Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • အောက်တိုဘာလ ၃၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပုလောမှာ ရက်ရှည်စစ်ကြောင်းထိုး‌နေလို့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အကူအညီလိုအပ်လာတဲ့သတင်း


    - ကွမ်းသီးနု ရာသီကုန်ချိန် ဈေးပြန်ကျလာတဲ့သတင်း


    - မိုးနှောင်းကာလ သုံးနှစ်ဆက် မိုးကောင်းနေလို့ တနင်္သာရီတိုင်းက တောင်သူများ အခက်ကြုံလာရတဲ့အခြေအနေ


    - လောင်းလုံးလဝကရုံးရှေ့ စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးပစ်သ တ်ခံရတဲ့အကြောင်း


    - ရော်ဘာတင်ပို့မှု ထိုင်းနှင့် အင်ဒိုနီးရှားထက် အိုင်ဗရီကို့စ် ခြေလှမ်းပိုသွက်လာတဲ့သတင်း


    - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • အောက်တိုဘာလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရေဖြူမြို့နယ်က ညင်းထွေးရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့သတင်း


    - သရက်ချောင်း ဥတ္တူရွာမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုဖမ်းပြီး နေအိမ်သုံးလုံးမီးရှို့ခဲ့တဲ့အခြေအနေ


    - ပေါင်မြို့နယ်မှာ ရေလုပ်သား ၅၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အကြောင်း


    - နှစ်ရှည်ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် လူငါးသိန်းလောက်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီး ထိုင်းအစိုးရက ဆုံးဖြတ်တဲ့သတင်း


    - ဘန်ကောက်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်လို့ ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့အတူ


    - ဘတ်နဲ့ ရွှေဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • အောက်တိုဘာလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာနားမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ကားတွေပိတ်မိနေတဲ့အကြောင်း


    - ပုလောမှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သားနှစ်ဦးကို ပစ်သ တ်ခဲ့တဲ့ သတင်း


    - ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရဲ့ စံအိမ်ကို တော်လှန်ရေးပြတိုက်အဖြစ် ပြောင်းတော့မယ့်အကြောင်း


    - ဘန်ကောက်နားမှာ မြန်မာအမျိုးသမီးတစ်ဦးအသ တ်ခံရပြီး လက်ဝတ်လက်စားတွေပျောက်ဆုံးနေတဲ့ အခြေအနေ


    - မန်ယူနည်းပြကို ရာထူးထုတ်ပယ်လိုက်တဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ငွေလဲနှုန်းထားအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • အောက်တိုဘာလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ဘေးရှောင်နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး ဆိုင်ကယ်တွေ ယူဆောင်သွားတဲ့အကြောင်း


    - တနင်္သာရီက လယ်သစ်နဲ့ သိန္ဓောရွာကို စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်း


    - ကြာအင်းဆိပ်ကြီးကို လေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရသွားတဲ့ အခြေအနေ


    - ထိုင်းမှာ ဓါတုစက်ရုံပေါက်ကွဲလို့ မြန်မာလုပ်သားနှစ်ဦးသေဆုံးခဲ့တဲ့အကြောင်း အပါအဝင်


    - ထိုင်းဘတ်ငွေလဲနှုန်းထားနဲ့ အခေါက်ရွှေဈေးအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ အောက်တိုဘာလ ၂၆ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • ဆက်ဆန်ကို အနိုင်ထိုးနိုင်ရင် အမေရိကန်ဒေါ်လာတစ်သိန်းလောက်ရဖို့ ရှိနေတဲ့ စိုးလင်းဦး

    ONE 170 မှာ ပါဝင်နေတဲ့ စိုးလင်းဦးနဲ့ ဆက်ဆန်တို့ရဲ့ ပွဲက စိတ်ဝင်စားစရာကောင်းနေပါတယ်။


    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Impact Arena မှာ ကျင်းပမယ့် ONE 170 ပြိုင်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်မှာ ကျိန်းသေပါပဲ။


    ဒီပြိုင်ပွဲကို ONE ဘက်က အမေရိကမှာတောင် အခမဲ့ပြသဖို့ စီစဉ်ထားတာပါ။ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ရှိနေတဲ့ ဇာတ်ကားကိုလည်း ဒီပြိုင်ပွဲကြီးထဲမှာ ထည့်သွင်းရိုက်ကူးသွားဖို့ ရှိနေပါတယ်။


    အဲ့ဒီလိုပြိုင်ပွဲမျိုးမှာ စိုးလင်းဦး ထည့်သွင်းနေရာပေးခံရတယ်ဆိုတော့ ONE ဘက်က စိုးလင်းဦးကို ဘယ်လောက်အထိ မျှော်လင့်ထားသလဲဆိုတာ အသိသာကြီးပါပဲ။


    အခုတော့ ဒီပြိုင်ပွဲရဲ့ဘောနပ်စ်ဆုကြေးက အမေရိကန် ဒေါ်လာ ငါးသောင်းလောက် ဖြစ်နိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။


    ဒါကြောင့် ဒီပွဲကို အနိုင်ရတဲ့သူဟာ ပြိုင်ပွဲထိုးကြေးနဲ့ ဘောနပ်စ် နှစ်ခုပေါင်းပြီး အမေရိကန်ဒေါ်လာ တစ်သိန်းလောက် ရရှိသွားတော့မှာပါ။

    3 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ အောက်ဘာလ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

     

    ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့.........


