Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • နိုဝင်ဘာလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့မှာ အသက်ကြီးပိုင်းအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း


    - ထားဝယ်မြို့မှာ ကလေးတွေ ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များနေတာ


    - လောင်းလုံးမြို့နယ်က ကျေးရွာ ၇ ရွာလောက်မှာ စစ်ရဟတ်ယာဉ်တွေလာဝဲနေလို့ ဒေသခံတွေစိုးရိမ်နေတဲ့အခြေအနေ


    - ပုလောမြို့နယ် ဇရပ်ဆိပ်ရွာမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အကြောင်း


    - ကမြောကင်းတံတားအနီးက ယာဉ်တိုက်မှုမှာ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တာ


    - ဘုရားသုံးဆူမြို့မှာ ဝန်ထမ်းမိသားစုဝင်သုံးဦး ဖမ်းဆီး အသတ်ခံလိုက်ရတဲ့အကြောင်း


    - အဏုမြူလက်နက်ပိုင်တဲ့နိုင်ငံတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တရုတ်က တိုက်တွန်းလိုက်တာ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • နိုဝင်ဘာလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့မှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတဲ့နေရာနား နေထိုင်သူတွေကို အဓမ္မပြောင်းခိုင်းတဲ့သတင်း


    - ဆင်ထိုးကြီးရွာနားမှာ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေ


    - စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရှင်မုတ္ထီးရွာခံအမျိုးသမီးတစ်ဦး သေဆုံးသွားတဲ့သတင်း


    - တနင်္သာရီက ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့ အခြေအနေ


    - ဘန်ကောက်နားက နခွန်ပထုံမှာ ကားမှောက်လို့ မြန်မာခုနစ်ဦး သေဆုံးသွားတဲ့ သတင်းနဲ့အတူ


    - ထိုင်းမှာ မြန်မာ၂၀ ကျော်အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • နိုဝင်ဘာလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်ပစ်ခတ်မှုမှာ အရပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်သားအချို့သေဆုံးသွားတဲ့အကြောင်း


    - လောင်းလုံးက ထိန်တွင်းရွာမှာ ရွာသားတစ်ရာနီးပါး ဖမ်းဆီးစစ်ဆေးခံရပြီး အိမ်တွေဖောက်ထွင်းခံရတဲ့အခြေအနေ


    - စစ်ကောင်စီတပ်သားခြောက်ဦး ဒေါနစစ်ကြောင်းဆီ ဘက်ပြောင်းခိုလှုံတဲ့သတင်း


    - ပွဲတော်ကာလ သစ်သီးရောင်းအားကောင်းပေမယ့် မြိတ်ကဆိုင်တွေ တွက်ခြေမကိုက်တဲ့အကြောင်း


    - အမေရိကန်လုပ်တာဝေးပစ်ဒုံးကျည်နဲ့ ယူကရိန်းရဲ့တိုက်ခိုက်မှုက တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ ရုရှားက ပြောဆိုလိုက်တဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်

    ပြည်သူပေးတဲ့ ခွန်အားဗလတွေနဲ့ တိုက်ပွဲဝင်နေသူတွေကကော အဲဒီ ဗလ ကို မှန်မှန်ကန်အသုံးချနိုင်ရဲ့လား။


    ဗလ လို့ဆိုရမယ့် ဗိုလ် တွေက ကော နည်းမှန်လမ်းမှန်နဲ့ တော်တည့်တရားတဲ့ အလုပ်တွေ လုပ်နေနိုင်ရဲ့လား။


    ဗိုလ်ချုပ်အောင်ဆန်းကတော့ မှာခဲ့တယ်။ ငါတို့ဟာ အသက်ပေးသူဖြစ်လို့ အခွင့်ထူးခံဖြစ်တယ် မပြောအပ်တဲ့။ အခုကော ဘယ်လိုလဲ။

    9 min
  • နိုဝင်ဘာလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့အကြောင်း


    - မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် သားအဖနှစ်ဦး မိုင်းထိလို့ သားဖြစ်သူသေဆုံးသွားတဲ့ အကြောင်း


    - ပျူစောထီးတွေက ဖုန်းတာဝါတိုင်ဘတ္ထရီဖြုတ်ရောင်းလို့ ဘုတ်ပြင်းကရွာအချို့မှာ ဖုန်းလိုင်းလချီပြတ်နေတဲ့ သတင်း


    - မီးလောင်ချောင်းရွာကို စစ်ကောင်စီတပ်စစ်ကူရောက်လာပြီး‌ အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အခြေအနေ


    - ဘုတ်ပြင်းမှာ ဇီဝဇိုးငှက်မွေးသူ များလာတဲ့အကြောင်း


    - ဘန်ကောက်က မြန်မာလုပ်သားတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းဆုပေါက်သွားတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    7 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေ ဆေးဝါး၊ အနွေးထည်နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း


    - မြိတ်နဲ့ တနင်္သာရီမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတဲ့အခြေအနေ


    - စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာလို့ ပုလောဒေသခံတွေ ထွက်ပြေးနေရတဲ့အခြေအနေ


    - ကော့သောင်းမှာ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရတဲ့အကြောင်း


    - ကော့သောင်းမှာ အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့သတင်း


    - ထားဝယ်ရေနက်ဆိပ်ကမ်းက ထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲခံရတဲ့အကြောင်း


    - ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က အမျိုးသားလေးဦးကိုဖမ်းဆီးပြီး နေအိမ်တွေကို စစ်ဆေးရှာဖွေခဲ့တဲ့အခြေအနေ


    - ထားဝယ်က စစ်ရှောင်အမျိုးသမီးကြီးတစ်ဦး ထိုင်းကို အောက်လမ်းကသွားချိန် အမောဖောက် သေဆုံးသွားတဲ့ အကြောင်း


    - လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး မြို့ခံတစ်ဦးဒဏ်ရာရသွားတဲ့သတင်း


    - တနင်္သာရီမှာ သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးလိုက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာ


    - အခါလွန်မိုးကြောင့် ဆားထုတ်လုပ်မှုလုပ်ငန်း မစနိုင်သေးတဲ့အခြေအနေ တွေကို နားဆင်ရမှာပါ။

    14 min
  • ဂျိတ်ခ်ပေါလ်ကို ယှဉ်မထိုးနိုင်ခဲ့တဲ့ မိုက်တိုင်ဆန် အမှတ်နဲ့ အရှုံးပေးလိုက်ရပြီ

    အားပေးသူတွေ စိတ်ဝင်တစားရှိခဲ့တဲ့ ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန်တို့ရဲ့ ပွဲစဉ်က မျှော်မှန်းထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး။


    မိုက်တိုင်ဆန်ဟာ အသက် ၅၈ နှစ်အရွယ်နဲ့ ထိုးရတာဖြစ်လို့ ပွဲချီတစ်ချီပြီးလို့ နောက်တစ်ချီဆီရောက်တာနဲ့ အကျဘက်ဆီကို ရောက်သွားခဲ့တာမြင်ခဲ့ရပါတယ်။


    YouTuber ဂျိတ်ခ်ပေါလ်ကလည်း ငယ်ဂုဏ်မာဂုဏ်ပဲ ရှိတာပါ။ ဝါနဲ့ သမ္ဘာမှာတော့ မိုက်တိုင်ဆန်ကို ယှဉ်မရခဲ့ပါဘူး။ ဒါကြောင့်လည်း အလဲမထိုးနိုင်ခဲ့ဘဲ အမှတ်ဆုံးဖြတ်ချက်နဲ့သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။


