Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • နိုဝင်ဘာလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ် မောင်မယ်ရှောင်ရွာက စစ်ဘေးရှောင်အမျိုးသမီးကြီးတစ်ဦး ထိုင်းကိုသွားချိန် လမ်းမှာအမောဖောက်သေဆုံးတဲ့အကြောင်း


    - ကံပေါက်မှာ မောရဝတီရေတပ်က ဖမ်းသွားသူ သုံးဦးထဲက အမျိုးသားတစ်ဦးပြန်လွတ်လာတဲ့သတင်း


    - မုဒုံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်သုံးဦးသေဆုံးခဲ့တဲ့သတင်း


    - ထိုင်းနိုင်ငံမှာ မြန်မာအချင်းချင်း ဓားပြတိုက်လုယက်ခံရမှုကြောင့် ကားသမားနှစ်ဦးသေဆုံးခဲ့တဲ့သတင်း


    - ထိုင်းသံရုံးက အလည်အပတ်ဗီဇာ တင်းကျပ်လာသဖြင့် တနင်္သာရီတိုင်းက အေးဂျင့်အချို့ ဗီဇာဝန်ဆောင်မှုရပ်လာတဲ့အကြောင်း


    - ရွှေနဲ့ ဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • နိုဝင်ဘာလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တိုင်းထဲက စစ်ရှောင်တွေ ဆေးဝါး၊ အနွေးထည်နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အရေးပေါ်လို


    - ထားဝယ်အကျဉ်းထောင်ထဲ အစားအသောက်တွေကို လျှော့ချကျွေးမွေး


    - တနင်္သာရီတိုင်းထဲ တန်ဆောင်တိုင်ကာလ ဘုရားပွဲတွေ စည်စည်ကားကား ကျင်းပလာ


    - ကြက်စားပြင်ရပ်ကွက် ဒေသခံလေးဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး


    - ကံပေါက်ရွာက အမျိုးသားသုံးဦးကို မောရဝတီရေတပ်က ဖမ်းဆီး


    - တနင်္သာရီမြို့နယ်မှာ သန်းခေါင်းစာရင်းကောက်ဖို့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ


    - ထားဝယ်ရေနက်ဆိပ်ကမ်းက ထွက်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန် ထိုးမယ့်ပွဲကတော့ ကြည့်ကောင်းဖို့ ရှိနေပြီ

    မြန်မာစံတော်ချိန် လာမယ့် နိုဝင်ဘာလ ၁၆ ရက်၊ စနေနေ့ မနက် ၅ နာရီရောက်ရင် ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန် တို့ ပါဝင်တဲ့ လက်ဝှေ့ပွဲကြီးကို ကျင်းပတော့မှာပါ။


    အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မှာရှိတဲ့ AT&T အားကစားကွင်းကြီးထဲမှာ ဒီပွဲကို ကျင်းပသွားမယ်လို့ သိရှိရပါတယ်။


    ဒါဟာ အမေရိကန်ဖွတ်ဘောကလပ် ဒဲလ်လတ်စ်ကောင်းဘွိုင်အသင်းပိုင်ဆိုင်တဲ့အားကစားကွင်းကြီးလည်းဖြစ်ပါတယ်။


    အဲ့ဒီပွဲစဉ်မှာ တွဲဆိုင်းပေါင်း ၇ ဆိုင်းတောင် ပါဝင်မှာပါ။ ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန်တို့ကတော့ Main Event ခေါင်ပွဲစဉ်အဖြစ် ထိုးကြမှာဖြစ်ပါတယ်။


    ပွဲချီတစ်ချီကို ပွဲချိန် နှစ်မိနစ်စီ ကြာမြင့်မှာဖြစ်ပြီး ၈ ချီပွဲအဖြစ် ထိုးသွားမှာပါ။ ဒီပွဲမှာ ၁၄ အောင်စ လေးတဲ့ ဘောက်ဆင်လက်အိတ်ကိုဝတ်ဆင်ပြီး ထိုးရမယ်လို့ သိရှိရပါတယ်။


