Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဒီပွဲနိုင်လို့ ဘောနပ်စ်ရရင် မိဘတွေကို အိမ်ဆောက်ပေးသွားမယ်လို့ ပြောလိုက်တဲ့ မြန်မာဖိုက်တာ ဆွန်ရက်

    မြန်မာဖိုက်တာ ဆွန်ရက် ဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာထိုးရမယ့်ပွဲ အနိုင်ရပြီး ဘောနပ်စ် ရရှိခဲ့ရင် အဲ့ဒီငွေတွေနဲ့ သူ့မိဘတွေကို အိမ်ဆောက်ပေးဖို့ စိတ်ကူးရှိနေပါတယ်။


    ONE မှာသာ အခွင့်အရေးတွေ မရခဲ့ဘူးဆိုရင် သူ့အနေနဲ့ ဒီလိုဖြစ်လာဖို့က မလွယ်လောက်ဘူးလို့လည်း ဆွန်ရက်က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။


    ဆွန်ရက်ဟာ အခုမတိုင်ခင် ထိုးခဲ့တဲ့ နှစ်ပွဲမှာ အနိုင်ရရှိခဲ့လို့ အဲ့ဒီကနေ ရရှိတဲ့ ဘောနပ်စ်ဆုကြေးတွေနဲ့ မိဘတွေအတွက် မြေကွက်တွေ ဝယ်ထားပြီးပါပြီ။


    မိဘတွေအတွက် မြေကွက်တွေကို ကန်ချနာဘူရီဘက်မှာ ဝယ်ယူထားတာဖြစ်တယ်လို့ ဆွန်ရက်က အသိပေးပါတယ်။


    အဲ့ဒီလို မြေကွက်တွေ ပိုင်ဆိုင်ထားပြီးပြီဖြစ်လို့ ဒီပွဲမှာသာ ဘောနပ်စ် ရခဲ့မယ်ဆိုရင် မိဘတွေအတွက် အိမ်တစ်လုံးဆောက်ပေးချင်ကြောင်း ဆွန်ရက်က ပြောကြားသွားခဲ့ပါတယ်။

    3 min
  • အောက်တိုဘာလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်မြို့မှာ MPT ဖုန်းလိုင်းပြန်ရနေပေမယ့် အသုံးပြုရတာ အဆင်မပြေသေးဘဲဖြစ်နေတဲ့အကြောင်း


    - ပုလော- မြိတ်ကားလမ်း ဖြတ်သန်းသွားလာလို့ ပြန်ရနေတဲ့အခြေအနေ


    - NLD ပါတီက မှတ်ပုံတင်လျှောက်လာရင် ခွင့်ပြုပေးဖို့ စစ်‌ကောင်စီက လျှို့ဝှက်ညွန်ကြားထားတာ


    - တနင်္သာရီတိုင်းမှာ မိုးနှစ်ရက်ဆက်ရွာနိုင်တဲ့အကြောင်းအပါအဝင်


    - ဘတ်ရွှေ ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ပရိသတ်တွေမျှော်လင့်နေတဲ့အတိုင်း စိုးလင်းဦးနဲ့ဆက်ဆန် ထိုးဖို့ ပွဲစီစဉ်ပေးလိုက်ပြီ

    ပွဲကတော့ တကယ်ဖြစ်လာခဲ့ပါပြီ။ ဆက်ဆန်နဲ့ စိုးလင်းဦး ကို ONE ဘက်က ပွဲတည်ပေးလိုက်ပါပြီ။


    ပရိသတ်တွေက စိုးလင်းဦးအတွက် နောက်တစ်ပွဲကို ဆက်ဆန်နဲ့ ဖြစ်စေချင်တယ်လို့ တောင်းဆိုနေချိန်မှာပဲ ONE ဘက်က အတိအကျ ပွဲစီစဉ်ပေးလိုက်တာဖြစ်ပါတယ်။


    ဒီပွဲဟာ ONE အတွက် စိုးလင်းဦးက ပုံရိပ်မြင့်တဲ့ ကစားသမားတစ်ယောက်၊ ဈေးကွက်အရ အကျိုးအမြတ်ရှိနေတဲ့ ကစားသမားတစ်ယောက်ဆိုတဲ့တွေးဆချက်ကိုလည်း ပိုပြီး ခိုင်မာသွားစေခဲ့ပါတယ်။


