
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းထဲမှာ အက်တမ်ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အခြေအနေ
- မြိတ်ငါးဖမ်းစက်လှေ မီးလောင်ရာမှာ ဒဏ်ရာရသွားတဲ့ လှေလုပ်သားတစ်ဦး သေဆုံးသွားတဲ့အကြောင်း
- ပုလောက တပိုရွာမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး နေအိမ်တစ်လုံးမီးရှို့ခံရတဲ့ သတင်း
- ရေဖြူမှာ အသက် ၇၀ ကျော်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပက် ပစ်သ-တ်သွားတဲ့အကြောင်း
- ထိုင်းမှာ မြန်မာလုပ်သားတစ်ဦး ကြိတ်စက်ထဲ လက်ဝင်သွားလို့ အရေးပေါ်ကယ်ဆယ်ခဲ့ရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လွယ်ကထုံ မျှောတဲ့ပွဲမှာ Stamp Fairtex ပါဝင်ဆင်နွှဲခဲ့ပါတယ်။ One Championship ရဲ့အချောလေး Stamp Fairtex ပါဝင်ဆင်နွှဲခဲ့တဲ့ လွယ်ကထုံမျှောပွဲဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်တစ်ခုပါ။
တချို့တွေက လွယ်ကထုံမျှောတယ်ဆိုတာ မကောင်းတာတွေ၊ မလိုချင်တာတွေကို မျှောပစ်ပြီး လိုချင်တာကို ပြန်ဆုတောင်းရတာလို့ ပြောပြပါတယ်။
လွယ်ကထုံမျှောပွဲက ထိုင်းနိုင်ငံတစ်ဝှမ်းနဲ့ ထိုင်းနိုင်ငံအနောက်တောင်ပိုင်းကဒေသတွေမှာ အရမ်းပဲ ရေပန်းစားပါတယ်။
ထိုင်းလတွေရဲ့ ၁၂ လမြောက်လရဲ့လပြည့်ညကိုရောက်ရင် လွယ်ကထုံမျှောပွဲကို ကျင်းပလေ့ရှိပါတယ်။
ထိုင်းလူမျိုးတွေဟာ ရွှံ့နဲ့အလှဆင်ထားတဲ့တောင်းတွေကိုပြုလုပ်ပြီး လွယ်ကထုံမျှောကြပါတယ်။
One Championship ရွှေခါးပတ်ဆုရှင် Stamp Fairtex ဟာ လွယ်ကထုံမျှောပွဲမှာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲရင်း လွယ်ကထုံမျှောသွားခဲ့တာပါ။
မြစ်စောင့်နတ်သမီးဆီမှာ ဘယ်လို မကောင်းတာတွေ၊ မလိုချင်တာတွေကို Stamp Fairtex က မျောပါသွားစေကြောင်း ဆုတောင်းပြီး ဘာတွေပြန်ရရှိစေဖို့ ရည်စူးခဲ့လေသလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
ထိုင်းလူမျိုးတွေရဲ့အယူအဆကတော့ ရေစောင့်နတ်ဘုရားမ၊ မြစ်နတ်ဘုရားမ ကြွမ်ခကို ကျေးဇူးတင်တဲ့အနေနဲ့ လွယ်ကထုံမျှောကြတာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ရောက်ရင် ဖိလစ်ပိုင်ဖိုက်တာ ဂျွန်ကော်လန် နဲ့ မြန်မာဖိုက်တာ ပုညစိုင်း ထိုးကြတော့မှာပါ။
ဒီပွဲကို MMA ပွဲစဉ်အဖြစ် ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် Soma Fight Series -13 ပြိုင်ပွဲမှာ မွန်ဖိုက်တာ ပုညစိုင်းဟာ ဖိလစ်ပိုင်ဖိုက်တာဂျွန်ကော်လန်နဲ့ အဓိက ခေါင်ပွဲအဖြစ် ထိုးရမှာပါ။
ဖယ်သာဝိတ်တန်း ၁၄၅ ပေါင်ပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျွန်ကော်လန်က အသက် ၂၃ နှစ်၊ အရပ် ၅ ပေ ၈ လက်မ ရှိပါတယ် ။ပရော်ဖက်ရှင်နယ်ပွဲ ၄ ပွဲထိုးသတ်ထားဖူးပြီး ၂ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ရရှိထားသူဖြစ်ပါတယ်။
မြန်မာကိုယ်စားပြု မွန်ဖိုက်တာပုညစိုင်းကတော့ အသက် ၂၆ နှစ်ပါ။ ပုညစိုင်းရဲ့ထူးခြားချက် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ ရှုံးပွဲ လုံးဝမရှိသေးတာပါပဲ။