    ဟဲဗီးဝိတ်တန်းလက်ဝှေ့ပြိုင်ပွဲတွေမှာ ပုံမှန်အားဖြင့် ၁၀ အောင်စလေးတဲ့လက်အိတ်ကို ဝတ်ဆင်ပြီး ထိုးကြရပေမယ့် ဒီပွဲမှာတော့ ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန်တို့ကတော့ ပိုလေးတဲ့လက်အိတ်တွေကို ဝတ်ဆင်ပြီး ထိုးကြတော့မှာပါ။

    5 min
  • နိုဝင်ဘာလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး မြို့ခံတစ်ဦးဒဏ်ရာရသွားတဲ့သတင်း


    - ကျွန်းစုဒေသထွက်ပုစွန်ခြောက်ဈေး နှစ်ဆကျော်မြင့်တက်လာတဲ့အကြောင်း


    - မိုးကြောင့် ဆားထုတ်လုပ်မှုလုပ်ငန်း မစနိုင်သေးတဲ့အခြေအနေ


    - စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ တဲ့သတင်း


    - ချင်းမိုင်မှာ ဓားနဲ့ ဗျောက်အိုးတွေ ကိုင်ဆောင်ထားတဲ့ မြန်မာလူငယ် ၄ ဦးအဖမ်းခံရတဲ့အကြောင်း


    - ထိုင်းမှာ မြန်မာ ၃၀ကျော် အဖမ်းခံရတဲ့အကြောင်း


    တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • နိုဝင်ဘာလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာလို့ ပုလောဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း


    - ထားဝယ်မှာ ကားထဲပိတ်မိနေတဲ့ ယာဉ်မောင်းကို ကယ်ဖို့ကြိုးစားသူ ဓာတ်လိုက်ပြီး ဒဏ်ရာရသွားတာ


    - ပွင့်လင်းရာသီအစမှာ မြိတ်ဒေသထွက် ရာသီပေါ်သီးနှံတွေ ဈေးကောင်းရနေတဲ့ သတင်း


    - ကော့သောင်းမှာ အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့အကြောင်း


    - ရနောင်းမြို့ ရနောင်းဌာနီဈေးနားက ၄ လွှာတိုက်တန်း မီးလောင်ခဲ့တဲ့အခြေအနေ


    - ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရတဲ့အကြောင်း


    တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • နိုဝင်ဘာလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်း အိမ်‌ခြံမြေအသင်းဥက္ကဋ္ဌကို စစ်ကောင်စီက ဖမ်းဆီးပြီးတရားစွဲထားတဲ့ အခြေအနေ


    - ရေဖြူမှာ ရော်ဘာခြံသွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးဒဏ်ရာရသွားတဲ့အကြောင်း


    - စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့  မူးဒူးရွာခံနှစ်ဦး ပြန်လွတ်


    - မြိတ်မြို့မှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတဲ့အခြေအနေ


    - တနင်္သာရီတိုင်းမှာ အခုအပတ် မိုးဆက်ရွာအုန်းမယ့်အကြောင်း


    - လောင်းလုံးက တောမိုးတောင်မှာ အလှူလာတဲ့ကား သစ်ပင်ဝင်တိုက်မိပြီး ၁၄ ဦး ဒဏ်ရာရသွားတဲ့သတင်း


    - ဇီဝဇိုးငှက်ချေး ဈေးကောင်းရနေတဲ့ အကြောင်း


    တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • အောင်လအန်ဆန်းရဲ့သူငယ်ချင်းကို အနိုင်ယူပြလိုက်တဲ့ ရိုင်နီရာ ဒီရစ်ဒါ

    UFC Fight Pass ပြိုင်ပွဲမှာ ရိုင်နီရာ ဒီရစ်ဒါကတော့ အဖွင့်လှသွားခဲ့ပါပြီ။


    ONE မှာတုန်းက အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့တဲ့ နယ်သာလန်ဖိုက်တာ ရိုင်နီရာ ဒီရစ်ဒါ ဟာ အခုပွဲစဉ်မှာ အောင်လအန်ဆန်းရဲ့သူငယ်ချင်း ဂျရယ် မီယာချားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။