    နာဘီးလ် လို ဖိုက်တာတစ်ယောက်ကို အရေးနိမ့်လိုက်ပေမယ့် နောက်ထပ်ဖိုက်တာကောင်းတစ်ယောက်နဲ့ စိုးလင်းဦးကို ထပ်ပြီး ပွဲတည်ပေးလိုက်တာဟာ ONE ဘက်ကနေ စိုးလင်းဦးကို ယုံကြည်ချက် မြင့်မြင့်မားမား ထားရှိနေလို့ပဲဖြစ်ပါတယ်။

    3 min
  • ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ Miss Grand ဟေတီ

    မြန်မာပရိသတ်တွေအကြားမှာ အရမ်းပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ Miss Grand International ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိသွားခဲ့တဲ့ အလှမယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်၊ အဲ့ဒီအလှမယ်ကတော့ Miss Grand ဟေတီ ရှိုင်ကာ လော်ဗင်းဂျီ ကာဒက် ပါပဲ။


    မြန်မာနိုင်ငံဆီက အမှန်တရားကို လိုလားတဲ့၊ စစ်ကို ရွံမုန်းတဲ့၊ တရားမျှတမှုကို မြတ်နိုးတဲ့ ပရိသတ်တွေကလည်း ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေမှုတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်အသိပေးသွားခဲ့သူ ဟေတီအလှမယ်ကို အားပေးထောက်ခံခဲ့ကြပါတယ်။


    ဟေတီအလှမယ်ကလည်း ဒီအလှမယ်ရွေးပွဲကို သူမ ရောက်လာရတာဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်၊ ဘယ်လိုတွေရင်ဆိုင်နေရတယ်ဆိုတာ ကမ္ဘာက သိသွားစေချင်တာကြောင့်ပဲဖြစ်တယ်။


    ဆုမရခဲ့ရင်လည်း ဟေတီ ဘာဖြစ်နေတယ်ဆိုတာကို သူမ တတ်နိုင်တဲ့နည်းလမ်းတစ်ခုနဲ့ ကမ္ဘာကသိအောင် လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

    3 min
  • အောက်တိုဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မှာ ဥယျာဉ်ခြံရှင်းခ ဈေးဆက်တိုက် တက်လာတဲ့အကြောင်း


    - ထားဝယ်ခရိုင်တစ်ခုလုံး စနေနေ့မှာ ၆ နာရီအကြာ လျှပ်စစ်မီးပြတ်မယ့်သတင်း


    - ထားဝယ် စက်သုံးဆီဘောမီးလောင်မှု သေဆုံးသူ ၉ ဦးအထိရှိလာတဲ့အကြောင်း


    - ရန်ကုန်ထားဝယ်လမ်းပိုင်းမှာ အိမ်စီးကားမှောက်လို့ ငါးဦးဒဏ်ရာရသွားတဲ့သတင်း


    - ထိုင်းမှာဆေးကုသစရိတ်မပေးနိုင်လို့ဆိုပြီး မြန်မာဇနီးမောင်နှံက ကလေးပါခေါ်ပြီး ထွက်ပြေးတဲ့အကြောင်း အပါအဝင်


    - ထားဝယ်ဈေး‌ကွက်ရဲ့ ဘတ်ရွှေ ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • အောက်တိုဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - အရပ်သားခြောက်ဦး သ တ်ဖြတ်ခံရမှု စုံစမ်းစိစစ်နေတယ်လို့ KTLA တုံ့ပြန်တဲ့သတင်း


    - ပုလော ကျောက္ကာရွာလှေမြုပ်မှု ကိုးလောင်းထပ်တွေ့ပြီး ပျောက်ဆုံးသူရှိနေဆဲ အခြေအနေ


    - လောင်းလုံးမှာ စစ်ကောင်စီတပ်က သ တ်သွားတဲ့အလောင်းနှစ်လောင်းထပ်တွေ့တဲ့ အကြောင်း


    - ပတ္တယားကမ်းခြေက စားသောက်ဆိုင်တွေထဲ ဝင်တောင်းရမ်းတယ်ဆိုတဲ့ မြန်မာနှစ်ဦးအဖမ်းခံရတဲ့အခြေအနေ