    - ကျောက္ကာလှေမြုပ်မှု ၇၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၁၇ လောင်းဆယ်ယူရရှိတဲ့အခြေအနေ


    - ရက်ရှည်တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ ပုလော-မြိတ် ပြည်ထောင်စုလမ်းပြန်ဖွင့်လိုက်တဲ့ အကြောင်း


    - လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးခဲ့တဲ့ ရှစ်ရက်အတွင်း ဒေသခံငါးဦးသေဆုံးခဲ့တဲ့ အခြေအနေ


    - အရပ်သားခြောက်ဦး သတ်ဖြတ်ခံရမှု စုံစမ်းစိစစ်နေတယ်လို့ KTLA တုံ့ပြန်တဲ့သတင်း


    - ထားဝယ်အကျဥ်းထောင်က နိုင်ကျဥ်းတစ်ဦး လေဖြတ်လို့ဆေးကုနေချိန် သေဆုံးသွားတဲ့အကြောင်း


    - ထားဝယ်မြစ်ထဲ စက်သုံးဆီဘောပေါက်ကွဲမီးလောင်လို့ သေဆုံးသူကိုးဦးအထိရှိလာတဲ့ သတင်း


    - ထားဝယ်ဒေသမှာ တောရှင်းခ ဈေးတက်လာတဲ့အကြောင်း သတင်းတွေကို နားဆင်ရမှာပါ။

    12 min
  • ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မြောက်ကိုရီးယား ခြေစွာနေပြန်ပြီ

    ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်းက အုပ်စုဗိုလ်နေရာကို ရယူပြီး နောက်တစ်ဆင့်ဆီ တက်သွားခဲ့ပါပြီ။


    မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စုအဆင့်မှာ မက္ကဆီကို,ကို လေးဂိုး တစ်ဂိုး၊ ကင်ညာကို သုံးဂိုး ဂိုးမရှိ၊ အင်္ဂလန်ကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ရယူခဲ့တာပါ။


    ကွာတားဖိုင်နယ်မှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ပိုလန် ဖြစ်ပါတယ်။


    တခြား ကွာတားဖိုင်နယ်ပွဲစဉ် ၃ ပွဲမှာ ဂျပန်နဲ့ အင်္ဂလန်၊ စပိန်နဲ့ အီကွေဒေါ၊ နိုင်ဂျီးရီးယားနဲ့ အမေရိကန်တို့ ဆုံတွေ့နေပါတယ်။


    မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ ကွာတားဖိုင်နယ်မှာ ပိုလန်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ အမေရိကန်တို့ရဲ့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

    2 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကင်းလှည့်မှု သဘောတူညီမှုရ


    - စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ သား ဗြိတိန်မှာ နိုင်ငံရေးခိုလှုံ


    - အီရန်ကို အစ္စရေးက တိုက်ခိုက်မယ့် အစီအစဉ် ပေါက်ကြား


    - ဘင်္ဂလားဒေ့ရှ်သမ္မတ နှုတ်ထွက်ပေးရေး ကျောင်းသားတွေ ဆန္ဒပြ


    - ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် အနည်းဆုံး ၂၀ ဦး သေဆုံး


    - အင်ဒိုနီးရှားက ပင်လယ်ပြင်တိုင်းတာနေစဉ် တရုတ်သင်္ဘောက ဝင်နှောက်ယှက်


    - အမေရိကန်က ပါလက်စတိုင်းကို ဒေါ်လာ ၁၃၅ သန်း ထပ်ကူညီမယ်


    - မြောက်ကိုရီးယားတပ်သားတွေ ရုရှားကို စေလွှတ်နေလို့ အမေရိကန် အတည်ပြု


    - တာဇံမင်းသား Ron Ely အသက် ၈၆ နှစ်မှာ ကွယ်လွန်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    9 min
  • အောက်တိုဘာလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကထိန်ရာသီ ထားဝယ်မှာ ကြက်သွန်နီစျေးတက်လာတဲ့အကြောင်း


    - မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းတွေဖမ်းနေလို့ အရောင်းရပ်ဆိုင်းလာတဲ့သတင်း


    - လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းသွားတဲ့ အမျိုးသမီးတစ်ဦး နှစ်ပတ်ကြာတဲ့အထိ သတင်းအစအနမရပျောက်ဆုံးနေတဲ့သတင်း


    - စစ်ကောင်စီက နိုင်ငံခြားငွေရဖို့ ထိုင်းရောက် MoU လုပ်သားတွေကို အေဂျင်စီတွေကတစ်ဆင့် ဖိအားပေးတာတွေလုပ်ဆောင်နေတဲ့အကြောင်း


    - ရွှေနဲ့ ဘတ်ဈေးသတင်း အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။