MMA ပွဲစဉ် ၆ ပွဲ ထိုးထားမှာ ပုညစိုင်းက ၆ ပွဲလုံး အနိုင်ရရှိထားပါတယ်။
စပို့တင်းလစ္စဘွန်းမှာတုန်းက လိဂ်ပွဲ ၁၀ ပွဲကန်၊ ၁၀ ပွဲလုံး အနိုင်ရခဲ့တဲ့ နည်းပြ အေမိုရင် ဟာ မန်ယူကိုရောက်လာတဲ့ ပထမဆုံးပွဲမှာတင် လိဂ်ပွဲမှာ သရေကျတယ်ဆိုတာ ဒါကို ခေါ်ပါလားလို့ သိခွင့်ရသွားခဲ့ပါပြီ။
အေမိုရင် ဟာ သူ့ရဲ့နာမည်ကျော် ၃-၄-၃ ကစားကွက်နဲ့ပဲ မန်ယူကို အထိုင်ချခဲ့တာပါ။ နောက်တန်းသုံးယောက်အဖြစ် အီဗန်စ်၊ ဒီလစ်နဲ့ မာဇရာဝီတို့ကို တွဲခဲ့တာက သိပ်ပြီး အဆင်မပြေလှပါဘူး။
ကွင်းလယ်မှာ ဒါးလော့တ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုးနဲ့ အာမတ်တို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာတော့ ရတ်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို နည်းပြ အေမိုရင်က ထားရှိသွားခဲ့ပါတယ်။
မန်ယူဟာ အသင်းလိုက်ကစားပုံ မဆိုးခဲ့သည့်တိုင် အစမှာ ဟုတ်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တန်ဟတ်ဂ်လက်ထက်တုန်းကအတိုင်း ဖြစ်ပျက်သွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာဆိုရင် ဂိုးသမား အိုနာနာ ကောင်းလွန်းလို့ကြောင့်သာ မန်ယူက ဂိုးမပေးလိုက်ရတာပါ။
ယာယီနည်းပြ နစ္စတယ်လ်ရွိုင်း လက်ထက်က ပုံစံကောင်းတွေဟာ ဘယ်လိုပျောက်သွားလေသလဲဆိုတာ စဉ်းစားမရအောင် ဖြစ်သွားခဲ့တဲ့ပွဲပါပဲ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်း ဒရုန်းနဲ့ဗုံးချခံရတဲ့အကြောင်း
- ပုလောမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချပြီးနောက် ထိတွေ့ပစ်ခတ်မှု တစ်ရက်လုံးဖြစ်ခဲ့တဲ့အခြေအနေ
- ပုလောက ဇရပ်ဆိပ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ပြီးမြေမြှုပ်ထားတဲ့ သတင်း
- ပုလောမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်မှုများလာတဲ့အကြောင်း
- ထားဝယ်မှာ စပါးပေါ်ချိန် ဈေးကျနေတဲ့ အခြေအနေ
- ငွေလိမ်ခံရတာတွေများလာလို့ အလုပ်မရခင် ငွေကြိုမပေးဖို့ ထိုင်းရောက်မြန်မာတွေကိုတိုက်တွန်းတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့ပေါ်တိုက်ခိုက်မှု အရပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်သားအချို့သေဆုံးသွားပြီး စစ်ကြောင်းထိုးနေတဲ့ အကြောင်း
- စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က လောင်းလုံးဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့တဲ့သတင်း
- အဖမ်းအဆီးများနေတဲ့ ထားဝယ်မြို့ပေါ်မှာ အသက်ကြီးပိုင်း အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ထပ်ဖမ်းခဲ့တဲ့အခြေအနေ
- စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးကြောင့် ရှင်မုတ္ထီးရွာမှာ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့သတင်း
- ဆင်ထိုးကြီးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အကြောင်း
- တနင်္သာရီက ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့ အခြေအနေ
- မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် သားအဖနှစ်ဦး မိုင်းထိလို့ သားဖြစ်သူသေဆုံးသွားတဲ့ အကြောင်း