    အထူးသဖြင့် မျက်နှာကို မကာဘဲ ဖွင့်ထိုးခဲ့တဲ့ ဂျိတ်ခ်ပေါလ်ရဲ့လုပ်ရပ်ဟာ မိုက်တိုင်ဆန် ငယ်တုန်းရွယ်တုန်းကဆိုရင် မိုက်တိုင်ဆန်ရဲ့လျင်မြန်လှတဲ့လက်သီးချက်တွေကြောင့် ဖူးယောင်သွားမှာပါ။


    အခုတော့ ဇရာအိုအရွယ်ရောက်နေပြီဖြစ်တဲ့ မိုက်တိုက်ဆန်ရဲ့လက်သီးမြန်နှုန်းနဲ့ လက်သီးပြင်းအားက အများကြီး လျော့ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။


    ဒါကြောင့်လည်း ဂျိတ်ခ်ပေါလ်က ခုသာခံသာဖြစ်သွားခဲ့တာပါ။

    3 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - အစ္စရေးဘောလုံးပရိသတ်တွေ နယ်သာလန်မှာ တိုက်ခိုက်ခံရ


    - ပါကစ္စတန် ဘူတာရုံ တိုက်ခိုက်ခံရမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး


    - ဘာလင်တံတိုင်းကြီး ဖြိုချခဲ့တာ ၃၅ နှစ်ပြည့်ပြီ


    - တရုတ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး


    - သမ္မတဂျိုးဘိုင်ဒန်က အာဏာလွှပြောင်းရေး ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ


    - အမေရိကန် လွှတ်တော်နှစ်ရပ်စလုံး ရီပတ်ဘလင်ကန်ပါတီ အများစုအနိုင်ရ


    - အစ္စရေးက ဆီးရီးယားစစ်သွေးကြွအဖွဲကို လေကြောင်းက တိုက်ခိုက်


    - Facebook ကို ဒေါ်လာ သန်း ၈၀၀ ကျော် အီးယူဒဏ်ခတ်


    - ဥရောပ ဂီတဆုပေးပွဲ Taylor Swift ဆုအများဆုံးရ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    9 min
  • စိုးလင်းဦးကို နိုင်သွားတဲ့ နာဘီးလ်ကို ONE က ကစ်ဘောက်ဆင်ချန်ပီယံဟောင်းနဲ့ ထိုးခိုင်းလိုက်ပြီ

    နာဘီးလ် ကို ONE က ဒီဇင်ဘာလမှာ ပွဲထိုးဖို့အတွက် ပွဲတည်ပေးလိုက်ပါပြီ။


    ဒီဇင်ဘာလ ၆ ရက်၊ သောကြာနေ့မှာ ကျင်းပမယ့် One Fight Night ပြိုင်ပွဲကြီးမှာ ဘင်တမ်ဝိတ်တန်း ကစ်ဘောက်ဆင်ပွဲအဖြစ် နာဘီးလ်က ထိုးရတော့မှာပါ။


    ဒီပွဲဟာ နာဘီးလ်ရဲ့ကစားသမားဘဝတလျှောက် ပထမဆုံးထိုးရမယ့် ကစ်ဘောက်ဆင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။


    စိုးလင်းဦး ကို နိုင်ခဲ့တဲ့ပွဲတုန်းက အရပ်အမောင်းအားသားချက်၊ ခြေတံလက်တံအားသားချက်တွေကို ပွဲအစကနေ အဆုံးအထိ မြိုင်မြိုင်ဆိုင်ဆိုင် သုံးသွားခဲ့တဲ့ နာဘီးလ် ရင်ဆိုင်ရမယ့်သူက ကစ်ဘောင်ဆင် ရွှေခါးပတ်ချန်ပီယံဟောင်း ပက်ချ်တာနွန် ဖြစ်ပါတယ်။


    ထိုးရမှာက ကစ်ဘောက်ဆင်နည်း၊ ထိုးရမယ့်ပြိုင်ဘက်က ကစ်ဘောက်ဆင်ချန်ပီယံဟောင်းဖြစ်နေလို့ နာဘီးလ်အတွက် လုံးဝကို မလွယ်နိုင်တော့ပါဘူး။

    5 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။