    - ကမ္ဘောဒီးယားသတင်းစာဆရာ အဖမ်းခံရပြီး သုံးပတ်ကြာတဲ့အထိ ပြန်မလွတ်သေးတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • အောက်တိုဘာလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ပုလော ပင်လယ်ပြင် လှေမှောက်မှု ခရီးသည် ၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ အခြေအနေ

    - ရက်ရှည်ဖြစ်နေတဲ့ တိုက်ပွဲကြောင့် မြိတ်-ပုလော ကားလမ်းပိတ်နေပြီး စပိဘုတ်နဲ့ သွားလာနေရတဲ့အကြောင်း

    - တနင်္သာရီတိုင်းမှာ ခြောက်ရက်ဆက် မိုးရွာနိုင်တဲ့ အခြေအနေ

    - ထားဝယ်ထောင်က နိုင်ကျဥ်းတစ်ဦး လေဖြတ်ရောဂါနဲ့ သေဆုံးသွားတဲ့အကြောင်း

    - ရေးမြို့နယ် စံပြရွာက စစ်ကောင်စီစခန်းကုန်းကို ဝင်တိုက်ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိခဲ့တဲ့သတင်း

    - ဈေးဝယ်စင်တာထဲ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ရေးသူက အကောင့်ပိုင်ရှင်မြန်မာလူမျိုး မဟုတ်ဘူးလို့ ထိုင်းရဲပြောတဲ့အကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • ထူးထူးခြားခြား အားကစားသတင်းများ

    အခုတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အားကစားသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။


    လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လာခဲ့လို့ ဘောလုံးပွဲတွေကိုလည်း စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့ပြီဖြစ်သလို ONE ဘက်မှာကလည်း ပွဲကောင်းတွေ ရှိလို့နေပါတယ်။


    (၁) လူဝင်ရောက်ကြည့်ရှုမှုအများဆုံးဝက်ဘ်ဆိုက်အဖြစ် ၈ နှစ်ဆက် ရပ်တည်နေဆဲ ရီးရဲလ်မက်ဒရစ်


    (၂) သမီး လက်ထပ်သွားပြီဖြစ်လို့ မော်ရင်ညို ယောက္ခမနေရာ ရောက်သွားခဲ့ပြီ


    (၃) ဆွီဒင်ခရီးစဉ်မှာ မုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမ်ဘတ်ပေ


    (၄) စီရော်နယ်ဒိုဟာ ဂိုး ၁,၀၀၀ ပြည့်ဖို့ ၉၃ ဂိုးပဲ လိုတော့တယ်


    (၅) အေလာဘာရဲ့ ကစားသမားဘဝ ဒဏ်ရာကြောင့် ဆုံးခန်းတိုင်တော့မလား

    7 min
  • ⁨လှုပ်လှုပ်ခတ်ခတ် ONE Fights သတင်းများ

    အခုတစ်ပတ်ထဲမှာ အလှုပ်အခတ်များပြားခဲ့တဲ့ ONE Fights နဲ့ MMA သတင်းလေးတွေကို Dawei Watch ရဲ့ပရိသတ်တွေအတွက် စုစည်းတင်ဆက် ပေးလိုက်ပါတယ်။ 


    (၁) မြန်မာဖိုက်တာ အဲ့မွီနဲ့ ဆွန်ရက်တို့ ဘယ်ဖိုက်တာတွေနဲ့ ထိုးရမလဲ 


    (၂) ရှုံးပွဲကြုံသွားတဲ့ ချင်းဖိုက်တာ တီရယ်လ်ထန် 


    (၃) ဖိုက်တာဘဝကနေ အနားယူပြီလို့ ကြေညာလိုက်တဲ့ တက်သစ်စဖိုက်တာ စောစံမြှား

    6 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၁၃ ရက်နေ့ကနေ အောက်တိုဘာလ ၁၉ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။