- မီးလောင်ချောင်းရွာကို စစ်ကောင်စီတပ်စစ်ကူရောက်လာပြီး အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အခြေအနေ
- ဖုန်းတာဝါတိုင်က ဘတ္ထရီတွေကို ပျူစောထီးတွေကဖြုတ်ရောင်းလို့ ဘုတ်ပြင်းရှိ ရွာအချို့မှာ ဖုန်းလိုင်းလချီပြတ်နေတဲ့သတင်း
- ငှက်သိုက်ဈေးကောင်းနေလို့ ဘုတ်ပြင်းမှာ ဇီဝဇိုးငှက်မွေးသူ များလာတဲ့အကြောင်းတွေကို နားဆင်ရမှာပါ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ အနိုင်ရ
- အိန္ဒိယမှာ ဆေးရုံမီးလောင်လို မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး
- လေထုညစ်ညမ်းလို နယူးဒေလီမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ်
- အမေရိကန်က ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီရန် ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်မယ်
- ဟောင်ကောင်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄၅ ဦး ထောင်ဒဏ်ချမှတ်ခံရ
- ရုရှားလက်နက်သိုလှောင်ရုံကို တိုက်ခိုက်နိုင်ဟု ယူကရိန်းဆို
- အိန္ဒိယကုမ္ပဏီတစ်ခုကို အမေရိကန် တရားစွဲ
- အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို ICC ဖမ်းဝရမ်းထုတ်
- ပါကစ္စတန်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံး
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်တဲ့အကြောင်း
- မြိတ်အကျဉ်းထောင်မှာ ပြင်ပကဆေးဝါးပေးပို့တာကို ကန့်သတ်ထားတဲ့အခြေအနေ
- စစ်ကောင်စီတပ်သား ၁၀ ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာတဲ့သတင်း
- ရေး ကိုးမိုင်တံတား မိုင်းခွဲခံရတဲ့အကြောင်း
- ကော့သောင်းဈေးကြီးထဲက နှစ်ထပ်ဆိုင်ခန်း မီးလောင်ခဲ့တဲ့သတင်း
- မဟာချိုင်စက်ရုံက ထိုင်းအမျိုးသမီးနှစ်ဦး မြန်မာလုပ်သားတွေထံက ဘတ်ငွေသိန်း ဆယ်ချီလိမ်သွားတဲ့အကြောင်းနဲ့
- ရွှေနဲ့ ဘတ်ဈေးသတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ မြန်မာဖိုက်တာ ထွန်းမင်းအောင် ပွဲထိုးရပါတော့မယ်။
ထွန်းမင်းအောင်ဟာ တက်သစ်စ မော်ရိုကိုဖိုက်တာနဲ့ ထိုးရမှာပါ။ မော်ရိုကိုဖိုက်တာလေးဟာ အခုမှပဲ ONE ပွဲ စထိုးဖူးတာဖြစ်ပါတယ်။
ဒီတော့ ထွန်းမင်းအောင်အတွက် လွယ်ကူတဲ့ပွဲစဉ်မျိုး ဖြစ်လာနိုင်လောက်တယ်လို့ တွေးထားရင် အဲ့ဒီအတွေးကို ချက်ချင်းပဲ မေ့ဖျောက်ပစ်လိုက်တာက အကောင်းဆုံးပါပဲ။
ဘာကြောင့်လဲဆိုတော့ ထွန်းမင်းအောင်နဲ့ ပေးတွေ့လိုက်တဲ့ မော်ရိုကိုဖိုက်တာလေးဟာ ဒေသတွင်းမှာ မွေထိုင်းနဲ့ပတ်သက်ပြီး နာမည်ကောင်းရရှိထားပြီးသူ ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။
ဒီနေ့ကျင်းပမယ့် ONE Friday Fights 88 ရဲ့စတုတ္ထမြောက်ပွဲစဉ်အဖြစ် ထွန်းမင်းအောင်နဲ့ ဇာဟီဒီတို့က ထိုးကြမှာဖြစ်ပါတယ်။
Catchweight တန်းပွဲအဖြစ် ထိုးကြရမှာပါ။ ခေသူမဟုတ်တဲ့ မော်ရိုကိုဖိုက်တာလေးကို မြန်မာဖိုက်တာလေး ထွန်းမင်းအောင်က ရလဒ်ကောင်းရအောင် ထိုးပြနိုင်လေမလားဆိုတာ ရင်ခုန်ကြရမယ့်ပွဲစဉ်ပဲ ဖြစ်ပါတယ်။
From the publisher's feed