထိုးခွင့်ရခဲ့တဲ့ မွန်ဖိုက်တာလေး ပုညစိုင်းကတော့ တကယ့်ကို အံ့အားသင့်စရာ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။
ပုညစိုင်းဟာ Soma Fight Series 13 ပြိုင်ပွဲရဲ့ ခေါင်ပွဲကို အစားထိုးဖိုက်တာအဖြစ် ထည့်သွင်းပေးတဲ့ ဖိလစ်ပိုင်ဖိုက်တာ မာ့ခ်ဂျိုးဆက်ပ်နဲ့ ထိုးခဲ့ရတာပါ။
မာ့ခ်ဂျိုးဆက်ပ် ဟာ ပွဲထိုးချိန်တောင် မရလိုက်ပါဘူး။ ပွဲစလို့ ၅ စက္ကန့်မှာတင် ပုညစိုင်းရဲ့အလဲထိုးတာကို ခံလိုက်ရပါတယ်။
ပုညစိုင်းကတော့ ဒီပွဲမှာ အနိုင်ရလိုက်တာကြောင့် ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ၇ ပွဲထိုးတာမှာ ၇ ပွဲလုံးနိုင်တဲ့မှတ်တမ်းကို ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၇ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ ဒီဇင်ဘာလ ၁ ရက်ကနေ ၇ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က အရပ်သားသုံးဦးပစ်သတ်ခဲ့တဲ့ အကြောင်း
- ပုလောမှာ စစ်ကောင်စီဖမ်းထားတဲ့ အရပ်သားခြောက်ဦးထဲက တစ်ဦးအသတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေတဲ့အကြောင်း
- ပြတ်တောက်နေတဲ့ အက်တမ်ဖုန်းလိုင်း ဖိုင်ဘာကြိုးပြန်ဆက်ခွင့်ရဖို့ လုပ်နေတဲ့အခြေအနေ
- ထားဝယ်နဲ့ မြိတ်တက္ကသိုလ်မှ နေ့သင်တန်း ပထမနှစ်တက်သူနည်းလာတဲ့ အကြောင်း
- အသုဘအတွက်ဈေးလာဝယ်သူ ထားဝယ်ကမ်းနားဈေးမှာ လုယက်ခံရတဲ့ သတင်း
- ထားဝယ်နဲ့ သရက်ချောင်းကြားရှိ တိုးဂိတ် ဖျက်ဆီးခံရတဲ့အကြောင်း
- သရက်ချောင်းမြို့ရှိစစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတစ်ဦးဒဏ်ရာရသွားတဲ့အခြေအနေ
- လောင်းလုံးက ညီအစ်မနှစ်ဦး ထားဝယ်မြို့မှာ အဖမ်းခံရတဲ့အခြေအနေ
- ကျွန်းစုက ဂျင်း မွေးသူအချို့ အရှုံးပေါ် နေတဲ့အကြောင်း
- ကွမ်းသီးခြောက်ရှားနေလို့ စရံငွေကြိုပေးတဲ့ အဝယ်ဒိုင်များလာတဲ့ အခြေအနေ
- မြိတ်မှာ ဝက်အရှင် ဈေးကောင်းလို့ မွေးသူများလာတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
စိုးလင်းဦးနဲ့ ကိုစောဖြိုးဝေ တို့က ဆက်ခ်ဆန်နဲ့ ထိုးရမယ့်ပွဲဟာ ပွဲမပျက်ဘူး၊ ပွဲထိုးဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပါပြီ။
ONE ဘက်က အတည်ပြုချက် မထုတ်ပြန်သေးပေမယ့် ONE ဘက်က မီးစိမ်းးပြလိုက်လို့ပဲ စိုးလင်းဦးနဲ့ ကိုစောဖြိုးဝေ တို့က ပွဲထိုးဖြစ်တယ်ဆိုတာကို အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့က ကားမတော်တဆမှုဖြစ်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အခုလို ကျန်းမာရေးစိတ်ချရတဲ့အနေအထားဖြစ်လာပြီး ပွဲထိုးခွင့်လည်း ပြန်ရလိုက်တာက စိုးလင်းဦးအတွက် ဝမ်းသာစရာပါပဲ။
ဆက်ခ်ဆန်ကလည်း ဆိုင်ထိုးပြိုင်ထိုးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ စိုးလင်းဦးနဲ့ပဲ ပွဲထိုးချင်နေတာပါ။
ONE ရဲ့ CEO ချတ်ထရီကိုယ်တိုင်ကလည်း စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ ပွဲဟာ ONE 170 ရဲ့ Crazy Fight လို့ကို ပြောထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ပွဲကို ရင်ခုန်ကြရတော့မှာပါပဲ။
မန်ယူ - နော်တင်ဟမ်
မန်ယူအတွက် နိုင်ကိုနိုင်မှဖြစ်မယ့်ပွဲလို့ ပြောရပါလိမ့်မယ်။ ကြးရက်တုန်းက အာဆင်နယ်ကို ရှုံးနိမ့်ထားပြီး အခုပွဲပြီးရင် ကစားရမဉ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူကို စောင့်ကြိုနေတာက မန်စီးတီးနဲ့ စပါးဖြစ်ပါတယ်။