    ONE မှာတုန်းက နာမည်ကောင်းရရှိထားတဲ့ ရိုင်နီယာ ဒီရစ်ဒါ ဟာ UFC ခရီးလမ်းအစမှာပဲ ဒုခေါင်ပွဲစဉ်ကို ထိုးခွင့်ရခဲ့တာဖြစ်ပါတယ်။


    အောင်လအန်ဆန်းရဲ့သူငယ်ချင်း ဂျရယ် မီယာချား ဟာ ရိုင်နီရာ ဒီရစ်ဒါ ကို မယှဉ်နိုင်ခဲ့ပါဘူး။


    ရိုင်နီရာ ဒီရစ်ဒါ ဟာ ဂျရယ် မီယာချား ကို ပွဲစကတည်းက လက်ရည်အသာစီးနဲ့ ထိုးသွားခဲ့တာဖြစ်ပါတယ်။


    တတိယပွဲချီအရောက်မှာတော့ ရိုင်နီရာ ဒီရစ်ဒါက ချုပ်ကွက်နဲ့အနိုင်ယူပြီး ပွဲသိမ်းသွားခဲ့ပါတယ်။

    2 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၉ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    7 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၃ ရက်ကနေ ၉ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့မှာပါလို့ ဖမ်းထားတဲ့ ဝန်ထမ်း၇ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း


    - လောင်းလုံးတောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေတဲ့ အခြေအနေ


    - ထားဝယ်မြို့ပေါ်မှာ လုယက်မှုဖြစ်သွားတဲ့သတင်း


    - ထားဝယ်မြို့နယ်က လောင်းကစားဝိုင်းကို PDF က ဝင်ဖမ်းပြီး ပျူစောထီးနေအိမ်တွေကို မီးရှို့ခဲ့တဲ့အကြောင်း


    - ပုလောက ကျေးရွာအုပ်စုတစ်ခုမှာ စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးပြန်ဖွဲ့နေတဲ့အခြေအနေ


    - လူဆယ်ချီသေဆုံးခဲ့တဲ့ ကျောက္ကာပင်လယ်ပြင်မှာနစ်မြုပ်ခဲ့တဲ့ စက်လှေ ပြန်တွေ့တဲ့ အကြောင်း


    - တနင်္သာရီက ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်း


    - တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေကြတဲ့အခြေအနေ


    - ကော့သောင်းက စစ်ကောင်စီခန့် အမျိုးသမီးရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရတဲ့ အကြောင်းသတင်းတွေကို နားဆင်ရမှာပါ။

    12 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - စပိန်ရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ


    - အစ္စရေးက ကုလသမဂ္ဂအေဂျင်စီနဲ့ အဆက်အသွယ်ဖြတ်


    - ကနေဒါမှာ ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရ


    - ရုရှားရောက် မြောက်ကိုရီယားတပ်တွေ ပြန်ရုတ်သိမ်းဖို့ တောင်ကိုရီးယားနဲ့ ဥရောပသမဂ္ဂတောင်းဆို


    - ဆီရီးယားရှိ ဟစ်ဘိုလာဌာနခွဲကို အစ္စရေးက လေကြောင်းတိုက်ခိုက်


    - မြောက်ကိုရီးယားတပ်နဲ့ ယူကရိန်းတပ်ကြား တိုက်ပွဲဖြစ်


    - လက်ဘနွန်မြို့တော်ကို အစ္စရေး လေကြောင်းက တိုက်ခိုက်


    - အမေရိကန် ရွေးကောက်ပွဲ ဒေါ်နယ်ထရပ်အနိုင်ရ၊ ကယ်မလာဟဲရစ်က အရှုံးကို လက်ခံ


    - ဖိလစ်ပိုင်က ပြင်သစ် ကင်းလှည့် အမြန်ရေယာဉ် ၄၀ ကို ဝယ်ယူမယ်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။