နော်တင်ဟမ်က ကစားပုံ တိုးတက်လာပေမယ့် မန်ယူကို ယှဉ်နိုင်လောက်တဲ့အဆင့်မျိုးတော့ မဟုတ်ပါဘူး။
ကြားရက်တုန်းက အာဆင်နယ်နဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရတဲ့ မိုင်နူးနဲ့ မာတီနက်ဇ်တို့လည်း ဒီပွဲမှာ မန်ယူအတွက် ပွဲထွက်ခွင့်ရှိနေပါပြီ။
အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရဖို့ ရှိနေတာကြောင့် မန်ယူဟာ နိုင်ပွဲနဲ့အတူ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်း လေဆိပ် ၁၅ ခုပျက်စီး
- ဆီးရီးယား အကြီးဆုံးမြို့ကို လက်နက်ကိုင်တွေ သိမ်းပိုက်
- သားဖြစ်သူကို အမေရိကန် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး
- ဂျာမနီက ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၆၈၀ ပေးမယ်လို့ဆို
- အတိုက်အခံတွေနဲ့ ညှိနှိုင်းစရာမရှိလို့ ဂျော်ဂျီယာဝန်ကြီးချုပ်ဆို
- အစ္စရေး-လက်ဘနွန် အပစ်ရပ်စဲမှု အသက်ဝင်နေဆဲလို့ အမေရိကန်ဆို
- အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဂါဇာစစ်ဘေးဒုက္ခသည် တဲပေါ်ကျ၊ အနည်းဆုံး လူ ၂၁ ဦးသေဆုံး
- ဂျပန်ရိုးရာ ဆာကေးအရက် ယူနက်စကိုအမွေအနှစ်အဖြစ် သတ်မှတ်ခံရ
- ဂျပန်တွင် အမျိုးသားတစ်ဦး အခြားသူအိမ်မှာ ငါးနှစ်ကြာ လိုက်အိပ်ခဲ့
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ထိုင်းငါးဖမ်းလုပ်သားလေးဦးကို ပြန်လွှတ်တဲ့အကြောင်း
- ရက် ၂၀ အကြာ ပျောက်နေတဲ့ ထားဝယ်သီလရှင်ဆရာလေးကို ခေါ်သွားသူက ပြန်အပ်လိုက်တဲ့သတင်း
- ကျွန်းစုက ဂျင်း မွေးသူအချို့ အရှုံးပေါ် နေတဲ့အကြောင်း
- ကွမ်းသီးခြောက်ရှားနေလို့ စရံငွေကြိုပေးတဲ့ အဝယ်ဒိုင်များလာတဲ့ အခြေအနေ အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ချိန် အရပ်သားသုံးဦးပစ်သတ်ခံရတဲ့အကြောင်း
- အက်တမ်ဖုန်းလိုင်း ဖိုင်ဘာကြိုးပြန်ဆက်ခွင့်ရဖို့ အက်တမ်ကုမ္ပဏီက ကြိုးစားနေတဲ့အခြေအနေ
- ပျောက်ဆုံးနေတဲ့ ထားဝယ်ဇာတိ သီလရှင်ကို ရှာတွေ့သူအား ကျပ်သိန်း ၅၀ ကျေးဇူးဆပ်မယ်လို့ မိသားစုက ကြေညာထားတာ
- ထားဝယ်မြစ်ထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့တဲ့အကြောင်း
- ထိုင်းရောက်မြန်မာအလုပ်သမားတွေဆီက အခွန် ဘတ်သန်းငါးထောင်ကောက်ခံဖို့ စစ်ကောင်စီက ပြင်ဆင်ထားတာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီဖိုက်တာကတော့ လေဒီဘွိုင်းဖိုက်တာ ပါ။ ထိုင်းကရင်စပ်ဖိုက်တာ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ မြန်မာဖိုက်တာ သိန်းမင်းကို အနိုင်ကစားပြလိုက်လို့ နာမည်ကြီးသွားခဲ့ပါသေးတယ်။ ဒီ ထိုင်းကရင်စပ်ဖိုက်တာ လေဒီဘွိုင်းရဲ့နာမည်က ပက်ချွန်းပူ ပါ။
မိန်းကလေးတစ်ယောက်လို နုဖတ်ချောမောလွန်းလို့ မသိတဲ့သူတွေက သူထိုးတဲ့ပွဲတွေကို ယောက်ျားနဲ့ မိန်းမ ထိုးတဲ့ပွဲလို့တောင် ထင်မှတ်ကြသေးတာပါ။
အခုတော့ ပက်ချွန်းပူကို နောက်ထပ်မြန်မာဖိုက်တာတစ်ယောက်နဲ့ ပွဲတည်ပေးလိုက်ပါပြီ။ ထွန်းမင်းနိုင် ပွဲထိုးရမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ Lumpinee Championship ပြိုင်ပွဲမှာ ပက်ချွန်းပူရဲ့ ပွဲစဉ် ပါဝင်လာမှာပါ။
ပက်ချွန်းပူ ဟာ အခုတစ်ကြိမ်မှာတော့ မြန်မာဖိုက်တာ ကာရီ ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် Lumpinee Championship ပြိုင်ပွဲကြီးရဲ့ ဒုတိယပွဲစဉ်အဖြစ် ပက်ချွန်းပူနဲ့ ကာရီ တို့က အားပြိုင်ကြရမှာပါ။
From the publisher's feed